Misaki သူမ၏မျက်လုံးတွေကို ဖွင့်လိုက်ရင်း မှောင်မဲသည့်အခန်းတစ်လျှောက် ဝေ့ဝိုက်ကြည့်မိသည်။ ကုတင်ပေါ်တွင် ခွေအိပ်နေရင်းမှ သူမ၏ခါးနှင့်ဝမ်းဗိုက်မှ စူးအောင့်သည့်နာကျင်မှုကို ခံစားလိုက်ရသည်။ ငါဒါကို သိနေတယ်နော်။ ရောက်ရောက်ချင်း မိန်းကလေးကိစ္စကြောင့် မထနိုင်လောက်အောင် နာရတယ်လို့။
Misaki အသက်ကိုဝဝရှူလိုက်ပြီး ချိနဲ့နွမ်းနယ်နေသည့်ခန္ဓာကိုယ်ကို သယ်ကာ ကုတင်ထက်မှဆင်းလိုက်သည်။ မီးခလုတ်ရှိမည့်နေရာကို စမ်းလျှောက်သွားလိုက်ရင်း အခန်းကိုလင်းစေသည်။ ရှုပ်ပွနေသည့် ထိုအခန်းမှာ မိန်းကလေးတစ်ယောက်နေသည်ဟုပင် ထင်ချင်စရာမရှိ။ တွဲလီတွဲလောင်းဖြစ်နေသော အဝတ်များ၊ အမှိုက်တို့ရှုပ်ပွနေသောကြမ်းပြင် မီးဖိုချောင်ထဲတွင်လည်း မဆေးရသေးသော ပန်းကန်များ၊ စားလက်စ အသင့်စားခေါက်ဆွဲဗူးများကလည်း ရှိနေသေးသည်။ ကိစ္စမရှိပါဘူး သူလည်းဒီလောက် သန့်ရှင်းသပ်ရပ်တဲ့လူမှမဟုတ်တာ။ အရမ်းကြီးအသန့်ကြိုက်တာလည်း စိတ်ရောဂါပဲ။ သူကစိတ်ကျန်းမာတယ်။
လောလောဆယ်တော့ အရေးကြီးတာ အရင်လုပ်ရမယ်။ ရေချိုးခန်းထဲဝင်ကာ ရေနွေးနွေးလေးနှင့် သူမ၏ခန္ဓာကိုယ်ကိုဆေးကြောသန့်စင်လိုက်သည်။ တကယ်ကို ရေနွေးက ခန္ဓာကိုယ်အတွင်အကောင်းဆုံးပဲ။ ရေချိုးခန်းထဲမှထွက်လာပြီးနောက် Misaki လန်းဆန်းတက်ကြွကာ သန့်ရှင်းေရးလုပ်ဖို့ အင်အားအပြည့်ဖြစ်နေသည်။ မီးဖိုချောင်ထဲကို အရင်ဝင်ကာ ရေနွေးတစ်အိုးတည်လိုက်ပြီး ရာဘာလက်အိပ်စွပ်၍ ပန်းကန်များကို အရင်ဆေးလိုက်သည်။ ထမင်းစားပွဲပေါ်က စားလက်စများကို အမှိုက်အိတ်ထဲသို့ သိမ်းကျုံးထည့်လိုက်ပြီး သန်းရှင်းရေးပင် လုပ်လိုက်သေးသည်။ ရေနွေးဆူဆူထဲကို အညိုရောင်သကြားအနည်းငယ်နဲ့ ဂျင်းအချို့ထည့်ထားခဲ့ပြီး အိပ်ခန်းသန့်ရှင်းရေးလုပ်လေသည်။
အေးလွန်းတဲ့ဆောင်းညမှာ သူမတစ်ယောက်တည်း သန့်ရှင်းရေးလုပ်ရင်း ချွေးဒီးဒီးကျနေသည်။ နောက်ဆုံးတော့ နေ့လို့ရသွားပြီ။ သန့်ရှင်းလုပ်ပြီး၍ ပြောင်လက်နေသော အခန်းကိုတစ်ချက်ကြည့်လိုက်ပြီး ရေနောက်တစ်ခေါက်ချိုးဖို့ ပြင်ရသည်။ ချွေးတွေစေးကပ်နေတဲ့ခန္ဓာကိုယ်နှင့် အခုလေးတင်မှအသစ်လဲထားသော အိပ်ရာခင်းပေါ်တွင် မအိပ်ချင်ပါ။ ပြီးတဲ့နောက်မှတော့ အနည်းငယ်အေးသွားပြီဖြစ်သော သူမ၏သောက်စရာကို နှာခေါင်းပိတ်ကာ တစ်ကျိုက်တည်းမော့လိုက်သည်။ အဝင်ဆိုးပေမယ့် မသောက်ရင်ဒီတစ်ညလုံး အိပ်လို့ရမှာမဟုတ်ဘူး။
VOUS LISEZ
How to Flirt with the final boss
Fantasyအပြာရောင် hydrangeasတွေရဲ့အဓိပ္ပါယ်ကခွင့်လွှတ်မှုကိုတောင်းခံခြင်းတဲ့ နောက်ကျမှမင်းဆီကိုရောက်လာနိုင်တဲ့အတွက် တောင်းပန်ပါတယ် ကောင်လေး