"သူ့အကြောင်းက ပြောပြတော့ရော မင်းနားလည်မှာကျလို့" Kazura ကသရော်ဟန်အပြည့်ဖြင့် ပြောလိုက်၏။ ဘာက မတူတာလဲ မပြောနိုင်ပေမယ့် သူကမှတကယ့်မိစ္ဆာအရှင်ပါ။ မိုးမြေအဆုံး လျှောက်သွား လည်ပတ်ဖူးတာမို့ ဒီအရှင်သခင် မသိနိုင် နားမလည်နိုင်တာမျိုးက အတော်ကိုရှားရှားပင်။ ကမ္ဘာကြီးကထင်တာထက်ပိုကျဉ်းပြီး ခြေလှမ်းတွေက မသိလိုက်ခင်မှာပဲ ဒီလမ်းတွေပေါ်မှာ ထပ်ကာထပ်ကာလျှောက်ပြီးသား ဖြစ်နေပြီ။
"ဒီအယောင်ဆောင်နှစ်ကောင်ကိုပါ ခေါ်ပြီး လာရာလမ်းကိုပြန်တော့"
Misaki က လူငယ်လေး Kazura ကိုတစ်ချက်ကြည့်လိုက်ပြီးမှ
"ဘယ်လိုပြန်ရမလဲ ကျွန်မမသိဘူး" systemကိုလည်း ဆက်သွယ်လို့မရဘူး။ ပြီးတော့ ဒီနှစ်ယောက်ကလည်း တကယ်ပဲ william ၏ဝိညာဉ်အပိုင်းအစတွေဆိုလျှင် ဒီတိုင်းထားခဲ့လို့မရပေ။ သူမနှင့်အတူ အပါခေါ်နိုင်မှ ဖြစ်မည်။
Kazura က မထူးဆန်းသလို ပုခုံးတွန့်လိုက်ပြီး ကျောက်ဖျာထက်ပြန်လှဲလိုက်သည်။
"ဒါဆိုလည်း မင်းဒီအထိဘယ်လိုရောက်လာသလဲပဲ ပြောပြတော့ ဒီအရှင်သခင်က နည်းလမ်းတစ်ချို့တစ်လေများ လမ်းညွှန်ပေးနိုင်မယ်ထင်တာပဲ"
"ပြုတ်ကျလာတာလေ" တစ်ချိန်တည်းမှာတင်ရှုံ့မဲ့သွားသော ကလေးလေးနှင့် လူငယ်လေး၏မျက်နှာအား သတိထားမိလိုက်သည်။ ပိုအသေးစိတ်သော အကြောင်းအရာတို့ကို ပြောပြပြီးလေလေ အဆိုပါနှစ်ဦးသား၏တုန့်ပြန်ပုံတွေဟာ ချွတ်စွတ်တူလာလေပင်။
လှဲအိပ်နေသော Kazura ကသာ ပိုမိုပျင်းရိလာသည့်မျက်နှာထားဖြင့် နားထောင်နေသည်။
"သည်လောက်ဆို ရပြီမလား မင်းနဲ့ပတ်သတ်တဲ့လူတွေကို အကုန်ခေါ်သွားတော့ သူတို့ကလမ်းပဲ"
ရုတ်ခြည်းဆိုသလို ဂူမျက်နှာကျက်သည် ကြောက်မက်ဖွယ်မြည်ဟီးသံနှင့်အတူ တုန်ခါလာ၏။ အခုနေသွားကိုသွားရမည်ဆိုတာကိုသိပေမယ့် ထူးဆန်းသည့်အလင်းတန်းပြာပြာက ဂူတစ်လုံးကို လင်းထိန်သွားစေသည်။
![](https://img.wattpad.com/cover/219996277-288-k401405.jpg)
STAI LEGGENDO
How to Flirt with the final boss
Fantasyအပြာရောင် hydrangeasတွေရဲ့အဓိပ္ပါယ်ကခွင့်လွှတ်မှုကိုတောင်းခံခြင်းတဲ့ နောက်ကျမှမင်းဆီကိုရောက်လာနိုင်တဲ့အတွက် တောင်းပန်ပါတယ် ကောင်လေး