နောက်တစ်ကြိမ် Misaki သတိရလာချိန်မှာတော့ သူမဟာ space ထဲကို ပြန်လည်ရောက်ရှိနေပြီ။ system ၏ ဆူပူသံများဟာလည်း တရစပ်ကြားလာရတော့သည်။
"ဖြည်းဖြည်းချင်းပြောရအောင် ဘာကဘယ်လိုဖြစ်တာလဲ"
System: ကျွန်တော်တို့ဘက်မှာ ပြသနာတစ်ခုရှင်းနေတုန်း ရုတ်တရက် host နဲ့ပါ အဆက်အသွယ်ပြတ်သွားတာပါ ဒီအတောအတွင်းအဆင်ပြေပါရဲ့လား
"ပြေတာမို့လို့ ဘာဖြစ်သွားပြီလဲ ကြည့်ရအောင်"
သူမရဲ့လေးခုမြောက်သောတာဝန်ဟာ ပြီးဆုံးသည်လည်းမဟုတ်။ မအောင်မြင်ဟုလည်းမဆိုနိုင်။ သူမကယ်ခဲ့သော ဇာတ်လိုက်အကျော်အမော်နှစ်ယောက်မှာပေါင်းစည်းသွားပြီးနောက် ကောင်းကင်ဘုံက မျက်ကွယ်ပြုမထားတော့ပေ။အရင်ရာထူးအဆင့်အတိုင်းပြန်လည်ရောက်ရှိသွားပြီးအမြင်မှန်လည်းရကုန်ကြပြီဖြစ်သည်။ မျှတစွာဖြင့် ကိုယ်စီတာဝန်များထမ်းဆောင်းရင်း အချိန်အကြာကြီးအဖော်ပြုနေထိုင်သွားကြ၏။ အဓိကဇာတ်ကောင်နှစ်ယောက်ပေါင်းစည်းတာ ပုံမှန်ပဲမလို့ ထူးဆန်းမနေပါပေ။
Misaki သိချင်သည်က ထိုကမ္ဘာကနေသူမဘယ်လိုထွက်လာခဲ့ရသလဲနှင့် Kazura ၏စိတ်အခြေအနေပင်။ သူသည် ကြံ့ခိုင်ပုံပေါ်သော်လည်း ထိုမျက်နှာဖုံး၏အောက်တွင် ကလေးဆန်လွန်းသောစိတ်တစ်ခုလည်းရှိနေသေးရာ ရုတ်တရက် သူမထွက်လာပြီးနောက် Kazura တစ်ယောက် ဘယ်လိုများ ရှင်သန်ကျန်ရစ်ပါသနည်း။
နှစ်အချို့အကြာတွင် ကောင်းကင်ဘုံအား ကိုင်လှုပ်ခဲ့သည့် မိစ္ဆာကျင့်ကြံသူအကြောင်းကို တွေ့လိုက်ရသည်။ အနက်ရောင်ဝတ်ရုံအပြင် ထိုလူ၏လက်ကောက်ဝတ်မှ ရင်းနှီးနေသော နှင်းဆီရိုး။ အတိအကျကို ကောင်းကင်ဘုံ၏ အညှီအဟောက်ဇာတ်လမ်းမှန်သမျှအား ရှင်းထုတ်ပစ်ခဲ့သည်။ နတ်ဘုရားတို့ရဲ့ဧကရာဇ်ကိုပင် ဖြုတ်ချကာ နန်းဆောင်တို့အား မီးလောင်တိုက်သွင်းခဲ့သည်။ ထို့နောက်တွင် ထိုမိစ္ဆာသည်လည်း အစအနမကျန် ပျောက်ကွယ်သွား၏။ ဇာတိဇစ်မြစ်ကိုမသိရသလို ဘယ်အရပ်ဝယ်ရှိနေမှန်းမသိသော မိစ္ဆာတစ်ယောက်ကြောင့် ကောင်းကင်ဘုံဟာ သန့်ရှင်းသွားချေပြီ။
![](https://img.wattpad.com/cover/219996277-288-k401405.jpg)
YOU ARE READING
How to Flirt with the final boss
Fantasyအပြာရောင် hydrangeasတွေရဲ့အဓိပ္ပါယ်ကခွင့်လွှတ်မှုကိုတောင်းခံခြင်းတဲ့ နောက်ကျမှမင်းဆီကိုရောက်လာနိုင်တဲ့အတွက် တောင်းပန်ပါတယ် ကောင်လေး