"Hello Maiya ကိုယ် Damianပါ မင်းပြောတာမှန်တယ် Mr Jordanက Jennie နဲ့ Andrew နဲ့ကိုမွေးစားထားတာ ဒါပေမယ့် ဒီအမှုနဲ့အဲ့ကိစ္စနဲ့ဘာဆိုင်လို့လဲ ကိုယ်နားမလည်ဘူး"
(AN- Andrew ကဒီကမ္ဘာရဲ့ဇာတ်လိုက်ပါနော် Jennie ဆိုတာ rapeခံရတဲ့ကျောင်းသူရဲ့နံမည်ပါ သူတို့ကမောင်နှမပါနော်)တစ်ဖက်ကအမျိုးသမီးငယ်ကတော့ သူမစိတ်ကူးနဲ့သူမပျော်မွေ့နေသည်။ တစ်ချက်တစ်ချက် ရယ်သံလွင်လွင်လေးကိုပါ ကြာရတတ်သည်။အတန်ကြာပြီးမှသူမကစကားဆက်သည် ။
"သဲလွန်စတစ်ခုပြောပြမယ် ဒီအမှုကိစ္စမှာအစအဆံုးဘယ်သူကအကျိုအမြတ်ရလိုက်ဆုံးလဲ"
"Mr Jordan လားသူ့ရဲ့မွေးစားသမီးအတွက် ကျောင်းကပေးတဲ့လျော်ကြေးငွလည်းရမယ် အခုေတာ့သတင်းကပေါက်ကြားသွားတော့ ကျောင်းရဲ့ရှယ်ယာတွေလည်းဈေးကျကုန်ပြီ ကျောင်းကကိုယ်တို့ကြောင့်ထင်နေတာ"
" မနေ့က Mr Jordanတစ်ယောက်ကျောင်းရဲ့ရှယ်ယာတွေ လိုက်ဝယ်နေတယ်တဲ့ ဒီလိုဈေးကျနေတဲ့အချိန်မျိုးမှာလေ နောက်တစ်ခုက rapeခံရတဲ့ကျောင်းသူကိုရှင်တို့အခုထိမတွေ့ဖူးသေးဘူးမလား စစ်ဆေးတုန်းကလည်း မိသားစုဆရာဝန်ကပဲ ဟုတ်မှန်ကြောင်းအတည်ပြုပေးတာလေ"
"မင်းပြောချင်တာက ...ကိုယ်နားလည်ပြီ ကိုယ်အခုပဲ Mr Jordanတို့အိမ်ကိုစောင့်ကြည့်ဖို့ လူလွှတ်ထားလိုက်မယ် ဒါနဲ့ ဒါတွေကို မင်းကဘယ်လိုသိတာလဲ မင်းအတွက်အန္တရယ်မဖြစ်ဘူးလား"
" တာဝန်ကျေလိုက်ပါဦး သူငယ်ချင်းကြီး" ဒါဟာ သူမပြန်ဖြေတဲ့စကားအကုန်ပဲ။ဖုန်း screen ကိုကြည့်လိုက်ရင်း Damian စိတ်လိုလက်ရပြုံးမိသည်။ ဒီအမျိုးသမီးက အသက်ငယ်သလောက်အရမ်းကြာက်ဖို့ကောင်းလွန်းတယ်။ သူမဘာတွေတွေးနေမှန်း ခန့်မှန်းလို့မရဘူး။ သူမဘေးနားက ဟိုလူလိုမျိုး။ ဘာပဲပြောပြော သူ့ကိုကူညီတဲ့အတွက် နောင်တစ်ချိန်မှာသေချာပေါက်သူပြန်ကူညီပါ့မယ်။
စာအုပ်တွေဖြည့်ရမယ်ဆိုပြီးနှုတ်ဆက်သွားကတည်းက Nicolasကိုမတွေ့ရတော့သည်မှာ သုံးရက်လောက်ပင်ရှိပြီ။ ဒီသုံးရက်အတွင်း Misaki ကျောင်းရုံးခန်းထဲကိုခဏ ခဏခိုးဝင်သည်။ စာရွက်စာတမ်းတွေရော File တွေပါ တစ်ခုမကျန်ကူးသည့်သည်ကိုကူး မှတ်သင့်သည်ကိုမှတ်ထားလိုက်သည်။ ကျောင်းရုံးခန်းဆိုတာလည်း သူမလိုဆရာမအသစ်အတွက်တားမြစ်နယ်မြေဖြစ်သောကြောင့် ပေါ်ပေါ်ထင်ထင် သွားလို့မရပေ။ အထူးသဖြင့် Nicolas မရှိခြင်းက သူမရဲ့ဂန္တဝင်မြောက်ခိုးယူခြင်းအား အောင်မြင်အောင်လှုံဆော်ပေးလိုက်သလိုပင်။ Damianကိုပေးလိုက်သည့် သဲလွန်စမှန်သမျှသည်လည်း ထိုရုံးခန်းမှခိုးလာသည့်အချက်အလက်များဖြစ်သည်။
YOU ARE READING
How to Flirt with the final boss
Fantasyအပြာရောင် hydrangeasတွေရဲ့အဓိပ္ပါယ်ကခွင့်လွှတ်မှုကိုတောင်းခံခြင်းတဲ့ နောက်ကျမှမင်းဆီကိုရောက်လာနိုင်တဲ့အတွက် တောင်းပန်ပါတယ် ကောင်လေး