After Arc 2

5.4K 575 7
                                    

Misaki မျက်စိမှိတ်ထားရင်း သူမရဲ့ဝိညာဉ်ကိုစုပ်ယူနေသလို ခံစားလိုက်ရတယ်။ သူမနဲ့မရင်းနှီးတဲ့ ဟိုးအဝေးတစ်နေရာကို စွန့်ပစ်ခံရတယ်ဆိုတဲ့ အိမ်မက်ရှည်ကြီးက အဆုံးသတ်မရှိဘူး။ လေအေးတွေက ခန္ဓာကိုယ်အထဲထိ စိမ့်ဝင်လာသလိုပဲ။ သူမရဲ့နဖူးထက်မှာ ချွေးစေးတို့တွဲခိုနေပြီး အသက်ရှူသံဟာလည်း ပြင်းလာတယ်။ အသံလည်းမထွက်နိုင်ဘူး တစ်စုံတစ်ခုကလည်ပင်းနားမှာတားဆီးထားတယ်။

အတန်ကြာမှာတော့ system ရဲ့စက်ရုပ်သံကြောင့် သူမမျက်လုံးတွေကို အသည်းအသန်ဖွင့်ကြည့်မိသည်။ သူမ space ထဲပြန်ရောက်နေပြီ

"ဘယ်လိုဖြစ်တာလဲ ငါဆေးရုံမှာရှိနေရမှာမလား"

System: ကျွန်တော်တို့ဘက်မှာ ပြသနာလေးတွေရှိနေလို့ ရုတ်တရက် ထွက်ခွာခဲ့ရပါတယ် စိတ်မကောင်းပါဘူး

‌"ဘယ်လိုဖြစ်သွားပြီလဲ"

System: နောက်ကမ္ဘာတစ်ခုကိုပဲသွားလို့ရပါတော့မယ်

"အင်း"

Ryo ဟာ သူမရဲ့ခန္ဓာကိုယ်ကို ပွေ့ချီထားရင်း အသည်းအသန်ပြေးနေသည်။ အမြဲလိုလို မျက်နှာသေနှင့်ဖြစ်နေခဲ့တဲ့ကောင်လေးရဲ့မျက်နှာက ဒီတ်ခါတော့ စိုးရိမ်နေသလိုပဲ။ ခွဲစိတ်မှုကမအောင်မြင်ဘူး။ သွေးထွက်လွန်တယ်တဲ့။ အဖေကတော့ Ryo ကို သနားသလိုကြည့်နေတယ်။ ကောင်လေးကတော့ အဲ့မျက်ဝန်းတွေကို ခံစားမိပုံမပေါ်ဘူး။ သူ့အကြည့်တွေက ငါရှိတဲ့အခန်းထဲကိုပဲရောက်နေတယ်။ အသက်မဲ့တဲ့ခန္ဓာကိုယ်ဘေးမှာ Ryo က စကားတစ်ခွန်းမဆိုဘဲရပ်နေတယ်။ ငါမြင်နေရတယ် သူ့မျက်ဝန်းထဲက အပြစ်တင်မှုတွေနဲ့ အပြစ်ရှိသလိုခံစားချက်တွေ။

နောက်ဆုံးတော့ ငါ့ဈာပနပွဲလည်းပြီးသွားပြီ။ Ryo ကငါ့အခန်းမှာ လာနေနေတယ်။ ကောင်လေး မင်းအခန်းက မျက်နှာချင်းဆိုင်မှာလေ။ အခန်းမှားနေပြီ။ Yuuki က Arwen ရော အဖေဆီကရော နွေးထွေးမှုတွေရခဲ့တယ်။ Rosey ကလည်း အမေရင်းတစ်ယောက်လို ငါ့ကလေးအနားမှာနေပေးတယ်။ အချိန်ကအရာရာတိုက်စားသွားသင့်ပြီလေ အိမ်ကဘာလို့ဒီလောက်တိတ်ဆိတ်နေတာလဲ။ Yuuki 18နှစ်မှာ Ryo က သူ့ကိုမွေးစားလိုက်တယ်။ အမွေဆက်ခံသူအဖြစ်လွှဲပေးပြီး သူကတော့ငါ့အခန်းထဲမှာပဲ နေနေတယ်။ မွေးနေ့တွေရောက်တိုင်း ငါ့အခန်းထဲမှာ သူကိုယ်တိုင်လုပ်ထားတဲ့ကိတ်နဲ့ဖယောင်းတိုင်တစ်တိုင်။ မကြာခဏ ငါ့အုတ်ဂူဆီကိုလည်း အမြဲလာတယ်။ နှင်းဆီပန်းတွေအစား ပွင့်ဖတ်လှလှလေးတွေနဲ့ hydrangeas အပြာရောင်လေးတွေကို ယူလာတတ်တယ်။

How to Flirt with the final bossWhere stories live. Discover now