စံအိမ်ရှေ့မှာရပ်နေမိရုံနဲ့တင် ရင်းနှီးတဲ့အငွေ့အသက်တွေက ကြိုဆိုနေတယ် သူမကြီးပြင်းခဲ့ရာနေရာ သူမရဲ့ငယ်ဘဝတစ်လျှောက်သဘောအကျဆုံးနေရာ အခုလည်းသဘောကျဆဲပဲ။ တစ်သက်လုံးဒီအိမ်မှာဘာအလုပ်မှမလုပ်ဘဲကပ်နေလို့ရရဲ့သားနဲ့ ဘာလို့များယောက်ျားယူလိုက်မိတာလဲ!! ငါတော်တော်ကိုရူးမိုက်ခဲ့တာပဲ!!
"ဘယ်သူကငါ့အိမ်ထဲကို ခွင့်ပြုချက်မရှိဘဲဝင်လာတာလဲ" ခပ်မာမာအသံနဲ့အတူ ကြည့်ကောင်းဆဲ သန်မာဆဲဖြစ်သော သူမအဖေကဆီးကြိုနေတယ် ဒီလူကြီးကသူမွေးထားတဲ့သမီးနဲ့အပြိုင် စိတ်ကောက်နေတာပဲ
Misaki သူမအဖေရဲ့ရင်ခွင်ထဲကိုပြေးဝင်သွားလိုက်သည်။ သူမ့ဘဝမှာ နောင်တအရဆုံးကိုပြောပါဆိုလျှင် ဟိုမကောင်းတဲ့လူကိုကြိုက်မိပြီး အဖေကိုပုန်ကန်ခဲ့တာကိုပဲ တစ်ခါမှအဖေ့ဆီပြန်မလာခဲ့ဘူး သေလောက်အောင်ပင်ပန်းခဲ့လည်း ဟိုအကောင့်နားမှာတွယ်ကပ်နေခဲ့တယ် တစ်ချိန်ချိန်မှာတော့သူမကိုဂရုစိုက်လာလိမ့်မယ်ထင်ခဲ့တာ နေရာတိုင်းက ဇွဲရှိလည်းမကောင်းဘူးဆိုတာ သူမဘဝကသက်သေပဲ
"အဲ့တော့ ကိုယ့်အမှားကိုသိပြီလား ဒီလောက်ခက်ခဲ့နေခဲ့ရင်လည်း စောစောစီးစီးပြန်လာခဲ့ပေါ့" လူအိုကြီးဟာ သူ့သမီးအဖြစ်ကို အားမလိုမရဖြစ်ကာ ဝမ်းနည်းနေတော့တယ်
"အခုပြန်လာပြီပဲ အဖေကမှလာမခေါ်တာ ကိုယ့်သမီးကိုယ်ဂရုမစိုက်ပဲ ပစ်ထားပြီးတော့.."
တကယ်တော့ တစ်ခါမှပစ်မထားဖူးပါဘူး သူမကိုအဆင်ပြေလား အမြဲမေးတယ် သူမကိုယ်တိုင်ကိုက ဒုက္ခကိုကျေနပ်နေခဲ့မိလို့။ အက်စီးဒင့်မဖြစ်ခင်က ကွာရှင်းစာချုပ်မှာလက်မှတ်အတင်းထိုးခိုင်းတုန်းက ဝမ်းနည်းလွန်းလို့ မယုံကြည်နိုင်လွန်းလို့ အဖေ့ကိုဖုန်းဆက်ခဲ့တယ် အဆင်မပြေရင်ပြန်လာခဲ့လို့ပြောပေမယ့် ဒီအရူးမကတော့ဆက်ပြီး ရူးမိုက်ဆဲပဲ ယောက်ျားတစ်ယောက်အတွက်နဲ့ဘာမှမမြင်နိုင်ခဲ့ဘူး ဒီအခွင့်အရေးမှာတော့ သေချာပေါက် ငါမရှုံးစေရဘူး
"ဘာလုပ်ဖို့ဆုံးဖြတ်ထားလဲ ကွာရှင်းပြီးပြီဆိုတော့ သမီးလက်လျော့လိုက်တော့မှာလား သူ့ကို"
ESTÁS LEYENDO
How to Flirt with the final boss
Fantasíaအပြာရောင် hydrangeasတွေရဲ့အဓိပ္ပါယ်ကခွင့်လွှတ်မှုကိုတောင်းခံခြင်းတဲ့ နောက်ကျမှမင်းဆီကိုရောက်လာနိုင်တဲ့အတွက် တောင်းပန်ပါတယ် ကောင်လေး