ဒီပန်ဒါပေါက်စနဲ့ပတ်သတ်ပြီး မကျေနပ်တဲ့လူရယ်လို့ မရှိပေမယ့် တစ်ခြားအတန်းတွေကတော့ သူမတို့အပေါ် ယှဉ်ပြိုင်ချင်စိတ် အလွန်ပြင်းထန်နေပုံရသည်။ ဒီကြီးကျယ်လှတဲ့ဟိုက်ပါအခန်းရဲ့ သားရဲထိန်းကျောင်းသူက ဘယ်လိုပုံစံဖြစ်နေမလဲ သိချင်စိတ်ကို မအောင့်ထားနိုင်ပေ။
သို့နှင့် အတန်းနားချိန်ကိုစောင့်ကာ အိပ်မပျော်နေမည့်သူကို အရှာထွက်လာကြသည်။ သားရဲထိန်းကျောင်းသူတွေက အိပ်စက်ရန်မလိုအပ်ဘဲ အိပ်ပျော်နေသည့် သားရဲတစ်ချို့ကို စောင့်ကြပ်ပေးကြရသည်။ ဆိုတော့ကာ အဲ့အခန်းထဲကို တစ်ချက်ဝေ့ကြည့်ရုံနဲ့တင် သားရဲထိန်းကျောင်းသူက ဘယ်လိုပုံစံမျိုးလဲ တန်းသိနိုင်လေသည်။
ပြိုင်ဆိုင်လိုစိတ်ပြင်းပြကြသူ လူတစ်စုမှာ misaki တို့၏စာသင်ခန်းအပြင်ဘက်တွင် ကုပ်ချောင်းကုပ်ချောင်းလုပ်နေကြသည်။ သူတို့၏စပ်စုချင်စိတ်က သူတို့ရဲ့တာဝန်ကျေပွန်ချင်စိတ်ကို လွှမ်းမိုးသွားတာကြောင့် အိပ်ပျော်နေသည့် သားရဲပေါက်စလေးတွေကို အသာထားပြီး လစ်ထွက်ကာ ဒီနေရာအထိရောက်လာကြတာဖြစ်သည်။
Misaki တစ်ယောက် ပန်ဒါလေးဗိုက်ပူလေးအား ကလိထိုးကာ စနောက်နေသည်။
"သောက်တာဆိုလို့လည်း နွားနို့ပဲရှိတာကို ဘာလို့ဒီလောက် မြန်မြန်ကြီးထွားလာတာလဲ"
အနှီအကောင်စုတ်လေးမှာ သူမစကားကို နားမလည်သဖြင့် မျက်လုံးများဝိုင်းကာ မော့ကြည့်လာသည်။ အကုန်လုံးလည်း အိပ်မောနေကြသည်ဖြစ်၍ misaki လည်း အကျယ်အကျယ်မရှင်းပြချင်ပေ။
"ငါပြောတာ မင်းတအားလေးလာလို့ နောက်ဆိုချီထားလို့ မရနိုင်တော့ဘူးလို့"
Misaki က သူ့အား ဝ၍အပြစ်တင်နေမှန်း နားလည်သွားသောအခါ ပန်ဒါလေးမှာ မပျော်ရွှင်တော့ပေ။ သူ့ဗိုက်ပေါ်တင်ထားသည့် သူမလက်တွေအား ရိုက်ထုတ်လိုက်ပြီးနောက် ကျောပေးကာ လစ်လျူရှုထားလိုက်၏။ သူက ရက်အနည်းငယ်ပဲ အသက်ရှင်ရသေးတဲ့ အကောင်ပေါက်စလေးပါနော်။ လေးတယ်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
ESTÁS LEYENDO
How to Flirt with the final boss
Fantasíaအပြာရောင် hydrangeasတွေရဲ့အဓိပ္ပါယ်ကခွင့်လွှတ်မှုကိုတောင်းခံခြင်းတဲ့ နောက်ကျမှမင်းဆီကိုရောက်လာနိုင်တဲ့အတွက် တောင်းပန်ပါတယ် ကောင်လေး