ကောင်းကင်အထိ အညွန့်တလူလူတက်နေသည့်မီးတောက်တွေအကြား Momoko ကြံ့ကြံ့ခံလျက် ရပ်နေသည်။ အုံကြွပုန်ကန်မှုအကြောင်းက တောမီးအလားပဲ ပျံ့နှံသွားပြီး သားရဲတွေဟာလည်း သူတို့ရဲ့နေရာကိုဆက်လက်ထိန်းသိမ်းဖို့အတွက် ပြင်းပြင်းထန်ထန်ပဲ ဖိနှိပ်ခဲ့လေသည်။ သို့သော် ပုန်ကန်သူတို့၏အင်အားမှာ လျော့နည်းမသွားလေဘဲ မြို့အတွင်းရှိ အပျက်အစီး အထိအခိုက်များသာ များပြားလာလေသည်။
"ကောင်းချီးတွေပြည့်စုံနေတဲ့ဇာတ်လိုက်မပဲကို။ လွယ်လွယ်နဲ့နှိမ်နင်းဖို့က လုံးဝမဖြစ်နိုင်ဘူး"
"ကောင်းချီးရတဲ့ဇာတ်လိုက်မမှာလည်း အခက်အခဲတွေရှိပါတယ်။ ဒီလောက်အထိ ချောမွေ့နေတာကျ host ရိက္ခာတွေ ခိုးထောက်ပံ့ထားလို့ဆိုတာ အသိသာကြီးပဲကို။"
ပုန်ကန်မှုစတင်ကတည်းက သားရဲနှင့် သားရဲထိန်းကျောင်းသူတွေအကြား ပဋိပက္ခလည်း ပိုမိုကြီးထွားလာသည်။ မျိုးနွယ်တူချင်းဖြစ်သည့်တိုင် သားရဲတို့ဟာ ထိန်းကျောင်းသူ၏အထိန်းချုပ်ခံထားရသည်ကို နဂိုထဲက အခဲမကျေကြပေ။ အခွင့်အရေးလေး ရလာသောအခါ နှစ်ခါပင်မစဉ်းစားတော့ဘဲ တွန်းလှန်ကြတော့သည်။ ကြိုတင်တွက်ချက်ထားပြီးဖြစ်သော ထိန်းကျောင်းသူတို့မှာလည်း ခေသူမဟုတ်တာကြောင့် ဌာနဆိုင်ရာအလိုက် ထိန်းကျောင်းသူတို့အား လုံခြုံရေးတင်းကျပ်ထားသည့်နေရာများတွင်သာ ခဏတာပြောင်းရွေ့နေထိုင်စေသည်။ ထို့ကြောင့် လက်ရှ်ိတိုက်ပွဲမှာ အာဏာရခါစ သားရဲနှင့် ဖိနှိပ်မှုကိုမလိုလားသော လူသားတို့အကြားက အားပြိုင်မှုဖြစ်နေပြီး သားရဲထိန်းကျောင်းသူတို့အဖွဲ့အစည်းကတော့ လုံးလုံးလျားလျားပင် လက်ရှောင်နေသည်။ နှစ်ဦးနှစ်ဖက် အသေအကြေ တိုက်ခိုက်ကြပြီဆိုလျှင် အကုန်လုံး အင်အားလျော့နည်းကြကုန်မှာပဲ။ ထိုအခါကျမှ နှစ်ဖက်စလုံးအားအနိုင်ယူပစ်ရန် အကြံအစည်နှင့်ဖြစ်သည်။
သို့သော် misaki ကတော့ ထိုသို့ဖြစ်ခွင့်မပေးနိုင်ချေ။ သူမက လူသားမျိုးနွယ်၏အဖိနှိပ်မခံဘဲ လွပ်လပ်လိုသည့်ဆန္ဒအား အလေးပေးကာ ထောက်ပံ့ပေးလိုသည်။ တစ်ခါတစ်လေလည်း အဘိုးကြီးတွေ စိတ်ချမ်းသာအောင် ဇာတ်လိုက်မကို ထောက်ပံ့ပေးဦးမှပေါ့။ အချိန်ပြည့် ကန့်ကွက်နေရင်ကျ အမြဲမျက်မုန်းကျိုးစရာဖြစ်နေမယ်။
YOU ARE READING
How to Flirt with the final boss
Fantasyအပြာရောင် hydrangeasတွေရဲ့အဓိပ္ပါယ်ကခွင့်လွှတ်မှုကိုတောင်းခံခြင်းတဲ့ နောက်ကျမှမင်းဆီကိုရောက်လာနိုင်တဲ့အတွက် တောင်းပန်ပါတယ် ကောင်လေး