Misaki နောက်ဆုံးကျန်တဲ့အင်အားနဲ့ ဂိုဒေါင်တံခါးကိုတွန်းဖွင့်လိုက်တယ်။ အသက်တောင်မရှူရဲတဲ့အခိုက်အတန့်... တံခါးနောက်ကွယ်မှာ ဘာတွေဖြစ်နေလောက်ပြီလဲ.! မျက်စိစုံမှိတ်ပြီးတံခါးကိုအသားကုန်တွန်းဖွင့်လိုက်တယ်။ အလင်းရောင်ကတောက်ပလွန်းနေတယ်! ဘာတွေဖြစ်နေလဲရှင်းရှင်းလင်းလင်းမမြင်ရဘူး..
တစ်ခန်းလုံးကို မျက်စိတဆုံးကြည့်လိုက်ပြီးနောက် သူမရှာနေတဲ့သူက အခန်းရဲ့မှောင်ရိပ်အကျဆုံးနေရာမှာရပ်နေတယ်။ Misaki ထိုသူဆီကို ပြေးသွားလိုက်ပြီး ခေါင်းအစခြေအဆုံး ထိခိုက်ဒဏ်ရာရှိမရှိ စစ်ဆေးလိုက်သည်။ မထိခိုက်တာသေချာမှ သူမစိတ်သက်သာရာရသွားကာ အခန်းအေခြအေနကိုသတိထားကြည့်မိသည်။
Mr Jordanက သူမ့ကိုကြည့်ပြီး ရယ်နေသည်။ နှုတ်ခမ်းထောင့်ကစီးကျနေသောသွေးများ ဖူးယောင်နေသောမျက်နှာတစ်ပြင်လုံး ကြည့်ရုံနဲ့တင် မသေရုံတမယ်အထိုးခံထားရကြောင်းသိသာနေသည်။ လက်တွေေခြတွေလည်းထိုင်ခုံနဲ့ ရောချည်ခံထားရပြီးအခန်းရဲ့ နေရောင်ကသူ့မျက်နှာပေါ်မှာစူးစူးဝါးဝါးကျရောက်နေတယ်။ ထို့လူ့ကိုကြည့်ပြီး Misaki ခေါင်းထဲစကားလံုးအချို့ေပါ်လာသည်။ စိတ်မသက်သာလိုက်တာ!!
Mr Jordanက Misaki ကိုလှမ်းကြည့်လိုက်ပြီး တစ်ယောက်တည်းရေရွတ်သလိုပြောနေသည်။ "ထွက်ပြေးပြီးမှ ဘာလို့ပြန်လာတာလဲ ဘယ်သူ့ကိုထိခိုက်မှာစိုးလို့လဲ မင်းကတကယ်ကိုသတ္တိရှိတဲ့မိန်းကလေးပဲ ငါသာမင်းလောက်သတ္တိရှိခဲ့ရင် သူမကို...သူမကို သေချာပေါက် ကာကွယ်နိုင်ခဲ့မှာ.." လူအိုကြီးရဲ့ငိုကြွေးသံသဲ့သဲ့က အခန်းထဲမှာပဲ့တင်ထပ်နေတယ်။
"Mr Jordanခင်ဗျားကိုရော ဒီခြံဝန်းတစ်ခုလုံးကိုရောဝိုင်းထားပါပြီ ကျွန်တော်တို့နဲ့အေးအေးဆေးဆေးလိုက်ခဲ့ပါ "
"အင်း..သွားကြတာပေါ့ ငါလည်းထပ်မမှားချင်တော့ဘူး" Damianလည်း တရားခံကိုလက်ထိပ်ခတ်လိုက်ပြီး ခေါ်သွားသည်။ အခန်းထောင့်ကလူနှစ်ယောက်ကိုလည်း ဝေ့ကြည့်သွားဖို့လည်း မမေ့ပင်။
အားလုံးပြီးသွားပြီ နောက်ဆုံးတော့ ငါ Maiya အပြစ်ကင်းကြောင်းပြနိုင်ခဲ့ပြီ။အောင်ပွဲခံလို့အပြီးမှာ တစ်ယောက်ယောက် သူမကိုကြည့်နေတယ်လို့ခံစားရတာကြောင့် ပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်မိသည်။ Nicolasက သူမခြေထောက်တွေကို စိုက်ကြည့်နေပြီး အချိနိအတန်ကြာတဲ့အထိ ဘာစကားမှမပြောပေ။
YOU ARE READING
How to Flirt with the final boss
Fantasyအပြာရောင် hydrangeasတွေရဲ့အဓိပ္ပါယ်ကခွင့်လွှတ်မှုကိုတောင်းခံခြင်းတဲ့ နောက်ကျမှမင်းဆီကိုရောက်လာနိုင်တဲ့အတွက် တောင်းပန်ပါတယ် ကောင်လေး