Arc 3 part 8

3.8K 583 3
                                    

"ငါမြင်လိုက်တယ်"

"အင်း" မီးအိမ်ကိုဖွင့်လိုက်ရင်း Daniel ကထူးမခြားနားသလို ဖြေလာသည်။

"ငါမြင်တယ် ငါမြင်လိုက်တယ်လို့ လူသတ်သမားကို" Misaki သူမကိုယ်သူမလည်း ဘာလို့အဲ့လိုလုပ်နေမိမှန်းနားမလည်တော့ဘူး။ အခုသူမခေါင်းထဲရှိသည်က အဲ့လူကိုမြင်လိုက်သည် သူ့လုပ်ရပ်အစအဆုံးကိုပါမြင်လိုက်သေးသည် ဒီလိုဆို ရဲကိုအကြောင်းကြားလိုက်ရင်ရပြီမလား။ ဒါပေမယ့်လည်း အဲ့လိုလုပ်လို့မရဘူးဆိုတာ သိနေတာကြောင့် မျက်လုံးတွေကိုစွတ်မှိတ်ပြီး အော်ပြောနေ‌ခြင်းဖြစ်သည်။

"ရှူး အများကြီးမပြောနဲ့ စကားများများပြောတဲ့လူက အရင်သေရတတ်တယ် ကိုယ်မင်းကိုအဲ့လိုအဖြစ်မခံဘူး" သူမရဲ့မျက်လုံးတွေကို စိုက်ကြည့်ရင်း နှစ်သိမ့်နေသည်။

"သိနေပြီးသားလား" သူမရှေ့ဒူးထောက်ထိုင်ချရင်း အံဆွဲထဲတွင်မွှေနှောက်ရှာနေသော Daniel ကိုမေးလိုက်၏။

"ဘယ်ကတည်းကသိတာလဲ ဘာလို့ထုတ်မပြောတာလဲ"

"ရပြီ ပြီးပြီ" သူမ၏လက်ကောက်ဝတ်တွင် လက်ပတ်ကြိုးလေးတစ်ခု။ မဟူရာရောင်ကျောက်တို့စီခြယ်ထားကာ ပေါ့ပါးပြီးတန်ဖိုးကြီးသည့် လက်ဝတ်ရတနာတစ်ခု။ ကျောက်တစ်ခုချင်းစီက အရွယ်အစား အဖြတ်အတောက်မတူသော်လည်း Misaki ၏လက်‌တွင်တော့ လှလှပပတည်ရှိနေသည်။

ဒါကမူလဇာတ်ကြောင်းမှာ Oliver အပိုင်ရခဲ့တဲ့ပစ္စည်း။ ဒီကျောက်အနက်ရောင်က Daniel တို့မိသားစုကို ကိုယ်စားပြုပြီး အာဏာရှင်ဆန်သည်။ ကျောက်အပိုင်းအစလေးတစ်ခုကပင် ကျွန်းတစ်ကျွန်း၏တန်ဖိုးရှိကာ သည်ကျောက်လက်ပတ်ဆို ဘယ်လောက်တန်ဖိုးကြီးမလဲ။ ထို့ပြင် သည်လက်ပတ်ပိုင်ရှင်သည် မိသာစုအာဏာကိုပါခြယ်လှယ်ခွင့်ရနိုင်သည်။

ဒါတွေကအရေးမကြီးဘူး။ အရေးကြီးတာက ဘာလို့ငါ့ကိုပေးတာလဲ။ Oliver ကရသင့်တာလေ။ ငါက Oliver ရဲ့ကံကောင်းခြင်းတွေကို ခိုးယူလိုက်သလိုခံစားရတယ်။

"ဒီကြိုးတန်းလေးက မင်းနဲ့လိုက်တယ်" သူမကိုတစ်ချက်မော့ကြည့်ပြီးမှ စကားဆက်လေသည်။

How to Flirt with the final bossTempat cerita menjadi hidup. Temukan sekarang