အချိန်သုံးရက်ဟာ လျှင်လျှင်မြန်မြန်ပဲ ကုန်ဆုံးသွားလေသည်။ Yuri ရဲ့အမှုအခင်းတွေက ရှင်းမနိုင်အောင် ပျံ့သွားပြီးနေပြီ။ ဒီတစ်ခါရော ဘယ်လိုကာကွယ်ပေးမလဲ သိချင်မိတယ် Ginta။
"Misaki ဘာတွေစဉ်းစားနေတာလဲ" အရင်တစ်ခေါက်က ထုတ်ကုန်ကိစ္စပြန်ဖာထေးဖို့အတွက် သူမတို့စက်ရုံဘက်ကိုရောက်နေကြသည်။ ထုတ်ကုန်ခိုးမှုနှင့်ပတ်သတ်ပြီး သက်သေတွေအပြည့်အစုံရှိနေတော့ မဝန်ခံလေ ပိုဆိုးလေဖြစ်လာမှာပဲ။ စက်ရုံကိစ္စအတွက် Rosey ကိုထားခဲ့လိုက်ပြီး ကုမ္ပဏီကိုပြန်လာခဲ့သည်။ အရေးကြီးဧည့်သည်ရှိနေတယ်မလား။
သူမရဲ့ရုံးခန်းထဲမှာ ကျောက်ချထားသလိုမတ်မတ်ရပ်နေသော Ginta။ နောက်ကျောပေးထားသောကြောင့် သူမကိုသတိမထားမိဟန်မတူ။ ကွက်တိတိုင်းချုပ်ထားတဲ့ဝတ်စုံက အချိုးကျလွန်းတဲ့ခန္ဓာကိုယ်အပြင် ရှည်လွန်းတဲ့ခြေထောက်တွေကိုပါ မြင်သာစေသည်။ တံခါးဘောင်ကိုမှီထားရင်း လက်နှစ်ဘက်ကိုရင်ဘက်ရှေ့ယှက်လိုက်ကာ သူမကိုနောက်လှည့်ကြည့်လာသော အတော်အသင့်ပင်ပိန်သွယ်သွားသောထိုအမျိုးသားကို အမူအရာမဲ့ရပ်ကြည့်မိသည်။ အရင်က Misaki သည် ဒီအမျိုးသားကို သူ့ဘဝထက်ပင်ဂရုစိုက်ဖူးသည်။ မျက်ခုံးပင့်ကြည့်ရုံနှင့် ဘာကိုဆိုလိုသလဲနားလည်သလို ဘာအမူအရာမှမပြရင်တောင်မှ ဘာဖြစ်နေလဲအတိုင်းသားခန့်မှန်းနိုင်သည်။ ယခုမူ ထိုအမျိုးသားရဲ့ရှုပ်ထွေးလွန်းသောမျက်ဝန်းတို့နှင့် ရင်ဆိုင်ရသည့်တိုင် ဘာမှမခံစားရသလို အဓိပ္ပါယ်လည်းမဖော်တတ်။
"ထိုင်ပါဦး" သူမဘက်ကပဲအကြည့်တို့ကိုရုတ်သိမ်းလိုက်ကာ စကားစမိသည်။ သူမရှေ့က မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်ရင်း အမျိုးသမီးငယ်အား ပထမဆုံးတွေ့ဖူးသူလို အကဲခတ်ကြည့်မိသည်။ စူးရှလွန်းသော စွန်ရဲလိုမျက်ဝန်း ကော့တက်နေသောနှုတ်ခမ်းထောင့်စွန်း ကြည့်ကောင်းလွန်းလှပါသောထူထဲထဲမျက်ခုံးတစ်စုံ ပြီးပြည့်စုံးလွန်းတဲ့ပန်းချီကားတစ်ချပ်လိုပဲ။ ဒါသူသိတဲ့အမျိုးသမီးမဟုတ်ဘူး။
အတူရှိနေခဲ့ချိန်ကရော အခုရော ဒီအမျိုးသမီးကို သူနားမလည်ခဲ့ဘူး။ ပေါကြောင်ကြောင်လုပ်ရပ်တွေနဲ့အမျိုးသမီးကို အရင်ကသူ့အတွက်အမည်းစက်လိုထင်ခဲ့ဖူးတယ်။ ဖြစ်ခဲ့တာတွေက မနေ့ကထက်ပိုသိသည်းတဲ့အတိတ်တွေပဲ။ သူနားမလည်နိုင်ခဲ့တဲ့ကောင်မလေးတစ်ယောက် အဆုံးထိသူ့အနားမှာရှိနေလိမ့်မယ် ထင်ဖူးတယ်။ သူလစ်လျူရှုထားရင်တောင်မှပေါ့။ မြင်ဖူးနေကျမျက်ဝန်းပြာတွေမှာ အရင်လိုရင်းနှီးမှုတွေမရှိတော့ဘူး။ သူမနှုတ်ခမ်းထက်က အပြုံးတွေက ကြင်နာမှုတွေအစားလှောင်ရိပ်တို့ပျော်ဝင်နေတယ်။ သူကိုယ်တိုင်လည်းအသုံးချခံလို့ပြောပြချင်ပေမယ့် ဘယ်သူကယုံကြည်ပေးမှာလဲ။ ဒီတိုင်း ဆင်ခြေအဖြစ်နဲ့အပြစ်တင်ခံရရုံသာ။ အဖြစ်အပျက်တစ်ခုချင်းစီက သူ့ဆီကေနသူမကိုအဝေးဆုံးအထိဆွဲထုတ်သွားခဲ့သည်။ အယောင်ဆောင်မှုတွေနဲ့ နွံနစ်နေခဲ့တာတောင် ကိုယ့်ကိုကိုယ်အရမ်းအထင်ကြီးခဲ့ဖူးတယ်။ ဘယ်လိုအသုံးမကျခဲ့ခြင်းတွေလဲ။
YOU ARE READING
How to Flirt with the final boss
Fantasyအပြာရောင် hydrangeasတွေရဲ့အဓိပ္ပါယ်ကခွင့်လွှတ်မှုကိုတောင်းခံခြင်းတဲ့ နောက်ကျမှမင်းဆီကိုရောက်လာနိုင်တဲ့အတွက် တောင်းပန်ပါတယ် ကောင်လေး