အချိန်အတန်ကြာအောင် စူးစမ်းပြီးတဲ့နောက်မှာတော့ သက်ပြင်းချသံသဲ့သဲ့ကပဲ့တင်ထပ်လာသည်။ ရုတ်တရက် ထိုအမျိုးသမီးက မတ်တပ်ရပ်လိုက်ပြီး သူမနဲ့ခပ်ဝေးဝေးနေရာအထိလှမ်းလျှောက်သွားသည်။ မီးအလင်းရောင်တို့က သူမရဲ့မျက်နှာပေါ်မှာ ဖြာကျနေကာ အမျိုးအမည်မသိတဲ့ခံစားချက်ကိုပေးစွမ်းလေတယ်။ သူမကိုကြည့်နေတဲ့မျက်လုံးတွေအား အပြည့်အဝလျစ်လျူရှုလိုက်ရင်း Misaki ကိုရည်ရွယ်သည့်စကားစအချို့ကို ဖွင့်ဟလေသည်။
"ကြယ်တွေက လူတစ်ယောက်ရဲ့ကံကြမ္မာကိုအဆုံးအဖြတ်ပေးနိုင်တယ်လို့ပြောရင် မင်းယုံမလား" လေးနက်တဲ့ သူမစကားတွေရဲ့နောက်မှာ ခပ်ဖွဖွရယ်သံလေးက စတင်လေတယ်။
"မင်းရော ယုံမလား" ခြေတံရှည်တွေကိုချိတ်လိုက်ရင်း သူမရဲ့လက်ဖြူသွယ်သွယ်က မျက်နှာအောက်မှာ ထောက်ပင့်ပေးထားလေတယ်။ စိတ်မရှည်ခြင်းနဲ့အတူ မျက်ဝန်းပြာတို့က ပင်လယ်ရဲ့အနက်ရှိုင်းဆုံးအောက်ခြေမှာရှိတဲ့ အေးစက်သောခြိမ်းခြောက်မှုတို့ကို သရုပ်ဖော်နေတယ်။ Misaki ရဲ့ထိုအပြုအမူက အမျိုးသမီး၏မျက်နှာပေါ်ကအပြုံးကို ပိုမိုလေးနက်စေသည်။ အမြဲအပူအပင်ကင်းစင်ဟန်ရှိခဲ့သော ထိုအမျိုးသမီး၏အသံသည် နူးညံ့ပျော့ပျောင်းကာ ဖျောင်းဖျနေသောမိခင်တစ်ယောက်ပမာ။
"မင်းရဲ့ကံကြမ္မာကြယ်က ပျောက်ဆုံးေနတယ် ကလေးမ" မှောင်ရီနေသော သစ်တောနောက်ခံနဲ့အတူ သူမမျက်လုံးတွေက တလက်လက်တောက်ပတဲ့ ကြယ်တွေလိုမျိုး။
"ပျောက်ဆုံးနေတယ်? မရှိတော့တာရောမဖြစ်နိုင်ဘူးလား" ဒီအမျိုးသမီးနဲ့အချိန်တန်ကြာအောင် စကားပြောပြီးနောက်ပိုင်း Misaki စိတ်ထဲမှာ ဒီနေရာကနေအမြန်ထွက်သွားချင်နေပြီ။ သူမမှာ အသက်ရှင်ဖို့သုံးနှစ်ပဲ ကျန်တော့တာ။ ဒီလိုအရေးမပါတာတွေ ထိုင်ပြောရင်း အချိန်မဖြုန်းချင်ဘူး။
"လူတစ်ယောက်ရဲ့ အသက် ကံကြမ္မာတို့ကို ကိုယ်စားပြုတဲ့ကြယ်တွေတကယ်ရှိတယ် ကလေးမ ဥပမာမင်းရဲ့ အသက်ကြယ်ဆိုရင် အရောင်မှိန်ဖျော့နေပြီ" ဒါစကားကို Misaki ကိုသတိပေးဖို့အတွက် ထုတ်ပြောလိုက်လေတယ်။ သေရေးရှင်ရေးနဲ့ပတ်သတ်လာရင် လူတွေရဲ့ဦးနှောက်တွေက ပုံမှန်အလုပ်မလုပ်တော့ဘူးမလား။ သူမရဲ့အဘိုးနဲ့ အဘွားတောင် မျက်နှာပျက်ကာ စိုးရိမ်သည့်အမူအရာများနှင့်။ Arwen ပင် မျက်နှာဖြူဖျော့သွားသည်။
YOU ARE READING
How to Flirt with the final boss
Fantasyအပြာရောင် hydrangeasတွေရဲ့အဓိပ္ပါယ်ကခွင့်လွှတ်မှုကိုတောင်းခံခြင်းတဲ့ နောက်ကျမှမင်းဆီကိုရောက်လာနိုင်တဲ့အတွက် တောင်းပန်ပါတယ် ကောင်လေး