Arc 1 let me teach you

17.3K 1K 10
                                    


UNICODE

သူမနံမည်က Maiya ရှေးရိုးစွဲမိသားစုမှာကြီးပြင်းလာခဲ့တယ် ရှက်ကြောက်ခြင်း အားနာတတ်ခြင်းတို့ဆိုတာ သူမနဲ့တွဲမြင်နိုင်တဲ့ဂုဏ်ပုဒ်တွေပဲ

လှပပြီးအပြစ်ကင်းတဲ့လူတွေက ချောက်ချခံရဖို့ လွယ်တယ်မလား သူမလည်း သူမ မလုပ်တဲ့ပြစ်မှုအတွက် ချောက်ချခံခဲ့ရတယ် အတင်းအကျပ်ဖိအားပေးခံရတယ် နောက်ဆုံး‌ေတာ့သေခြင်းကိုရွေးချယ်ခဲ့တယ် လွတ်မြောက်ဖို့အတွက်ပေါ့

"System ငါဇာတ်လိုက်မကိုရိုက်ချင်လို့ရလား"

"ဟင် ဟို အဲ့ဒါကအခြေအနေအရပါ ရိုက်ခွင့်တော့ရှိပေမယ့် အကြောင်းပြချက်တော့ရှိရပါမယ်"

"ရှိတယ်လေ ငါကအခုသူ့ဆရာမပဲကို" ဟုတ်တယ် Maiyaက ဆရာမ ဒီကျောင်းရဲ့အသက်ငယ်ဆုံးဆရာမ

ဒီခန္ဓာကိုယ်ရဲ့မူလပိုင်ရှင်က သိုသိုသိပ်သိပ်နေတတ်ပြီး အပေါင်းအသင်းအသိမိတ်ဆွေရှားတယ် တစ်ယောက်တည်းအနေများပြီး လူတွေနဲ့ဆက်ဆံရမှာကို ရှက်ရွံတယ် ကျောင်းမှာဆို စာသင်ချိန်ပြီးတာနဲ့ စာကြည့်တိုက်မှာ စာအုပ်တွေနဲ့အလုပ်များနေတဲ့သူမကိုမြင်နိုင်တယ်

အေးဆေးနေတတ်တဲ့လူဆီကိုပြသနာဆိုတာလည်း ကြံဖန်ပြီးလာတယ်မလား ကျောင်းမှာကျာင်းသူလေးတစ်ယောက် rape ခံရတယ် ဇာတ်လိုက်မရဲ့သူငယ်ချင်း‌မလေး။
ဇာတ်လိုက်မက သူ့သူငယ်ချင်း rape ခံရတာကိုမြင်ရဲ့သားနဲ့မကူညီပါဘူးဆိုပြီး Maiyaကိုစွပ်စွဲခဲ့တယ်။ သူမမျက်စိနဲ့ကိုယ်တိုင် Maiyaကိုအဲ့အခန်းထဲကထွက်လာတာကိုမြင်ခဲ့ပါတယ်ဆိုပြီးပေါ့။

Maiya အနေနဲ့ဘယ်လိုရှင်းပြလို့မရခဲ့ဘူး ဘယ်သူကမှသူမ့ကိုနားမထောင်ပေးခဲ့ဘူး သူမမိသားစုအပါအဝင်ပေါ့။ လူမဆန်တဲ့ဆရာမ ကိုယ်ချင်းစာတရားမရှိတဲ့မိန်းကလေးဆိုပြီး ဝိုင်းတိုက်ခိုက်ကြတယ်။‌ rapeခံရတဲ့‌ေကျာင်းသူကလည်း အသိုင်းအဝိုင်းကြီးကဆိုတော့ သူမကိုနှောင့်ယှက်ဖို့လူတွေလွှတ်လေ့ရှိတယ်။ အရှက်ကြီးတဲ့မိန်းကလေးတစ်ယောက်အနေနဲ့ လူတိုင်းကမကောင်းပြောတဲ့ဒဏ်ကိုမခံစားနိုင်ဘူး။ ပိုဆိုးတာက အမှုရဲ့တရားခံဟာထွက်ပြေးလွတ်မြောက်နေတဲ့အတွက် လူတွေဟာ သူမကိုပဲ တစ်နေ့တစ်ခြားပိုပိုတိုက်ခိုက်လာတယ်။ နောက်ဆုံးတော့စကားတွေကလူသတ်လို့ရတယ်ဆိုတာကို သူမလက်ခံခဲ့တယ်။ သူမရဲ့တိုက်ခန်းထဲမှာပဲ ‌သတ်သေခဲ့တယ်။

How to Flirt with the final bossDonde viven las historias. Descúbrelo ahora