Arc 1 part 4

8.6K 970 11
                                    

"ရှင်..ရှင်ဘာဖြစ်ချင်နေတာလဲ ကျွန်မကဘာလို့ကိုယ့်သူငယ်ချင်းကို ရေတိမ်နစ်အောင်လုပ်မှာလဲ ဘယ်လောက်ပဲမုန်းမုန်းပေါ့ အခြားနည်းလမ်းတွေအများကြီးရှိနေတာပဲကို"

Misaki ဒီစကားဝိုင်းကိုဆက်နေရတဲ့အကြောင်းအရင်းက သူမအပြစ်ကင်းကြောင်းပြချင်တာရယ် ဇာတ်လိုက်မဆီကစကားနှိုက်ချင်တာကြောင့်ပင်ဖြစါသည်။အခုအခြေအနေအရ ဇာတ်လိုက်မကိုယ်တိုင်ကိုက မျက်မြင်သက်သေအဖြစ်အသုံးချခံရတဲ့နယ်ရုပ်သာသာဆိုတော့ ဘာအရေးကြီးတာမှထပ်သိရမည်မထင်။

အချင်းချင်းမြှားဦးလှည့်ရန်ဖြစ်ခြင်းပြီးသွားတဲ့နောက်မှာတော့ အကုန်လုံးကိုလူစုခွဲစေသည်။ ကျောင်းတာဝန်ခံတို့မှာလည်း ဆက်လက်ပြီး ဆရာတပည့်တိုက်ပွဲကိုမကြည့်ချင်တော့ပေ။ အထူးသဖြင့် ပြသနာအကြီးအကျယ်ဖြစ်နိုင်သည့် ဤအချိန်တွင် ဘာမဟုတ်သည့်ကိစ္စအတွက်အချိန်မကုန်နိုင်ပေ။ အကျိုးအမြတ်မှမရှိဘဲ နားပူခံနေမည့်အစား ‌ဘယ်လိုဖြေရှင်းရင်ကောင်းမလဲသာစဉ်းစားလိုက်တော့မည်။

ဖုံးကွယ်ထားသည့်ကိစ္စတွေက လူတွေရဲ့သိချင်စိတ်ကိုပိုပြီးနိုးဆွတယ်မလား။ အခုလည်းနေ့လည်ကျောင်းဆင်းချိန်ပဲ ရှိသေးတယ်။ တစ်ကျောင်းလုံးကကလေးတွေက ဆူညံအော်ဟစ်ပြီး အိမ်အတင်းပြန်ချင်နေကြပြီ။ မတတ်နိုင်တဲ့အဆုံး ဆရာမတွေအားလုံးကိုခေါ်ကာအစည်းအဝေးစရသည်။ ကျောင်းရှယ်ယာရှင်တို့ကလည်း ရောက်နေကြသည်။ နစ်နာသူကျောင်းသူရဲ့ ဖခင်ကိုယ်တိုင်လည်းရောက်နေသည်။ Misaki ကျောင်းရဲ့ရှယ်ယာဝင်တွေအကြောင်း အကုန်သိပြီးပြီဖြစ်သည်။ သူမသိချင်တာက Mr Jordan က ရှယ်ယာဝင်အနေနဲ့ အစည်းအဝေးလာတက်တာလား သူ့သမီးငယ်အတွက် အမှန်တရားကိုလိုချင်လို့လားဆိုသည်ပင်။

သူမအတွေးလွန်နေရာမှ တိတ်ဆိတ်လွန်း‌ေနသဖြင့် အသိပြန်ဝင်လာသည်။ ဘာလဲ နင်တို့ပဲ ခုနကသေအောင်စကားများနေတာမလား ဘာလို့အခုမှအသက်တောင်မရှူကြတာလဲ။ ‌အကုန်လုံးကသူမဘေးနေရာကို ခိုးခိုးကြည့်နေသည်ကိုသတိထားမိသည်။ ဘာလဲ ငါ့နားမှာထိုင်ချင်လို့နေရာလုနေတာလား။

"Hi Miss Maiya"‌သူမဘေးနားကခေါ်သံကြောင့် လန့်သွားပြီးရိုက်မိတော့မလို့ပင်။
ဒီကောင်ဘယ်တုန်းက ‌ဒီနားရောက်နေတာလဲ။

How to Flirt with the final bossDove le storie prendono vita. Scoprilo ora