Arc 7 part 19

137 18 0
                                    

      System:"လဲကျလိုက်"

      Blue light:"အသုံးမဝင်ဘူး"

      တကယ်လည်း အသုံးမဝင်ပေ။ Everest မှာ သူ့ရှေ့၌လဲကျသွားသော misaki ကို မမြင်သလိုသာ ကျော်တက်သွားလေသည်။ တစ်ရက်ကို သုံးလေးခါလောက် လဲကျပြနေလည်း ထူဖို့မပြောနှင့်။ အကြည့်တစ်ချက်ပင် စွန့်ကြဲမသွားပါ။

       သူမတို့အဖြစ်အား ကြည့်နေရင်း ဘေးကလူတွေပါ မနေနိုင်ကြတော့ပေ။ မနေနိုင်သည့်တိုင် သွားရောက်ထူမပေးဖို့လည်းမရဲပါပေ။ အဲ့တစ်ယောက်ကြောင့် ငရဲကို မျက်မြင်တွေ့ထားတာ ဘယ်လောက်မှကြာသေးတာမဟုတ်ဘူး။

      ခံစားချက်တွေထားဖို့ ခွင့်မပြုရခြင်းမှာ အနှီငိုခြင်းရယ်ခြင်းတို့ကြား ကိုယ့်ကိုယ်ကိုယ် နစ်မွန်းသွားမည်ကို မလိုလားသောကြောင့်ပေ။ ထာဝရရှင်သန်ရာလောကရှိ လူတိုင်းသည် ထိုမရေရာသောစိတ်ခံစားမှုတို့ထက် ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားလေးစားမှုနှင့် မာနတရားကို ပို၍အလေးပေးကြလေသည်။

    ပြောချင်တာက နောက်တစ်ခါ အဲ့လူဆီမှာ အသနားခံဖို့ ကြိုးစားနေဦးမယ်ဆိုရင် ငါက ငါမဟုတ်တော့လို့ပဲ။ misaki ထရပ်ကာ သူမရှေ့တွင် ဖုန်လုံးများချန်ထားကာ ပြေးနေကြသည့် လူတန်းကြီးအား အမီလိုက်တော့သည်။ သေးသွယ်ရုံမဟုတ်ဘဲ ကျစ်လျစ်သည့် ခန္ဓာကိုယ်မှာ ဒီအတောအတွင်းလေ့ကျင့်ထားမှုတို့ကြောင့် ပိုလို့သက်လုံကောင်းလာသည်။ အားစိုက်ထုတ်ပြေးရင်းဖြင့် ခြေလှမ်းများမှာ လူအုပ်ကြီး၏နောက်ဆုံးတန်းနားအထိ ချည်းကပ်လာနိုင်သည်။

    လေ့ကျင့်ရန်အတွက် မိုးမလင်းခင်ကပင် အိပ်ရာထကြရသည်။ ဝီစီသံကြားရ၍ တန်းစီရန် အိပ်ခန်းမှ ထွက်လာစဉ်တွင် misaki စားပွဲတင်နာရီအား လှမ်းကြည့်မိရာ လေးနာရီပင် မရှိသေးပေ။ လက်ရှိအချိန်တွင် အားကစားကွင်းနေရာမြေကွက်လပ်၌ လမ်းမီးတိုင်များမှ ဖြန့်ကျက်ပေးသော အလင်းရောင်သာ ရှိလေရာ လူအုပ်အတွင်းသို့ အောင်အောင်မြင်မြင်ရောနှောနိုင်ပြီးနောက် အလျင်မလိုပါပဲ ထိုလူတစ်စုနှင့်အတူ အချောင်ခိုရင်း အမောဖြေနေမိသည်။

    "မဆိုးဘူးပဲ"

    "ကျွန်တော်သာဆို ပြေးမလိုက်တော့ဘဲ နောက်တစ်ပတ်ပြန်ကွေ့လာမယ့်အချိန်ကို စောင့်နေလိုက်မှာ"

How to Flirt with the final bossDonde viven las historias. Descúbrelo ahora