Arc 7 part 7

213 26 0
                                    

       ထွက်မလာရုံမဟုတ်ဘူး။ ထွက်ပါပြေးဦးမှာမို့ အတင်းတောင့်ခံထားစရာမလိုဘူး ဟုလှမ်း‌ေအာ်လိုက်ချင်‌ေသးသော်ငြား အချိန်လုရမည့်ကိစ္စဖြစ်နေလေရာ ဘဲကိုထေ့ငေါ့နေဖို့ မအားပါပေ။ လက်ရန်းနားတွင်တော့ ဇာတ်လိုက်မက မေ့မျောနေပြီဖြစ်သည်။ အောက်ဖက်တွင် အခြေအနေမငြိမ်သေးသော်လည်း အရင်ကတည်းက လူသူအရောက်နည်းသော ကျောင်းဆောင်အနောက်ဘက်တွင်တော့ ဘာလှုပ်ရှားမှုမှမရှိ‌ေလရာ တစ်ခုတည်းသောလွတ်လမ်းဖြစ်နိုင်သည်။

       Misaki ဇာတ်လိုက်မအား ခါးကနေကိုင်မကာ ပုခုံးထက်တင်လိုက်ပြီးနောက် လေးထပ်ဆောင်ပေါ်မှ ခုန်ချဖို့တွက်ချက်လိုက်သည်။  တံခါးကလည်း နောက်တစ်ခါကျူးကျော်ခံရလျှင် ပြုတ်ထွက်သွားလောက်ပြီဖြစ်တာကြောင့် ဒီနည်းလမ်းမှတခြား ရွေးစရာမရှိတော့ပါ။ ထောင်ချောက်လားဘာလားနောက်မှစဉ်းစားကြတာပေါ့ အရင်ခုန်မယ်။ ခါးရှိကြိုးအား ခိုင်မခိုင် စစ်ဆေးပြီးနောက် တံခါးအားဖျက်ကာ တိရစ္ဆာန်တွေ တိုးထွက်မလာခင် လက်ရန်းပေါ်မှ ကိုယ်နေဟန်ထား လှလှပပဖြင့် ခုန်ချလိုက်သည်။ လေကြမ်းများက သူမမျက်နှာထက် အကြမ်းပတမ်းရိုက်ခတ်သွား၏။

       မူလရည်ရွယ်ချက်မှာ မြေပြင်အထိသက်ဆင်းပြီးမှ နောက်ထပ်လမ်းရှာဖို့ ဖြစ်သော်လည်း system ရှာ‌လာသောကြိုးမှာတိုနေပြီး လူနှစ်ယောက်၏ခန္ဓာကိုယ်အားထိန်းထားရသောကြောင့် သူမတို့ ခြံစည်းရိုးအုတ်တံတိုင်းထက် ခြေမချရသေးခင်မှာပင် ပြတ်တောက်သွားသည်။ ကြိုးပြတ်တောက်မှုကြောင့် misaki သူမခန္ဓာကိုယ်ကအုတ်တံတိုင်းနှင့်တိုက်မိပြီး ခပ်ပြင်းပြင်းရိုက်ချက်တစ်ချက်ရလိုက်သည်။ ဇာတ်လိုက်မကတော့ သူမနှင့်စာလျှင် အတော်လေးကံကောင်းလှသည်။ တံတိုင်းပေါ်တွင်ကွက်တိတင်ကျန်နေလေသည်။ အနောက်ဘက်ရှိအုတ်တံတိုင်းမှာ ကျောင်းသားများခိုးထွက်ခြင်းမှကာကွယ်ရန် လူကြီးနှစ်ရပ်စာမက မြင့်မားလေရာ misaki အုတ်တံတိုင်းအားကုပ်ကွယ်ကာ တွဲလောင်းလေးဖြစ်နေသည်။

     ထိုအခိုက်တွင် နံရံတွေကြား ပုန်းကွယ်နေသော လူတစ်သိုက် ရှေ့ထွက်လာသည်။ သူမတို့ဆီ ဦးတည်ချည်းကပ်လာသည်မို့ အနေအထားက ကျဉ်းထဲကျပ်ထဲရောက်နေသည်။ သူမ နံရံပေါ်သို့ကုပ်တွယ်မတက်ရသေးခင်မှာပင် ပိန်ပါးသောခန္ဓာကိုယ်က သားရဲတစ်သိုက်နှင့် သူမတို့ရှိရာနံရံကြား ပေါ်ထွက်လာပြီး ထိုအရိုင်းအစိုင်းတစ်သိုက်ကို တားဆီးထားသည်။ သေချာလှည့်မကြည့်လည်း ထိုအရှိန်အဝါအရ မည်သူမှန်းမှန်းဆနိုင်သည်။ အဓိကဇာတ်လိုက်။ ခုနက မာန်ဖီနေကြသော သားရဲတစ်သိုက်မှာ ချက်ချင်းအမြီးကုပ်ကုန်ကြသည်။

How to Flirt with the final bossWhere stories live. Discover now