အချိန်ဟာ တစ်ပတ်ကြာမျှ စောင့်နေပြီးသည့်တိုင် William တစ်နည်း ဒီကမ္ဘာ၏ final boss အလောင်းအလျာ Riku မှာ မနိုးထလာသေးပေ။ သည်နေရာသည် အတော်ချွတ်ခြုံကျဟု ထင်ရသော်လည်း တပ်မှူးအိမ်တော်တွင်တော့ အကုန်ရှိ လိုတရပင်။ Misaki ဟာ မေးထောက်ရင်း ကျန်လက်တစ်ဖက်ဖြင့် စာရွက်ဖြူပေါ်တွင် လျှောက်ခြစ်နေသည်။ အဓိကဇာတ်လိုက်နဲ့အတူ တစ်ဝက်သောကံကောင်းခြင်းတို့ဟာလည်း ပျောက်ဆုံးနေသည်။ အဆုံးမှာ မည်သူက ဇာတ်လိုက်မကို အထောက်အပံ့ပေးဖို့ လူစွမ်းကောင်းအဖြစ် ခံယူမလဲ စောင့်ကြည့်ရမည်။
ဖြစ်နိုင်ချေများကို ချရေးပြီးနောက် အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ ပြင်ရသည်။
"ဆက်အိပ်နေလိုက် ဒါတွေငါ့ကိုလွှဲသာထား ဟုတ်ပြီလား"
Misaki ဟာ Riku ရဲ့ပါးကို ခပ်ဖွဖွပုတ်လိုက်ပြီးနောက် ထွက်သွားတော့သည်။ ခြံဝန်းထဲမှပန်းရနံ့ကြောင့် နောက်ပြန်လှည့်ကာ အပွင့်တို့စုပြံေနေသာ အကိုင်းတစ်ကိုင်းအားချိုးယူလိုက်သည်။ ပန်းရောင်ဖျော့ဖျော့အပွင့်လေးငါးပွင့်နှင့်အတူ သစ်ရွက်စိမ်းလေးအချို့ပါ သူမလက်ထဲပါလာသည်။ ထိုအကိုင်းလေးအား အင်္ကျီထဲထိုးထည့်လိုက်ပြီး ရိက္ခာအိတ်နဲ့အတူ ခရီးဆက်တော့သည်။
ထိုညတွင် သူမ၏လှုပ်ရှားမှုကို အထူးတလည် စောင့်ကြည့်နေသူနှစ်ဦးလည်း ရှိသေးသည်။
"သွားတားလိုက်ရမလား အရှင်"
"နေပါစေ မင်းက ကိုယ်တော်အနားယူနေတာကို နှောင့်ယှက်မလို့လား"
"အဲ့လိုမဟုတ်ပါဘူး" နက်မှောင်သောဝတ်ရုံနှင့်လူဟာ ကျောက်သားခုံထက်တွင် သေရည်ခွက်တစ်ဖက်ဖြင့် ဖွဖွလေးပြုံးနေသူအား ပြန်ဖြေလိုက်သည်။ ဒီလူ အေးအေးချမ်းချမ်းနေတာကို ဘယ်သူကိုမှ နှောင့်ယှက်ခွင့်ပေးမည်မဟုတ်ပေ။ သူအတွေးတိမ်သွားရုံသာ။
"ငါတို့သူငယ်ချင်းကြီးက သူ့အိမ်ပြေးဇနီးကိုရှာဖို့ အလုပ်များဦးမှာပဲ ကိုယ်တော်တို့လည်း အခုပဲ နန်းတွင်းကိုစာရေးမှဖြစ်တော့မယ်"
"ဘာအတွက်ပါလဲ"
"စေ့စပ်ကြောင်းလမ်းတာကို ရုတ်သိမ်းဖို့လေ ဝန်ကြီးချုပ်ကိုယ်တိုင်ကပြောတယ်မလား Riku သာ ဖြောင့်မတ်ကြောင်း သက်သေပြနိုင်ရင် ကိုယ်တော်ကို တွန်းအားမပေးတော့ပါဘူးလေ အခု သူကိုယ်တိုင်တောင် ဇနီးတစ်ယောက်ကို အမိမဖမ်းနိုင်တာ တိုင်းပြည်ကိုဆို တွေးတောင်တွေးရဲမှာ မဟုတ်ဘူးလို့ရေး"
KAMU SEDANG MEMBACA
How to Flirt with the final boss
Fantasiအပြာရောင် hydrangeasတွေရဲ့အဓိပ္ပါယ်ကခွင့်လွှတ်မှုကိုတောင်းခံခြင်းတဲ့ နောက်ကျမှမင်းဆီကိုရောက်လာနိုင်တဲ့အတွက် တောင်းပန်ပါတယ် ကောင်လေး