Arc 7 part 13

146 19 0
                                    

       နေ့ရက်တွေက ချောချောမွေ့မွေ့ပဲကုန်ဆုံးသွားပြီး စိတ်ခုစရာဆိုလို့ ဇာတ်လိုက်မ လုံးဝပေါ်မလာသေးတာသာ ရှိသည်။ ပြန်နိုးထလာပြီးနောက် စာတစ်စောင်သာ ချန်ပြီး သူမတို့အိမ်မှ ထွက်သွားလေသည်။ ‌သားရဲတွေကြား သိုးတစ်ကောင်ဖြစ်နေလို့ ကျောင်းတောင်မလာရဲတာများလား။

       ဒီမနက် အတန်းထဲရောက်ချိန်မှာတော့ တစ်စုံတစ်ရာ ထူးဆန်းနေသည်။ အတန်းဖော်တွေက သူမစားပွဲခုံနားတွင် ဝိုင်းနေကြပြီး  ကျွတ်စီကျွတ်စီ အသံစုံထွက်နေ၏။

      "ဘာကြည့်ကောင်းတာလေးတွေရှိလို့လဲ"

       Misaki အသံပြုလိုက်မှသာ ဘေးသို့‌ကပ်ကာ လမ်းဖယ်ပေးဖို့ သတ်ိရကြသည်။ မိမိနေရာဆီ တန်းတန်းမတ်မတ်သွားလိုက်သော်ငြား နေပါဦး ဒါဘာကောင်ကြီးလဲ။ ကွန်ဖူးပန်ဒါလား။

      Misakiလွယ်အိတ်တောင် မချရသေး။ ထိုအကောင်လေးမှာ ခန္ဓာကိုယ်ကို ဘောလုံးလို ကွေးအိပ်နေရမှ အကြောဆန့်ကာ ထရပ်လိုက်ပြီးနောက် သူမထံ လက်နှစ်ဖက်ဆန့်တန်းပေးလာသည်။ ချီစေချင်တာလား။

     ဘေးကအတန်းဖော်တွေကတော့ ထိုအပြုအမူကြောင့် ပြုစားခံလိုက်ရပြီဖြစ်သည်။ အနှီချစ်စရာလေးကို အူယားလွန်း၍ သေရပါတော့မည် ဖြစ်ကုန်ကြသည်။

    မျက်မှန်နှင့်ဟိုက်ပါကျောင်းသူသာ ဘာမှမဖြစ်သလို ရပ်ကြည့်နေသည်။

     " သူက သားရဲထိန်းကျောင်းသူဖြစ်နိုင်လောက်တယ် ရင်ဘတ်မှာ တံဆိပ်လေးနဲ့"

      ပန်ဒါအကောင်ပေါက်ထံ ကျရှုံးနေပြီးဖြစ်သော အတန်းသားတို့မှာ ထိုစကားကြောင့် ပိုလို့ ကျေနပ်ကုန်ကြသည်။ သားရဲထိန်းကျောင်းသူက အတန်းတိုင်းတွင် တစ်ယောက်စီ ရှိနေကြပြီဖြစ်သည်။ ‌

      "ဘေးကပ်ရပ်အခန်းက ထိန်းကျောင်းသူဆို တစ်လောကလုံးကို အဖက်မလုပ်သလိုမျိုး မာန်ချီနေတာ။ မင်းကျမှ ဘာလို့ချစ်စရာလေးလဲ။" အတန်းထဲမှ နာမည်ကြီးလူရှုပ်လေးက သူ၏အမွေးပွနားရွက်အမဲရောင်လေးကို ထိရင်း ထိုသို့ပြောလိုက်ကြောင့် မကျေနပ်သလို နှာမှုတ်ကာ ကောင်လေး၏လက်အား ရိုက်ထုတ်လိုက်သည်။ ထိုအပြုအမူသေးသေးလေးက မနာကျင်သည့်အပြင် အသည်းယားချင်စရာကောင်းနေလေရာ အတန်းသား တစ်ဝက်ခန့် နှာခေါင်းသွေးမြေခကုန်ကြသည်။ အမွေးပွလေးတွေဆို တအားချစ်တတ်သော အတန်းခေါင်းဆောင်ကတော့ ကြမ်းပြင်မှာပါ လူးလှိမ့်နေသည်။

How to Flirt with the final bossWhere stories live. Discover now