Arc 6 part 2

351 36 0
                                    

   "အဲ့လိုကိုး" misaki လွန်ခဲ့သည့်စက္ကန့်အနည်းငယ်က သူမ ဓားဖြင့် ခုတ်ပိုင်းလိုက်၍ ပြိုကျလာသော စာအုပ်စင်ထက် ခြေချိတ်ထိုင်ရင်း Lucas ရှင်းပြလာသည်ကို နားထောင်ကာ သံယောင်လိုက်နေသည်။ အပြင်ဘက်အိမ်တော်ထိန်းမှာတော့ ထိတ်ထိတ်ပျာပျာဖြင့် တံခါးဖွင့်ရန်အမျိုးမျိုးကြံစည်နေသည်။

     "သွားမယ် အဲ့မွေးစားကလေးဆီ" သို့နှင့် Lucas လည်း misaki အား ဦးဆောင်ကာ ထိုမွေးစားသမီးကို သွားတွေ့ရန်ဖြစ်လာသည်။ တံခါးကိုဖွင့်လိုက်သည့်အခိုက်တွင်တော့ မီးသတ်ဆေးဘူးအား ကိုင်ထားရင်းတံခါးကိုဖျက်ဆီးပစ်တော့မည့်အနေအထားနှင့် အိမ်တော်ထိန်းအား တွေ့လိုက်ရ၏။ အိမ်တော်ထိန်းမှာ သခင် Lucas ဘေးမသီရန်မခ၍ဝမ်းသာသွားသော်လည်း အနောက်ကအမျိုးသမီးကို မြင်ချိန်မှာတော့ မပျော်နိုင်တော့ပေ။ ငါထင်တယ် ဒီလိုတွေဖြစ်လာမယ်ဆိုတာ။

      သုံးယောက်သား ရှည်လျားသည့်စင်္ကြံလမ်းကို ဖြတ်လျှောက်ပြီးနောက်တွင် မမလေးဆိုသူ၏အခန်းရှေ့တွင်ရပ်လိုက်ကြ၏။ အထဲရှိမြင်ကွင်းမှာ စိတ်ရိုင်းဝင်နေသောသတ္တဝါဆိုးကြီးဖျက်ဆီးထားသည့်အလား ရှုပ်ပွကာ ခေါင်းပြတ်ခြေပြတ်အမွေးပွရုပ်များမှာလည်း ဖွာလန်ကြဲလို့နေသည်။ misaki တွေးမိသည်မှာ သူမ မြင်မြင်သမျှဓားနဲ့လိုက်ခုတ်ရင်တောင် ဒီလောက်မြင်မကောင်းသည့်အပျက်အစီးပုံကြီး ဖြစ်လာမယ်မထင်ပါ။ တစ်ခုတည်းသော အကောင်းတိုင်းရှိသေးသည်ဟု ပြောလို့ရသည့်ကုတင်ထက်တွင် ဆံပင်များစုတ်ဖွာနေကာ လက်တွင်လည်းပြတ်ရှရာများအပြည့်ဖြင့် တစ်စုံတစ်ယောက်ရှိလို့နေသည်။ ဒီလိုစုတ်ပြတ်သတ်ပြီးရူးနှမ်းနေသည့် အနေအထားတွင်တောင် ကြည့်ကောင်းနေသေးလေရာ အမျိုးသမီးဇာတ်လိုက်ဆိုတာ မှားနိုင်ဖွယ်မရှိပေ။

      Misaki တစ်ယောက် တံခါးအားကျောမှီကာရပ်နေရင်း အခန်းတွင်းရှိတိုက်ပွဲအပြီးအခြေအနေကို အကဲခတ်နေသည်။ ပြတ်ရာရှရာဒဏ်ရာမှန်သမျှအား ပတ်တီးစည်းပြီးနောက် ထိုမိန်းကလေးမှာ လုံးဝကို ကျပ်စည်းထားသော အလောင်းကောင်အတိုင်းပဲ။ ဒဏ်ရာအတိမ်အနက်ထက် ပွစာကြဲနေသောပြတ်ရှရာများ လက်သည်းရာများကြောင့် အိမ်စေများမှာ ထိုကဲ့သို့ပြင်ဆင်ပေးလိုက်ပုံရသည်။ Floria ပန်းအိုးကနေ အသက်ဝင်လာတဲ့ကလေး။

How to Flirt with the final bossWhere stories live. Discover now