Misaki ကော်ဖီတစ်ခွက်ဖျော်လိုက်ပြီး ဧည့်ခန်းထဲကထိုင်စောင့်နေလိုက်သည်။ သူ့ရဲ့အဝတ်အစားတွေကဒီအိတ်ထဲမှာ ငါလည်းသွားမပေးနိုင်ဘူး အဲ့တော့ရေချိုးခန်းထဲမှာတစ်နေကုန်ထိုင်နေလိုက်..ငါ့ကိုအနှောင့်အယှက်ပေးမယ့်ကောင် ဒုက္ခရောက်တော့မယ်ဆိုတဲ့ခံစားချက်က ကျေနပ်စရာပဲ
"အိတ်သယ်လာပြီလား သယ်ပြီးရင်အပေါ်ကိုယူလာလေ"
"ဖွီး.!! နင်ဘာတွေဝတ်ထားတာလဲဆိုတာသတိထားမိရဲ့လား ကြည့်ပါဦးအင်္ကျီပန်းရောင်လေးနဲ့ ငါတို့ကျောင်းအုပ်ကကြည့်ကောင်းလိုက်တာ ဟားဟား.."
Misakiကိုလစ်လျူရှုလိုက်ပြီး သူ့အိတ်တွေဆီသွားလိုက်ပေမယ့်
"လာပါ အင်္ကျီကနောက်မှလဲလို့ရတယ် ငါတို့အရင်စကားပြောရအောင်လေ လာ ဒီမှာထိုင် ဒီအရောင်လေးနဲ့နင်နဲ့တကယ်လိုက်တာပဲ အရောင်ရွေးတတ်လိုက်တာ ကြောင်ရုပ်လေးတွေလည်းပါတာပဲ ~yo~ ဒီအင်္ကျီကသေချာပေါက် ဗီဒိုနောက်ဆုံးမှာသိမ်းထားတာပါ ငါနဲ့ကြီးနေလို့ဆိုပြီး.." Nicolasသူမကိုပြောချင်တာပြောခွင့်ပေးထားလိုက်သည် ချေပပြောဆိုချင်စိတ်လည်းမရှိပေ ဒါပမယ့် ဒီနေရာရဲ့လေထုလေးက နွေးထွေးပြီးသက်သောင့်သက်သာရှိသလိုပဲ..
"ကြည့်လို့ဝပြီလား ကိုယ်အဝတ်အစားသွားလဲတော့မယ်"
"နေပါဦး ဘာလို့ဒီလောက်လောနေတာလဲ ငါမေးတာတွေအရင်ဖြေပါဦး နင်ဒီကိုဘာလာလုပ်တာလဲ ပြီးတော့ငါ့အိမ်လိပ်စာကိုဘယ်လိုသိလဲ"
"ကိုယ်ဒီမှာနေမလို့ အဟမ်း.. အပေါ်ကိုအိတ်တွေသွားထားဦးမယ်"
"နေ.နေဦးလေ ငါ့အိမ်ကိုနင်ကဘာလို့လာနေမှာလဲ" သူ့အထုပ်တွေသူသယ်ရင်း ဒီအိမ်ကိုသူ့အပိုင်လိုပြုမူနေသည်။
"ဒါငါ့အိမ်လို့ နင်ကဘာလို့လာနေမှာလဲ ဘာလဲ နင်အလုပ်ပြုတ်လာတာလား" ငါအိမ်ကငါတစ်ယောက်တောင်နေစရာမရှိတာတောင် သူကဘာလာလုပ်မှာလဲ မရဘူး ပေးမနေဘူး!!
"အပေါ်ထပ်ကဘာလို့တစ်ခန်းတည်းရှိတာလဲ"
" အရင်ကသုံးခန်းရှိတယ် အခန်းရှင်းရတာအလုပ်ရှုပ်လို့အခန်းကျယ်ကြီးတစ်ခုတည်းထားလိုက်တာ"
VOCÊ ESTÁ LENDO
How to Flirt with the final boss
Fantasiaအပြာရောင် hydrangeasတွေရဲ့အဓိပ္ပါယ်ကခွင့်လွှတ်မှုကိုတောင်းခံခြင်းတဲ့ နောက်ကျမှမင်းဆီကိုရောက်လာနိုင်တဲ့အတွက် တောင်းပန်ပါတယ် ကောင်လေး