Arc 2 part 22

5.1K 686 7
                                    

အေးတဲ့ရာသီဥတုကိုကြိုက်ပေမယ့် ဒီလိုအစောကြီးထရတာကိုတော့မကြိုက်ဘူး။ အားလပ်ရက်အနေနဲ့လာတာလေ ကောင်းကောင်းအိပ်ပါရစေဦး ဦးလေးရဲ့။ မနက်ခြောက်နာရီဆိုပေမယ့် တောင်ပေါ်ဒေသဖြစ်လို့ ညတာကရှည်ပြီး မိုးမလင်းသေးပေ။ Arwen တစ်ယောက် အင်္ကျီလက်ကို တံတောင်ဆစ်ပေါ်သည်အထိခေါက်တင်ကာ မှောင်ရိပ်ကိုအားကိုးပြီး Tulips ပန်းတွေဆွဲနှုတ်နေသည်။ တစ်‌ေနရာထဲက‌ေနအဲ့လောက်အများကြီးခူးနေမှာတော့ မသိသာပဲနေမလား။ Anna အတွက်လက်ဆောင်ပြင်ရမည်ဆိုပြီး စောစောစီးစီးပန်းတွေလာခိုးနေတာ။ ခူးပြီးမှမလှဘူးဆိုပြီးလွှင့်ပစ်သေးတာ။ နောက်တော့ Misaki သူမဦးလေးရဲ့အသုံးမကျမှုကို ဆက်မကြည့်နိုင်တော့လို့ Arwen လက်ထဲကကတ်ကြေးကို ဆွဲယူလိုက်ပြီး ပန်းခင်းတစ်လျှောက် အလှဆုံးထင်ရသည့်ပန်းတွေကိုရွေးခူးသွားသည်။ Arwen ကတော့သူ့တူမလေးရဲ့ ပြောင်မြောက်လှသောခိုးနည်းကို ချီးမကျူးဘဲမနေနိုင်ပါပေ။ ဒီလောက်အများကြီးခူးပြီးသွားတာတောင် လုံးဝမသိသာနေဘူး။

Misaki သူမလက်ထဲကပန်းတွေကို လှမ်းပေးလိုက်ရင်း

"ဒီလောက်ဆိုရပြီလား"

"အင်း ရပြီ အခန်းပြန်ကြမယ် ဒါနဲ့ဒီပန်းတွေကိုခူးတာမင်းနော် အမေရိုက်မှဒီဦးလေး‌ကိုလွှဲမချနဲ့ ဒီဦးလေးကရပ်ကြည့်ရုံပဲကြည့်နေတာ" သူမကိုပြောင်ပြကာ အိမ်ထဲ‌ေပြးဝင်သွားသည့် Arwen ကိုကြည့်ရင်း အသိတရားရမိသည်။ အသက်ကြီးတိုင်း ကျပ်ပြည့်တာမဟုတ်ဘူး!

Misaki အဝတ်အစားလဲပြီးပြန်ဆင်းလာသည့်တိုင် Arwen တစ်ယောက် ပန်းစည်းနှင့်အလုပ်ရှုပ်နေဆဲပင်။ အကုန်လုံးလည်းနိုးနေကြပြီဖြစ်ကာ ခြံထဲမှာလည်း အလုပ်သမားအားလုံးတက်တက်ကြွကြွနှင့်အလုပ်ကြိုးစားနေကြသည်။ ဒီအချိန်မှာသာ ပန်းစည်းကြီးပိုက်ပြီး အောက်ဆင်းသွားလို့ကတော့ အဘွားသာမက တစ်အိမ်လုံးသိမည့်အပြင် လူသိရှင်ကြားအရိုက်ခံရမှာပင်။ အကြံထုတ်နေသော သူမဦးလေးကို မမြင်ချင်ယောင်ဆောင်လိုက်ပြီး အောက်ထပ်ကိုပြေးဆင်းခဲ့လိုက်သည်။

Yuuki ကအဘွားပေါ်မှာထိုင်နေကာ စကားတတွတ်တွတ်ပြောနေသည်။ အဘိုးက ဘေးနားမှာသတင်းစာဖတ်နေရင်း သူ့‌မြစ်‌ေလးပြောသမျှကိုလည်း ခေါင်းတညိမ့်ညိမ့်နဲ့နားထောင်နေသေးသည်။ ဒီမှာလည်းငါ့အတွက်‌ေနရာမရှိဘူးပဲ။။

How to Flirt with the final bossWhere stories live. Discover now