မျက်မမြင်တစ်ယောက်အနေနှင့် တစ်ခါမှမရောက်ဖူးသည့် မြို့စား၏အဆောင်တော်ကို ရှာဖွေဖို့ရာ တတ်နိုင်မည်မဟုတ်ချေ။ တစ်ယောက်တည်း ဥယျာဉ်ထဲတွင် ယောင်လည်လည်လုပ်နေရင်းမှ နေအပူရှိန်ရိပ်ရိပ်မြင့်လာသဖြင့် misaki ဆက်ဟန်မဆောင်နိုင်တော့ပေ။ ငါသရုပ်ဆောင်တာ ဒီလောက်ပီပြင်တာကို ဘယ်လိုဖြစ်လို့ ကူညီပြီးလမ်းပြပေးမယ့်အစေခံ တစ်ယောက်တစ်လေတောင်မရှိရတာလဲ။
သံသယဝင်ချင်လည်းဝင်တော့ဟု စိတ်ဆုံးဖြတ်ကာ ဥယျာဉ်ထဲမှ ထွက်လာသည့်အချိန်ကိုက် တစ်စုံတစ်ယောက်က သူမလက်အား လာဆွဲလေသည်။ အရင်တစ်ခါလို လမ်းပြပေးမယ့်အစေခံကလေးလေးဟု ထင်လိုက်ပေမယ့် လက်အရွယ်အစားမှာ ကြီးပြီး အသားမာတက်ကာ ကြမ်းတမ်းနေသည်။ ထိုလူက သူမနားအနား တိုးကပ်လာပြီး တီးတိုးပြောလာ၏။
"မင်းလာမှာကို ညရောက်တဲ့အထိ အကုန်လုံးကစောင့်နေရမှာလား"
ရုတ်တရက်မို့ လက်ကဓားဆွဲထုတ်ပြီး ခုခံလိုက်ချင်ပေမယ့် တစ်ဖက်လူက misaki ၏အတွေးကို သိနေသည့်အလား သတိပေးလာသည်။
"နေ့ခင်းကြောင်တောင်ကြီးမှာ ငါကိုယ်တော်ကို ဓားနဲ့လိုက်ခုတ်ပြီး ရမ်းကားရဲတယ်လား"
"ဒီတိရစ္ဆာန်ကောင်ကတော့" လုပ်ရဲသလား မလုပ်ရဲသလားတော့ မေးနေစရာကိုမလိုပါ။ သို့သော် သူပြောသလို ကြည့်နေသည့်မျက်လုံးများစွာရှိသည့် နေ့လည်နေခင်းအချိန်ဖြစ်နေသည်လေ။ အခုချိန်မှာသာ ဓားဆွဲထုတ်လိုက်ရင် သူမရဲ့မျက်မမြင်သနားစရာဇာတ်ကောင်လေးက ကြေမွပျက်စီးသွားမှာပင်။ ထို့ကြောင့် တီးတိုးဆဲလိုက်ရုံဖြင့်သာ ဒေါသကိုချွေးသိပ်လိုက်ရသည်။
"မင်း!!!" အပြုအမူတင်မဟုတ်ဘူး အပြောအဆို စိတ်သဘောထားပါ ရိုင်းစိုင်းကြမ်းတမ်းတဲ့မိန်းမ။ ဧကရီ၏အချစ်တော်ေမြးဖြစ်လေရာ ဤကဲ့သို့နေပြည်တော်နှင့် အလှမ်းဝေးသည့်နေရာတွင် သာမာန်မြို့စားထက်ပိုသည့် အာဏာနှင့်လုပ်ပိုင်ခွင့်တို့ရှိလေသည်။ သို့သော် ဒီအရိုင်းအစိုင်းကတော့ ကိုယ်တော်ကို မထီမဲ့မြင်ပြုရုံတင်မဟုတ်ဘဲ မျက်လုံးထဲတောင် မထည့်ထားသလို ဆက်ဆံပြောဆိုနေသည်။
STAI LEGGENDO
How to Flirt with the final boss
Fantasyအပြာရောင် hydrangeasတွေရဲ့အဓိပ္ပါယ်ကခွင့်လွှတ်မှုကိုတောင်းခံခြင်းတဲ့ နောက်ကျမှမင်းဆီကိုရောက်လာနိုင်တဲ့အတွက် တောင်းပန်ပါတယ် ကောင်လေး