Arc 6 part 14

188 22 0
                                        

      အချိန်ငါးရက်လုံး သူမအနားမှာ အဖော်ပြုပေးချင်သော်လည်း mission ကြောင့် ထွက်ခွာဖို့လိုလာသည်။ ဘယ်သူမှမခိုင်းသော်ငြား တစ်ယောက်တည်း ငါးနှစ်တာကာလကိုဖြတ်သန်းနေရသည့် misaki တစ်ယောက် အထီးကျန်မှာကို မလိုလားသောကြောင့်ပင်။

       "မင်းကို အကြာကြီးမစောင့်ခိုင်းပါဘူး" သူမ ရှိနေသော အခန်းငယ်အား တီးတိုးပြောမိသည်။ တကယ်တမ်းမှာ စောင့်နေရသည့်သူက သူကိုယ်တိုင်ဖြစ်နေပေမယ့်ပေါ့။ ငါးရက်ကပင် အတော်လေးကိုကြာညောင်းလှလေရာ  ငါးနှစ်ဆိုသည်မှာ အချို့အရာတွေပြောင်းလဲသွားဖို့ လုံလောက်သောကာလဖြစ်သည်။ ရုပ်ရည်နှင့်စိတ်နေစိတ်ထားတို့အပြင် သူလိုလူကိုလည်း မေ့သွားနိုင်‌ေသးသည်။သူမ၏ကြီးပြင်းလာသည့်ပုံစံကို ပထမဆုံးမြင်ချင်မိသည့် လောဘ‌ေသး‌ေသး‌ေလးကိုလည်း မဖုံးဖိထားနိုင်ပါ။

        ပစ်မှတ်က ဒီရှုပ်ထွေးလှသော အဆောက်အအုံပျက်တွင် သူတို့ကိုစောင့်ဆိုင်းနေ၏။ ပျက်စီးယိုယွင်းနေသော အပိုင်းအစများက တောင်လိုပုံနေကာ မသမာသူတို့အကြိုက်တွေ့စရာ ပတ်ဝန်းကျင်မျိုးဖြစ်သည်။ Emma ကတော့ ဖုန်တွေများလွန်းသည့် သည်နေရာတွင် နေနိုင်မည်မထင်ပါ။

        အသင့်အနေအထားနှင့် အဆောက်အအုံထဲ ချည်းနင်းဝင်ရောက်လာခဲ့ကြသည်။ သဘာဝလွန်ဖြစ်ဖို့ စိတ်ကူးယဉ်နေသော လူမိုက်အဖွဲ့၏ခေါင်းဆောင်ကိုသာ ဖမ်းမိလျှင် mission complete မည်ဖြစ်သည်။

    "သူတို့က ဒီလိုနေရာမျိုးမှာ ဘာကိုစမ်းသပ်နေတာလဲ" Emma ပခုံးတွန့်မိရင်း တွေးလိုက်မိသည်မှာ သူမတို့၏စမ်းသပ်ခန်းကမှ ပိုကောင်းသည်ဟူ၍။ အဖွဲ့လိုက်လှုပ်ရှားမှုဟုဆိုသော်လည်း Emma နှင့် Lucas နှစ်ဦးတည်းသာဖြစ်သည်။ အဖွဲ့အစည်းက ထိန်းချုပ်ရခက်သောပြဿနာများအား ရှောင်ရှားနိုင်ရန် အုပ်စုဖွဲ့ရာ၌ နှစ်ယောက်တစ်တွဲသာ ခွင့်ပြုသည်။ လူများလျှင် အထိန်းအကွပ်မဲ့ပြီး အချင်းချင်းတိုက်ခိုက်ကြလိမ့်မည်။

    အထူးကိရိယာတွေ၏အကူအညီဖြင့် ပစ်မှတ်ရှိရာ အခန်းရှေ့ လွယ်လွယ်ကူကူပဲရောက်လာသည်။ အတတ်နိုင်ဆုံး သွေးထွက်သံယိုဖြစ်မည့်အရေးမှ ရှောင်ကာ တာဝန်ထမ်းဆောင်လေ့ရှိပေမယ့် Lucas တစ်ယောက် အလျင်လိုတာကြောင့် တိုက်ရိုက်ထိုးဖောက်သည့်နည်းလမ်းကို ရွေးချယ်လိုက်သည်။

How to Flirt with the final bossWhere stories live. Discover now