ဆယ်ရက်ကြာစခန်းသွင်းေလ့ကျင့်ေရးဆိုပေမယ့် အချိန်ပြည့်သွားသည့်တိုင် ပြန်ခွင့်မရသေးပေ။ သူမအား နှုတ်ဆက်ထွက်ခွာသွားသော ကျောပြင်သုံးခုအား ရပ်ကြည့်နေမိသည်။ Eve က ညီမလေးအား နောက်တစ်ခေါက် လှည့်ကြည့်ကာ ပြုံးပြပြီးနောက် ကားစက်နှိုးလိုက်သည်။ လူကြီးနှစ်ယောက်စလုံးမှာတော့ စိတ်မချနိုင်ဖြစ်ကာ သမီးလေးအား သမင်လည်ပြန်ကြည့်လျက်ရှိေနကြသည်။ ကားက ခြံဝင်းထဲမှထွက်သွားပြီး အစောင့်မှာလည်းဂိတ်တံခါးအား သော့ပြန်ခတ်နေပြီဖြစ်သည့်တိုင် misakiကတော့ မြေပြင်ထက်ရှိ ကားဘီးရာများကို တွေတွေကြီးငေးကြည့်ရင်း အကြာကြီး မတ်တပ်ရပ်နေမိသည်။
မျှော်လင့်ထားသည့်အတိုင်း ဇာတ်လိုက်မ၏ခြေလှမ်းတို့မှာ ပုန်ကန်မှုဆီဦးတည်သွားကြသည်။ အကယ်၍ အနာဂတ်မှာ Zen က အင်အားကြီးတဲ့လူ ဖြစ်လာဦးမယ်ဆိုရင်တောင် momoko ကကြောက်ရွံတော့မည် မဟုတ်ချေ။ ချီတာကျားသစ်၏ ရုတ်တရက်နာမကျန်းဖြစ်သေဆုံးခြင်းဆိုတာလည်း ဇာတ်လိုက်မနှင့်မဆိုင်ဟု ကျိန်ပြောလျှင်တောင် ယုံနိုင်ဖွယ်မရှိပေ။ သိုးတစ်ကောင်က ချီတာနေရာကိုဝင်ပြီး သားရဲတစ်အုပ်ကို ဦးဆောင်နိုင်ပါ့မလား။ ပြီးတော့ရော တစ်ဖက်ကရန်သူက ဇာတ်လိုက်လေ။ ပြောင်မြောက်တဲ့အချစ်ဇာတ်လမ်းကနေ လမ်းကြောင်းသွေဖယ်နေကြပြီ။
Misaki ကတော့ လက်ရှိအချိန်တွင် ဇာတ်လိုက်မနှင့်ပတ်သတ်ပြီး မေးခွန်းတစ်ခုသာ ရှိသည်။ ဘာအတွက် ပုန်ကန်ဖို့ ရွေးချယ်လိုက်တာလဲ။
Misaki အဆောင်ခန်းသို့ပြန်ရောက်လာသောအခါ မူလ Sue နှင့် ဆက်သွယ်ဖို့ ကြိုးစားကြည့်မိသည်။ သူမဝိညာဉ်က ဒီကမ္ဘာပေါ်မှာ ရှိနေသေးဦးမည်ဆိုလျှင် သူမရဲ့ဆန္ဒကို မေးကြည့်ဖို့လိုမည်။ မရှိတော့လျှင်တော့ ထိုသနားစရာဇာတ်ကောင်လေး၏ဆန္ဒထက် ကမ္ဘာတည်မြဲဖို့ကို ရွေးချယ်ရလိမ့်မည်။
"ဒေါက် ဒေါက်"
တံခါးခေါက်သံကြောင့် misaki မျက်လုံးတို့ဖွင့်ကြည့်ချိန်တွင် အခန်းဟာမှောင်မဲလျက်ရှိသည်။ ညနေစောင်းအချိန်ကိုတောင် ကျော်လွန်သွားပြီဖြစ်သည်။ နေ့လယ်ခင်းမှစ၍ ဒီအချိန်အထိ တောက်လျှောက် ရှာဖွေနေသည့်တိုင် မူလ Sue ၏ ဝိညာဉ်အကြွင်းအကျန်လေးများကိုပင် အာရုံမခံမိပေ။ ဖြစ်နိုင်ချေကနှစ်ခုသာ။ သူမဝိညာဉ်က ပျက်စီးသွားပြီ ဒါမှမဟုတ် ဒီကမ္ဘာပေါ်မှာရှိတဲ့သူမရဲ့စွဲလမ်းမှုတွေက ကုန်ဆုံးသွားပြီ။ ဒုတိယတစ်ခုက အဖြစ်မှန်နှင့်ပိုနီးစပ်လေသည်။ အရင် Sue မှာ မိသားစု၏အဆုံးသတ်မကောင်းရခြင်းမှာ သူမကြောင့်ဟု ခံယူထားတာဖြစ်သည်။
YOU ARE READING
How to Flirt with the final boss
Fantasyအပြာရောင် hydrangeasတွေရဲ့အဓိပ္ပါယ်ကခွင့်လွှတ်မှုကိုတောင်းခံခြင်းတဲ့ နောက်ကျမှမင်းဆီကိုရောက်လာနိုင်တဲ့အတွက် တောင်းပန်ပါတယ် ကောင်လေး