Arc 1 part 15

7.3K 807 4
                                    

တစ်နှစ်ခွဲလောက်နေတော့ Damian နဲ့ ဇာတ်လိုက်မနဲ့လက်ထပ်သွားကြပြီဆိုတဲ့သတင်းကြားရတယ် တပည့်မလေးရဲ့လက်ထပ်ပွဲကိုသွားချင်ပေမယ့် အဲ့နေ့က Nicolas အိမ်မှာရှိမနေဘူး တစ်ယောက်တည်းလည်းမသွားချင်တာနဲ့အိပ်နေလိုက်တယ် အဲ့ကောင်ကဘာလို့ပျောက်ပျောက်သွားတာလဲ?

နှစ်ရက်လောက်နေတော့ ကြင်စဦးမောင်နှံက ရှေ့မျက်နှာချင်းဆိုင်ကအိမ်ကိုပြောင်းလာနေတာကိုတွေ့ရတယ် အစကတော့ honeymoon လို့ထင်ပေမယ့် သူမတပည့်မကတော့ ဒီမှာပဲအပြီးအခြေချတော့မယ်တဲ့ ကောင်းတာပေါ့ ငါမပျင်းရတော့ဘူး..

နောက်တစ်နေ့ငါနိုးလာတော့ အိမ်ကတစ်ခုခုထူးဆန်းနေတယ် အမြဲတမ်းအမှုမဲ့အမှတ်မဲ့နေမိလို့ဖြစ်မယ် ဘာထူးဆန်းနေလည်းမပြောတတ်ဘူး အောက်ထပ်ကိုဆင်းလာတော့လည်း တစ်ယောက်မှရှိမနေဘူး Nicolas ကခြံထဲရောက်နေတာလား ဒီအချိန်ဆို Sophia တို့စုံတွဲအိမ်ကိုလာလည်နေကြလေ ဘာလို့ဒီလောက်တိတ်ဆိတ်နေတာလဲ

နေပါဦး!! သူတို့က ပန်းခြံထဲမှာဘာလုပ်နေတာလဲ ငါမပါဘဲပျော်ပွဲရွှင်ပွဲ ကျင်းပနေတာလား? နင်တို့အားလုံးအရိုက်ခံချင်နေကြတယ်ပေါ့

ညဝတ်အင်္ကျီအဖြူရောင်လေးက သူမနဲ့အတူလွင့်မျောနေတယ် အနီးကပ်လာလေ ပုံရိပ်တွေကသိသာလာလေပဲ Shirtအင်္ကျီအဖြူကိုသပ်သပ်ရပ်ရပ်ဝတ်ထားတဲ့ Nicolas ရယ် သူမကိုဝိုင်းကြည့်နေကြတဲ့သူတို့မျက်ဝန်းတွေရဲ့အဓိပ္ပါယ်က သတိထားမိဖို့လုံလောက်ပါတယ် ငါပြန်လှည့်ဖို့အချိန်မီသေးရဲ့လား !?

Nicolasကသူမရှေ့မှာဒူးထောက်လိုက်ရင်း
"Marry me Maiya"တဲ့ အတူနေတဲ့အတောအတွင်း သူ့အပေါ်ခံစားချက်မရှိတာမဟုတ်ပေမယ့် သူ့ကိုတတ်နိုင်သမျှလျစ်လျူရှုခဲ့တယ် ဒီလိုနေ့မျိုးရောက်လာမှာစိုးလို့ ကိုယ်သဘောကျရတဲ့လူဆိုပေမယ့် အဲ့လူကကိုယ့်နံမည်အစား ဒီခန္ဓာကိုယ်ရဲ့နံမည်ကိုခေါ်ပြီး လက်ထပ်ခွင့်တောင်းမှာကိုအရမ်းကြောက်ခဲ့တာ လက်တွေ့မှာတကယ်ဖြစ်လာနေပြီ

ကြောင်အနေတဲ့ Misaki ကြောင့် Nicolasကလွပြီး ကျန်တဲ့နှစ်ယောက်ကစိတ်မရှည်တော့ဘူး သူတို့တစ်ခုခုပြောဖို့ကြံရွယ်နေစဉ်မှာပဲ

How to Flirt with the final bossOnde histórias criam vida. Descubra agora