လေးထောင့်သဏ္ဍာန်ခန်းမတစ်ခုလုံး သတင်းထောက်များပြည့်လျှံနေကာ အလင်းရောင်တို့လည်း ထိန်ညီးနေ၏။ ကောလဟာလတွေပိုများကုန်မှာကြောင့် ဖျက်သိမ်း၍လည်းမဖြစ် ခဏလောက်အချိန်ဆွဲထားပြီးမှ အခြားနည်းလမ်းတစ်ခုရှာရလေမည်။ လောလောဆယ်တော့ Rosey ကပစ္စည်းထုတ်ကုန်အကြောင်း ရှင်းပြနေလေသည်။အချိန်ကြာလာတော့ သတင်းထောက်တွေလည်း သိပ်စိတ်မရှည်တော့ချေ။ ဒါပေမယ့် Rosey ကသူတို့မေးသမျှကို စိတ်ရှည်ရှည်နဲ့ဖြေပေးနေသည့်အပြင် ထုတ်ကုန်အကြောင်းကို စေ့စေ့စပ်စပ်ရှင်းပြနေ၍သာ ငြိမ်နေကြခြင်း။
ရုတ်တရက် မျက်နှာသစ်သတင်းထောက်လူငယ်လေးက ခေါင်းစဉ်ပြောင်းကာမေးမြန်းတော့သည်။
"ကျွန်တော်တို့စောင့်ရတာလည်း တော်တော်ကြာနေပြီ အခုထိထုတ်ကုန်သစ်ရဲ့ နမူနာကိုလည်းမတွေ့ရသေးဘူး မဟုတ်မှလွဲ တစ်ခုခုဖြစ်လို့လား" ထိုကောင်လေးရဲ့စကားအဆုံး ငြိမ်နေသောသတင်းထောက်များလည်း အကုန်အုတ်အုတ်ကျက်ကျက်ဖြစ်သွားတော့သည်။ တစ်ေယာက်တစ်ယောက်မေးခွန်းများအကြား Rosey ဖြေရှင်းနိုင်သည့်အကန့်အသတ်သည်ကျော်လွန်သွားလေပြီ။
တစ်လျှောက်လုံးငြိမ်နေခဲ့ပြီးမှ အခုလိုအခြေအနေကိုရောက်လာတော့
"ကျွန်မသွားပြီးဖြေရှင်းလိုက်ပါ့မယ် ကျွန်မအမှားကို လူသိရှင်ကြားဝန်ခံလိုက်ပြီး ဒီကိစ္စကို ကျွန်မရဲ့ညံ့ဖျင်းမှုအဖြစ်နဲ့ပဲ အဆုံးသတ်လိုက်ပါ့မယ်"
ကောင်းလိုက်တဲ့ဆုံးဖြတ်ချက်။ ဒါပေမယ့် Misaki မှာအစီအစဉ်ရှိနေပြီးသား။
"မင်းကဘာလိုသွားပြောမှာလဲ Mina အဲ့လိုခေါင်းခံလိုက်ရုံနဲ့ ပြသနာကပြီးသွားမှာလား"
"ကျွန်မ..ကျွန်မ"
"သွား စက်ရုံကိုသွားပြီးနမူနာအတွက်ပြန်စိစစ်ပေးလိုက်" Mina ရဲ့မျက်လုံးတို့တောက်ပသွားကာ စက်ရုံကိုထွက်သွားတော့သည်။
Mina ထွက်သွားသည်နှင့် Misaki စင်ပေါ်တက်သွားကာ Rosey ကိုကူညီလိုက်သည်။ stage ကသိပ်မမြင့်သော်လည်း သူမရဲ့အရပ်ကြောင့် ထင်ပေါ်လွန်းနေသည်။ အနက်ရောင် shirt ကိုတံတောင်ဆစ်အထိ လက်ခေါက်တင်ထားပြီး ဘောင်းဘီရှည်နဲ့ရိုးရိုးရှင်းရှင်း ဝတ်ထားတာတောင်မှ သူမရဲ့လှပမှုက လျော့မသွား။ လိပ်ခွေနေသောဆံနွယ်တို့ကို ခပ်မြင့်မြင့်မြှောက်စီးထားတာကြောင့် သူမရဲ့ပြေပြစ်တဲ့နဖူးကမြင်သာနေသည်။ သဘာဝဆန်ဆန်ပြင်ဆင်ခြယ်သမှုလေးနဲ့တင် ထိုမျှကြည့်ကောင်းလွန်းလေရာ ခေတ္တမျှမှင်သက်ကုန်ကြ၏။
ESTÁS LEYENDO
How to Flirt with the final boss
Fantasíaအပြာရောင် hydrangeasတွေရဲ့အဓိပ္ပါယ်ကခွင့်လွှတ်မှုကိုတောင်းခံခြင်းတဲ့ နောက်ကျမှမင်းဆီကိုရောက်လာနိုင်တဲ့အတွက် တောင်းပန်ပါတယ် ကောင်လေး