Arc 4 part 12

3.4K 497 7
                                        

အရိပ်မည်းတို့သည် လူငယ်လေး Naoki အား ဝါးမျိုသွားတော့၏။ သူ့အားရစ်နှောင်ထားသော Misaki ၏နှင်းဆီရိုးကြာပွတ်ကိုပင် ဝါးမျိုစပြုလာကြသည်။ ကြာပွတ်ကို ဓားအသွင်ပြန်ပြောင်းလိုက်ပြီး အားဖြင့် ထိုအရိပ်မည်းတို့အား ခုတ်ပိုင်းလိုက်သည်။ သို့သော် အငွေ့ကိုခုတ်ပိုင်းရသလိုဖြစ်နေပြီး တဖြည်းဖြည်းပိုကြီးမားလာသောအရိပ်မည်းထုကြီးသည် တစ်မြို့လုံးကိုပင်ဖုံးအုပ်မတတ်ဖြစ်နေသည်။ မြို့အတွင်းရှိလူတို့သည် ရုတ်ရုတ်သဲသဲဖြစ်လာကာ အိမ်အတွင်းသို့ဝင်ပြေးကြတော့သည်။ ဆူညံနေသောလမ်းမသည်ပင် သုသာန်နှယ် တိတ်ဆိတ်ခြောက်ကပ်သွား၏။

Misaki system ဆီမှသတိပေးသံကြောင့် ငြိမ်ကျသွားသည်။

System:host ထပ်ပြီး ပြစ်ဒဏ်ခံချင်နေတာလား

"ဟင့်အင်း" သူမခေါင်းကိုအသာရမ်းလိုက်ရင်းဖြေလိုက်သည်။ အဲ့ဒီပြစ်ဒဏ်ဆိုတာကြီးကို သူမ‌ေရ‌ေရရာရာမမှတ်မိပေမယ့် အလွန်တရာကြောက်လန့်ဖွယ်ကောင်းသည်ကိုတော့ ခံစားမိလေသည်။

System: ထပ်တိုးမှတ် +130 ကိုရဖို့ ဇာတ်ကြောင်းကိုပြင်ဆင်ပါ နေရာမှန်ပြန်ရောက်အောင်လုပ်ပါ ကြိုက်တဲ့နည်းလမ်းကိုသုံးလို့ရပေမယ့် ဖြစ်နိုင်ရင်တစ်ယောက်ကိုမှ မထိခိုက်ပါစေနဲ့ မှတ်ထားဖို့က အဓိကဇာတ်လိုက်နှစ်ယောက်ကို မဖြစ်ဖြစ်တဲ့နည်းနဲ့ပေါင်းစည်းပေးရပါမယ် ထပ်တိုးမှတ်က +130 ပါနော် သေချာစဉ်းစားပြီးမှလုပ်ပါ

Misaki ထပ်ပြောဖို့ပြင်လိုက်ပေမယ့် system ဆီမှ "အဆင့်မြှင့်တင်နေပါသည်" ဆိုသည်ကိုသာ ကြားရတော့သည်။ သူမသက်ပြင်းချလိုက်ပြီး ဘေးပတ်လည်ကိုကြည့်မိသည်။ Kazura ကသူမဘေးတွင်ရှိနေပြီး သူမတို့နှစ်ယောက်လုံးသည် အဆောက်အအုံတစ်ခု၏ခေါင်မိုးပေါ်တွင်ရှိနေကြသည်။ ဘယ်တုန်းက ငါကဒီပေါရောက်လာတာလဲ။

Kazura ကတော့ Naoki ရှိသည့်နေရာကို ကြည့်နေသည်။ အရိပ်မည်းများခြံရံထားသဖြင့် Naoki ကိုမြင်ရရန်မဖြစ်နိုင်ပေ။ အမည်းရောင်တိမ်တို့သည် တရွေ့ရွေ့တက်လာပြီး မြို့၏ကောင်းကင်ထက်တွင်လွှမ်းခြုံနေတာကြောင့် ရာသီဥတုမှာမဲမှောင်ပြီးမှုန်ယိုနေသည်။ အရှိန်နှင့်တိုက်လာသောလေပြင်းကြောင့် သူမတို့၏ဝတ်ရုံသည် တဖျတ်ဖျတ်လွင့်နေကြသည်။ မကြာခင်မှာပဲ မူလကိုယ်မုန်းတဲ့ မိုးတွေရွာချလာတော့မယ်။

How to Flirt with the final bossWhere stories live. Discover now