Arc 4 part 14

3.2K 481 2
                                    

မွန်းတည့်ချိန် နေသည်ပြင်းပြစွာတောက်လောင်နေ၏။ ခြေတစ်လှမ်းတိုင်း သဲမြေသည် မီးပမာပူလောင်နေပြီး ညှော်နံ့ပင်ရလာသလိုပင်။ သည်ခက်ခဲလှသည့်အခြေအနေတစ်လျှောက် Kazura မှာလုံးဝနိုးမလာသေးပေ။ သူမ၏နောက်မှာတော့ Naoki ဟာလည်း ချိနဲ့စွာ လမ်းလျှောက်လာ၏။ သည်နယ်မြေသည်ကား ကျိန်စာသင့်နေသည့်ဟု လူပြောများသည်။ မည်သို့သော စွမ်းအင်မှ ထုတ်သုံးမရနိုင်သည့်အပြင် မန္တာန်အစီအရင်တို့သည်ပင် အလုပ်မလုပ်တော့ပေ။ သို့နှင့်ရွေးချယ်စရာမရှိဘဲ Kazura အား သယ်ပိုးထားရင်း အပြင်ထွက်နိုင်ရန် လမ်းရှာနေရသည်။

သူမတို့ရဲ့မနက်ခင်းဟာ ဂူအတွင်းမှာ နိုးထလာခဲ့ပြီး နေ့လည်မှာတော့ သည်ပူပြင်းသည့်နေရာတွင် ဒုက္ခခံနေရလိမ့်မည်ဟု တွေးပင်မတွေ့ခဲ့ဖူးပေ။ အနီရောင်ဝတ်ရုံချင်းတူသော်လည်း Naoki ၏ဝတ်ရုံမှာ ညိုပုပ်ပုပ်သွေးအရောင်နှင့်ဆင်သည်။ အမျိုးမျိုးစမ်းကြည့်ပြီးသည့်တိုင် သူမရော Naoki ပါ စိတ်စွမ်းအင်လုံးဝဖြတ်တောက်ခံထားရကြောင်း မယုံနိုင်သေးပေ။ ဇာတ်လိုက်တောင်မှ ငါ့အနားမှာရှိနေလို့ ကံဆိုးသွားပြီ။

ရှေးကျသော အပင်မျိုးစိတ်တစ်ခု။ ရှုပ်ထွေးပွေလီလွန်းလှသော ပင်စည်အကွေ့အကောက်တို့တွင် နှင်းနှယ်ဖြူဖွေးသော သစ်ရွက်အကိုင်းအခတ်တို့စုဝေးနေကြသည်။ Misaki သည်ထူးဆန်းသည့်အပင်ကြီးအား မနှစ်မြို့သော်လည်း လက်ရှိတွင် အရိပ်ဟူ၍ ထိုနေရာတစ်ခုသာရှိသောကြောင့် တုံ့ဆိုင်းမနေတော့ဘဲ အပင်ဆီဦးတည်သွားလိုက်သည်။

တစ်ချိန်လုံးထမ်းပိုးလာရသည့် လေးလံသောခန္ဓာကိုယ်ကြီးအား အပင်အောက်သို့ အရင်ပစ်ချလိုက်ပြီး အခြေအနေကြည့်လိုက်သည်။ အန္တရာယ်တစ်စုံတစ်ရာရှိမလားလို့။ အတန်ကြာတဲ့အထိ ဘာမှမထူးခြားလာသောကြောင့် သူတို့ပါ အပင်၏အရိပ်အတွင်း ခိုဝင်လိုက်ကြ၏။ နေရောင်တစ်ပေါက်ပင်မကျဘဲ အေးမြသည့်အရိပ်အကာအကွယ်ကြောင့် ခြေပစ်လက်ပစ်လဲချလိုက်မိသည်။ Naoki ကတော့ သပ်ရပ်စွာပင် မလှမ်းမကမ်းတွင်ထိုင်နေ၏။ မှုန်ဝါးသောမျက်လုံးများနှင့် သူ၏အမြင်အာရုံသည်ကောင်း‌ကောင်းအလုပ်မလုပ်တော့ပေ။ သို့သော်ငြားလည်း မျက်စိကွယ်နေခြင်းမျိုးမဟုတ်ဘဲ ထိုမျက်လုံးမရှိရင်ပင် ကောင်းစွာနေထိုင်နိုင်သည်။ Naoki အားကြည့်နေရင်း စကားတစ်ခုကိုပင်သတိရသွားသည်။ အမြင်သက်သက်မဟုတ်တဲ့ ခံစားသက်ဝင်ခြင်း။

How to Flirt with the final bossWhere stories live. Discover now