အချိန်ခြောက်လဟာ လျှင်လျှင်မြန်မြန်ပဲကုန်ဆုံးသွားတော့တယ်။ Misaki ကသူမရွေးချယ်ခဲ့တဲ့အမျိုးသမီးတွေနဲ့အတူ သူမရဲ့ကုမ္ပဏီကိုအောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့တယ်။ Ginta ဟာအခုချိန်ထိ Misaki ရဲ့အောင်မြင်မှုကို လက်မခံနိုင်ချင်ဘူး။ ဒါပေမယ့် သူကတိအတိုင်း Misaki နဲ့ Yuukiဆီထပ်မလာတော့ဘူး။
Yuuki ကမနက်စောစောထပြီး သူရဲ့အမေနိုးလာမှာကိုစောင့်ကြည့်နေတယ်။ ဒီခြောက်လအတွင်း သူကိုအနားမှာဆက်ထားနိုင်ဖို့ Misaki ဟာအလုပ်အရမ်းကြိုးစားခဲ့ရတယ်။ တစ်ခါတလေဆို Yuuki ကိုတောင်ဂရုမစိုက်နိုင်လေဘူး။ ဒီနေ့တော့ မေမေကိုကစားကွင်းလိုက်ပို့ခိုင်းရမယ်။ Misaki သူမသားငယ်ကိုပွေ့ဖက်လိုက်ရင်း
"နိုးပြီလား Yuuki မေမေ့ကိုနမ်းပါဦး" ကလေးငယ်ကသူ့မိခင်ရဲ့ပါးကိုနမ်းလိုက်ရင်း
"မေမေ သားကိုကတိပေးထားတာကိုမှတ်မိလား"
"ကစားကွင်းသွားဖို့မလား အန်တီ Rosey နဲ့သွားလေ"
"မေမေကရော သားကမေမေနဲ့သွားချင်တာကို"
"ဟုတ်လား အဲ့ဒါဆို အန်တီ Rosey နဲ့မသွားချင်ဘူးလား သားရဲ့ချစ်လှစွာသော Gen ကိုရောမခေါ်တော့ဘူးပေါ့ အင်းအင်း Yuuki နဲ့မေမေနဲ့ပဲတူတူသွားမယ်"
"မဟုတ်ဘူးလေ သားက Gen ရော မေမေရော အန်တီ Rosey နဲ့ရောတူတူသွားချင်တာကို" ကလေးငယ်ဟာသူရဲ့လက်လေးတွေနဲ့ အင်္ကျီကိုချေမွရင်းပြောလေတယ်။ မနက်ခင်းနဲ့နေရောင်က ကောင်လေးရဲ့မျက်နှာအသားရေလေး အနီရောင်ပြောင်းနေတာကိုသိသာစေတယ်။
"အဆိုးလေးက သူကြိုက်တဲ့လူနဲ့ယှဉ်လိုက်ရင် မေမေ့ကိုအမြဲတမ်းဒုတိယပဲပေးတယ် စိတ်မကောင်းလိုက်တာ" Misaki ကငိုတော့မယ့်ကလေးလိုမျိုးပြောလိုက်တယ်
Yuukiတစ်ယောက် သူ့မေမေကိုထပ်နမ်းလိုက်ရင်း သားကမေမေ့ကိုအချစ်ဆုံးလို့ပြောပြီး အခန်းထဲကပြေးထွက်သွားတယ်။ ကြာကြာနေရင် မေမေကရစ်လို့ပြီးမှမဟုတ်ဘူး Gen ကိုသဘောကျတဲ့ပုံစံနဲ့ မေမေ့ကိုချစ်တာနဲ့တူမှမတူတာကို မေမေက ကလေးဆန်လိုက်တာ!
Misaki နဲ့လက်တွဲခဲ့ကြသော ထိုအမျိုးသမီးတို့သည် အခုချိန်တွင်ကိုယ်အတွက်ကိုယ်ရပ်တည်နိုင်ကြနေပြီ။ သူတို့ယောက်ျားတွေရဲ့ဂရုစိုက်မှုတွေကိုပြန်ရသွားပေမယ့် အရင်လိုသူမတို့ယောက်ျားအပေါ်မျှော်လင့်ချက်မထားတော့ဘူး။ အလုပ်နဲ့ ကလေးတွေအပေါ်သာအာရုံစိုက်ကြလေတယ်။ ဒီပြောင်းလဲမှုကို လက်မခံနိုင်တဲ့ယောက်ျားတွေဟာ Misaki ကိုမကျေနပ်ကြဘူး။ သူတို့ထောင်ချောက်ထဲကလူတွေကို လွတ်လပ်ခွင့်ပေးလိုက်တဲ့အတွက် သူမရဲ့ကုမ္ပဏီကိုအမျိုးမျိုးနှောင့်ယှက်လေတယ်။ အဲ့လိုအနှောင့်အယှက်တွေကြားကပဲ Misaki ရဲ့ကုမ္ပဏီဟာပိုအောင်မြင်လာတယ်။
YOU ARE READING
How to Flirt with the final boss
Fantasyအပြာရောင် hydrangeasတွေရဲ့အဓိပ္ပါယ်ကခွင့်လွှတ်မှုကိုတောင်းခံခြင်းတဲ့ နောက်ကျမှမင်းဆီကိုရောက်လာနိုင်တဲ့အတွက် တောင်းပန်ပါတယ် ကောင်လေး