Arc 7 Cool and smart

291 24 0
                                    

      တိမ်တွေကြား ထိုးထွက်လောက်အောင် မြင့်မားလှသည့်အဖြူရောင်အဆောက်အအုံ အတွင်းမှ အပြစ်သားနှစ်ယောက်သည် အချင်းချင်း အမှီသဟဲပြုရင်း ခပ်ဖြေးဖြေးထွက်လာနေကြသည်။ နောက်ဆုံးတော့ လွတ်မြောက်လာပြီ ဖြစ်သည်။

     System သူ့ရင်ညွန့်ထက်မှ ခြောက်ထောင့်ကြယ် တံဆိပ်လေးအား ကြည့်ရင်း ငိုချင်လာရသည်။ သီးခြားရပ်တည်နိုင်တဲ့ system ဖြစ်ဖို့က အိပ်မက်ပါဆိုနေမှ။ နောက်ဆုံးတော့ အဖွဲ့အစည်းဆီ ပြန်ရောက်သွားပြီ ဖြစ်သည်။ အဲ့တာ host မကောင်းလို့ ဖြစ်ရတာ။

    Misaki အကြောဆန့်ရင်းမှ သူမအား မကျေမချမ်းကြည့်နေသော System ကို သတိထားမိသွားသည်။ ထိုကောင်လေးအား လက်တစ်ဖက်ဖြင့် ပခုံးမှ ဆွဲယူလိုက်ပြီးနောက် နည်းနည်းပါးပါးသင်ပြပေးရန် တွေးလိုက်သည်။ ဘာပဲဖြစ်ဖြစ် ဒီလိုတရားခံပြေးလေးတွေသဖွယ် ဆက်ဆံခံရတာ သူမစနက်လည်းပါသည်မို့။

   "ဘဝဆိုတာ အမြဲအံ့ဩစရာတွေပြည့်နေတာ။ လိုချင်တာမရရင် ရတာကိုလိုချင်လိုက်။ အဲ့အဖွဲ့အစည်းတစ်ခုလုံးကို ဝါးမျိုပြီး ကောင်းကင်အထိတက်လှမ်းပစ်လိုက်" ဦးခေါင်းနောက်လန်ကျမတတ် မော့ကြည့်ရသော အဖြူရောင်အဆောက်အဦးအား ညွှန်ပြရင်း misaki ပြောလိုက်၏။

  အေးအေးချမ်းချမ်းကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ကာ သာမာန်အတိုင်းလေးနေချင်သည့် system: ...(ဒါကြီးက နှစ်သိမ့်စကားတဲ့လား)

   ဘာပဲဖြစ်ဖြစ် တရားဝင်အဆင့်ရောက်သွားပြီဖြစ်ရာ သေချာပေါက် အဖွဲ့အစည်း၏စည်းမျဉ်း‌စည်းကမ်းတွေကို လိုက်နာရတော့မည်ဖြစ်သည်။ ပုံမှန်ဆို system နဲ့ host ကြားမှာလည်း စည်းကမ်းသတ်မှတ်ချက်တွေထားရှိရမှာပေမယ့် မိမိ၏hostအကြောင်း မိမိထက်သိနိုင်မည့်သူမရှိတော့တာကြောင့် မေ့လိုက်တော့ စည်းကမ်းချက်ဆိုတာတွေ။ သူလည်းလုပ်ချင်ရာလုပ်ပြီး ငါလည်းငါလုပ်ချင်တာငါလုပ်မှာပဲ။ တစ်ယောက်တည်းရပ်တည်ချင်ရသည့် အကြောင်းတွေထဲ ထိုစိတ်ရှုပ်စရာ စည်းဘောင်တွေဆီမှ လွတ်မြောက်လိုခြင်းကလည်း တစ်ခုအပါအဝင်ဖြစ်သည်။

    သည်လိုနှင့် နှစ်ဦးသား အစီအစဉ်မကျ ကြုံသလိုရွေးချယ်ထားခြင်းမဟုတ်ဘဲ အဖွဲ့အစည်းထံမှ တာဝန်ပေးအပ်ခြင်း ခံထားရသည့် ပထမဆုံးကမ္ဘာထံသို့ ရောက်ရှိလာခဲ့ကြသည်။

How to Flirt with the final bossWhere stories live. Discover now