အိမ်ပြန်ရောက်ဖို့ အချိန်အတော်ကြာသွားသလို ခံစားရ၏။ ဒီခန္ဓာကိုယ်သေးသေးလေးအတွက် ဒီနေ့ကြုံရသမျှဟာ အတော်ကို ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေဖြစ်သည်။ မူလ Sue သာဆို Momoko ကိုထမ်းပြီးပြေးရသည့်အတွေ့အကြုံမျိုး ရှိမည်မဟုတ်ပါ။ နှစ်ယောက်သား မတည့်ကြသည့်အပြင် မြင်တွေ့လိုက်သည်နှင့် မျက်စောင်းများ အပြိုင်အဆိုင်ထိုးကြသည့် ဆက်ဆံရေးဖြစ်သည်။
Eve ရဲ့အကူအညီမပါဘဲ ဇာတ်လိုက်မကို အိမ်ထဲခေါ်သွင်းလာပြီးနောက်မှာတော့ ယနေ့အိမ်အခြေအနေမှာ မူမမှန်နေသည်ကို သတိထားလိုက်မိသည်။ အမြဲတစေ တီဗွီရှေ့တွင်ထိုင်၍ ဇာတ်လမ်းတွဲဒရာမာကြည့်တတ်သော သူမအမေမှာ နေရာတွင်ရှိမနေပေ။ အိမ်တွင် တိတ်ဆိတ်မှုတို့ ကြီးစိုးနေလေရာ ထိုအရာက လူကိုစိတ်မသက်မသာဖြစ်စေသည်။
"အမေ ဘယ်မှာလဲ" Eve က အိမ်ရှိတံခါးအကုန် စေ့ပိတ်နေစဉ် misaki မှာ မိခင်ထံမှ ပြန်ဖြေသံ ကြားရလိုကြားရငြား အသံပြုမိရသည်။ Momoko အား တွဲထားရင်း ဒုတိယထပ်သို့တက်လာစဉ် လေအေးတစ်ချက်က သူမနားအား ဖြတ်တိုက်သွားသည်။
"အန္တရာယ်များတယ် သူ့ကိုလွှတ်ချလိုက်" တိုးလျအက်ကွဲသည့်အသံကသူမခေါင်းပေါ်မှ ထွက်လာသည်။
ရုတ်တရက်ဖြစ်လေရာ misaki မှာ Momoko အား ထိန်းမထားနိုင်ဘဲ လွှတ်ချမိသလို ဖြစ်သွားသည်။ ကြမ်းပြင်ထက် ခွေခေါက်ပြီး လဲကျသွားသည့် ဇာတ်လိုက်မမှာ အသံတောင် ထွက်မလာပေ။
မိခင်ဖြစ်သည့်အလျှောက် သားသမီးအား အန္တာရယ်ပြုလာနိုင်သည့်သူအပေါ် မဖော်ရွေနိုင်ပေ။ ထိုကလေးအား အင်္ကျီကော်လံမှ ဆွဲမကာ အောက်ထပ်သို့ ပြန်ဆင်းလာခဲ့သည်။ misaki မှာ သူမမိခင်အား နားမလည်နိုင်တော့ပေ။ ထိုပိန်သွယ်သော အမျိုးသမီးက သူမနှင့်မတိမ်းမယိမ်းခန္ဓာကိုယ်အား စွေ့ကနဲမသွားသည့်မြင်ကွင်းမှာ ပုံမှန်ဆို အသားအရည်ထိန်းသိမ်းဖို့ပဲသိပြီး နုနုရွရွနေတတ်သည့်သူနှင့် တစ်ယောက်တည်းဟု မထင်ရပေ။ အခုကျ ခါးနာမှာတောင် မကြောက်တော့ပုံပဲ။
"လိုက်မလာနဲ့ ဝေးဝေးမှာနေ" misakiအား လှေကားရင်းတွင်သာ ရပ်ခိုင်းထားလျက် ဇာတ်လိုက်မအား အခန်းတစ်ခုထဲသို့ ပစ်သွင်းလိုက်သည်။ ထို့နောက် Eve အား စတင်ကာ ဆူပူတော့သည်။
DU LIEST GERADE
How to Flirt with the final boss
Fantasyအပြာရောင် hydrangeasတွေရဲ့အဓိပ္ပါယ်ကခွင့်လွှတ်မှုကိုတောင်းခံခြင်းတဲ့ နောက်ကျမှမင်းဆီကိုရောက်လာနိုင်တဲ့အတွက် တောင်းပန်ပါတယ် ကောင်လေး