Arc 2 part 1

7.1K 829 13
                                    

Misaki နှာခေါင်းထဲတိုးဝင်လာသည့် ပိုးသတ်ဆေးနံ့တွေကြောင့် မျက်မှောင်ကျုံမိသည် ငါဆေးရုံကိုရောက်နေတာပဲ မျက်လုံးဖွင့်ဖို့ကြိုးစားလိုက်‌ေပမယ့် တံခါးပွင့်သွားသည့်အသံနဲ့အတူ စကားပြောသံတွေကိုကြားလိုက်ရတာကြောင့် မဖွင့်ကြည့်တော့ပဲ နားကိုအသာစွင့်ထားမိသည်။

"Misaki ကိုယ်ပါ မင်းရဲ့သူငယ်ချင်းလည်းရာက်‌ေနတယ်"

"ကျွန်မတို့လာတာ အနှောင့်အယှက်များဖြစ်နေမလား Darling"

ဩရှရှယောက်ျားသံရယ် အဆုံးမှာတိုးဝင်သွားတဲ့မိန်းမတစ်‌ေယာက်ရဲ့ညုတုတုအသံ
အသံတွေရဲ့တုန်ခါမှုက နားစည်တစ်လျှောက်စီးဝင်သွားပြီး သူမရင်ထဲကအကြောက်တရားတွေကို ပဲ့တင်ထပ်နေသည်။ တစ်ယောက်က ချစ်လှစွာသောသူမရဲ့အမျိုးသား နောက်တစ်ယောက်ကတော့ သူမရဲ့လုပ်ဖော်ကိုင်ဖက်မင်းသမီး
နှစ်ယောက်လုံးရဲ့အတွင်းစိတ်က အမှောင်ကျပြီးကောက်ကျစ်လွန်းတယ် မြေခွေးလိုဟန်ဆောင်ကောင်းတဲ့ဟာတွေ!!

မဖိတ်ခေါ်ပါတဲ့ ဧည့်သည်နှစ်ယောက်ပြန်သွားသည့်တိုင် Misaki မလှုပ်ရှားရဲသေး နှေးကွေးလွန်းတဲ့အသက်ရှုသံသဲ့သဲ့က‌ အခန်းငယ်လေးကို လွမ်းခြုံထားတယ်

ရုတ်တရက်သူမလက်ပေါ်ကျရောက်လာတဲ့ အထိအတွေ့ မိန်းမပျိုတစ်ယောက်ကသူမကိုသန့်ရှင်းရေးလုပ်ပေးနေတာဖြစ်မယ်
" မြေခွေးလိုဟာတွေ မသေနိုင်သေးဘူးလား တစ်နေ့တစ်နေ့ ငါ့အစ်မကိုပဲစိတ်ဒုက္ခပေးနေတယ်" ဒီအသံ!! ခပ်စွာစွာကောင်မလေးတစ်ယောက် သူမဆီကလျစ်လျူရှုခံရတာတောင်မှ အမြဲအနားမှာရှိနေတဲ့ကလေးမလေး ဘယ်သူတွေဘယ်လောက်အပြစ်တင်နေပါစေ သူမဘက်ကအမြဲရှိနေခဲ့တယ် သူမရဲ့တစ်ဝမ်းကွဲညီမလေး ပုံပြင်‌ထဲကမြေခွေးတွေဘယ်လောက်ကောက်ကျစ်ကြောင်း အတူတူနားထောင်ဖူးတယ် မေပယ်လ်ရွက်တွေအောက်မှာအတူရယ်မောဖူးတယ် ဒီကလေးငယ်ကသူမအတွက်အသက်ပေးဖို့အဆင်သင့်ဖြစ်နေခဲ့တဲ့အချိန် သူမတော့အပြစ်မရှိတဲ့ကလေးငယ်ကိုမယုံကြည်ပေးခဲ့ဘူး ယုတ္တိမရှိတဲ့စကားတွေကိုနားယောင်ပြီး အေးခဲတဲ့တစ်ညမှာ သူမဆီကထွက်သွားခိုင်းခဲ့တယ် ဒါတောင်မှဒီကောင်မလေးကသူမ့ကိုပြုစုစောင့်ရှောက်ပေးနေဆဲတဲ့လား

How to Flirt with the final bossDonde viven las historias. Descúbrelo ahora