အရှိန်ပြင်းပြင်းတိုက်ခတ်လာသော လေညှင်းက သူမမျက်စိထဲက ထိုအမျိုးသား၏ပုံရိပ်အား ယိမ်းယိုင်သွားအောင် မလုပ်နိုင်ပေ။ အဲ့ဒီလူက သူမဘဝထဲတွင် နှုတ်မရတဲ့သံချောင်းဆိုတာထက် အမြစ်ခိုင်ခိုင်မာမာတွယ်နေပြီးဖြစ်သော နှစ်ရှည်ပင်လို တည်ရှိမှုမျိုးဖြစ်သည်။ မေ့ထားဖျောက်ထား အကြိမ်ကြိမ် ချောင်ထိုးမသိချင်ယောင်ဆောင်ထားချင်ရပေမယ့် ကံဆိုးသည်က သူမမှာ အဲ့လိုလုပ်နိုင်တဲ့ နှလုံးသားမျိုးမရှိပေ။
တကယ်တော့ သူမကိုယ်သူမ မကြာခဏမေးမိရသည်။ ဘာလို့ အဲ့ဒီလူမှလဲ။ ဘယ်သူမှခွဲစရာမလိုဘဲ အလိုလိုကွဲကြေနေပြီးသား သူမတို့ဆက်ဆံရေးမှာ ဘာများမက်မောစရာကျန်နေသေးလို့လဲ။ ဘယ်တုန်းကမှ ထိုသူဆီက ဘာမှမမျှော်လင့်ခဲ့ဖူးသလို ထမင်းအတူစားဖို့ အဖော်ပြုပေးဖို့ လူလိုရုံလေးကြောင့်လည်း ဒီေလာက်အထိခက်ခက်ခဲခဲကြိုးစားနေစရာမလိုပါပေ။ အဲ့လူကိုသာ လောဘမကြီးခဲ့ရင် ဘာကိုမှ ထပ်မလိုတော့လောက်အောင် ပြည့်စုံနေပြီးသားဘဝ။ အဲ့ဒီလူအတွက်နှင့် အကုန်ရင်းပစ်ခဲ့သည်။ ဘာဆိုဘာမှမကျန်တဲ့အထိ။ အသက်ဝိညာဉ်အထိ အကုန်ပေးနိုင်ခဲ့သည်။ မာနတရား ပိုင်ဆိုင်မှုတို့ဆိုသည်မှာ ထည့်ပြောစရာပင်မလို ဟိုးအရင်ထဲက ထိုလူရဲ့အပိုင်ပင်။
ဒါတောင်မှ ငြင်းပယ်ခံခဲ့ရတော့ ဒီသစ္စာဖောက်ခံရသလို ခံစားချက်က အရိုးထဲအထိ နာကျင်အောင် ထိုးနှက်နေခဲ့သည်။ အဲ့ဒီလူကို ထပ်မတွေ့ရတော့ဖို့ မျှော်လင့်ခဲ့တယ်။ သူမဘဝထဲကနေ William ကိုခေါ်ထုတ်ပေးသွားမယ်ဆိုရင် ဘယ်လိုလောင်းကြေးကိုပဲ ထပ်ရထပ်ရ လက်ခံဖို့ အသင့်ဖြစ်နေခဲ့တယ်။ ဒါဟာ အတိတ်ကသူမရဲ့ တစ်ဖက်သတ်အတွေးတွေပါပဲ။ လက်တွေ့မှာတော့ သူ မပါဘဲ ဘာအတွက် ဆက်ရှေ့ဆက်ချင်ရဦးမှာလဲ။ သူ မပါဘဲနဲ့ ဘယ်လိုလုပ်ပြီးများ ဆက်ရှင်သန်နိုင်မယ် ထင်ရတာလဲ။
မျက်စိရှေ့က ကလေးမလေး၏ အတွေးထဲနစ်နေပုံက ထူးဆန်းပေမယ့် ဘယ်နေရာကမူမမှန်နေမှန်း အတိအကျမပြောနိုင်ပေ။ အရွယ်နှင့်မလိုက်အောင် တစ်ခုခုကြံစည်နေသည့်ပုံစံကို မြင်ရလေတိုင်း Lucas တစ်ယောက် သူ့အတွက် တကယ်အရေးကြီးတဲ့တစ်စုံတစ်ခုကို မေ့ပျောက်ထားမိသလိုခံစားရကာ ကိုယ့်ကိုယ်ကိုယ်အပြစ်တင်စိတ်တွေကလည်း ခန္ဓာကိုယ်အပြည့် လွှမ်းခြုံသွားသည်။ ဒါကြောင့် ဒီကလေးကို စိတ်ထဲ သဘောမတွေ့တာပေ။ တစ်ခါဆုံလေတိုင်း အဆင်ပြေနေပါသော သူဘဝမှာ ကြမ်းကြမ်းတမ်းတမ်းဖြင့် ထပ်ခါထပ်ခါ ကိုင်လှုပ်ခံလိုက်ရသလိုပင်။
ŞİMDİ OKUDUĞUN
How to Flirt with the final boss
Fantastikအပြာရောင် hydrangeasတွေရဲ့အဓိပ္ပါယ်ကခွင့်လွှတ်မှုကိုတောင်းခံခြင်းတဲ့ နောက်ကျမှမင်းဆီကိုရောက်လာနိုင်တဲ့အတွက် တောင်းပန်ပါတယ် ကောင်လေး