ရှေ့တိုးလာနေတဲ့သူမကိုမြင်တော့ Mr Jordanကသူ့အင်္ကျီအိပ်ကပ်အပေါ်လက်တင်လိုက်ပြီး
"မင်းကိုနောက်လှည့်ပြီး သေနတ်နဲ့ပစ်မယ်ဆိုရင် မင်းလည်းသေမယ် ဒီကျောင်းသားတွေနဲ့အတူငါလည်းကားမှောက်ပြီးအကုန်သေမယ် အဲ့တော့ ဘယ်သူအကျိုးရှိသွားမလဲ မိန်းကလေး"
လှမ်းရန်ပြင်နေသောခြေထောက်တစ်ဖက်ကို တန့်လိုက်ရသည် ဒီလူတကယ်ပဲ ဘာဖြစ်ချင်နေတာလဲ သူ့အသက်နှင့်တောင်လောင်းကြေးထပ်နေပြီ။ Misaki သူမရဲ့ယိမ်းယိုင်နေတဲ့ အသွင်အပြင်ကိုထိန်းပြီး မတ်မတ်ရပ်လိုက်သည်။ ဘယ်ဘက်မျက်လုံးပေါ်မှာ ဖြာကျနေတဲ့ဆံနွယ်တွေကိုပင့်တင်လိုက်သည့်နောက် အထက်စီးဆန်သည့်မျက်နှာချောချောဟာပြည့်စုံလွန်းနေသည်။တစ်ဖက်ကသေဖို့ဆုံးဖြတ်ထားမှတော့ သူမလည်းအသက်ရှည်ေကြာင်းနည်းလမ်းကောင်း ဆိုပြီးဟောပြောနေမည်မဟုတ်ပေ။
"Mr Jordan ရှင်အဆင်သင့်ဖြစ်နေပြီလား" လူအိုကြီးရဲ့မျက်နှာပေါ်က အပြုံးဖျော့ဖျော့ဟာ တွေဝေခြင်းတို့လောက်အားမကောင်းပါပေ။ ကားမှန်ပေါ်တွင်အရိပ်ထင်နေသော သူ့ပုံရိပ်တွင်မှတ်မိစရာဆိုလို့ ခပ်နွမ်းနွမ်းမျက်လုံးတွေသာကျန်တော့သည်။ ရောဂါအခံ ဆေးအရှိန်တွေကြောင့် သူဟာဇရာထောင်းနေသောအဘိုးအိုအရွယ်ဖြစ်နေသည်။ သူသူ့သက်တမ်းတစ်လျှောက် မိမိကိုယ်ကိုစေ့စေ့စပ်စပ်သေချာမကြည့်ဖူးပေ။ တုန်ရီနေတဲ့လက်တစ်စုံက နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းနိုင်ဖို့ အတင်းရုန်းကုန်နေရသည်။တစ်ဘဝလုံး သူများအတွက်ပဲလှုပ်ရှားနေခဲ့ရပြီး မိမိကိုယ်ကိုတောင်သတိမထားမိတော့ပေ။ ဟား ငယ်ရွယ်မှုဆိုတာတကယ်ပြန်မရနိုင်တာပဲ။
အသိဝင်လာသည့်အချိန်တွင်တော့ မိန်းမပျိုသည်သူနှင့်အနီးဆုံးနေရာသို့ပင်ရောက်နေပြီ။ လက်ကအလိုလို အိတ်ကပ်ထဲကသေနတ်ကိုဖိကိုင်လိုက်မိသည်။ ကျန်လက်တစ်ဖက်တည်းနဲ့ထိန်းထားရဖြင့် ကားတစ်စီးလုံးယိမ်းထိုးနေသည်။ ဒီအခြေအနေကိုထိန်းထားနေရသဖြင့် မိန်းမပျိုရဲ့ခပ်နောက်နောက်အပြုံးကိုသတိမမူမိပေ။
"ရှင်တကယ်အဆင်သင့်မဖြစ်သေးဘူးပဲ ဘာလို့ကိုယ့်ကိုကိုယ်အတင်းတွန်းအားပေးပြီး သေကြောင်းကြံနေရတာလဲ ပြီးတော့ဒီကလေးတွေကရော ရှင်တပည့်တွေမဟုတ်ဘူးလား ပြောတော့ရှင်ကအားကိုးရတဲ့ဆရာတစ်ယောက်ဖြစ်ချင်တာပါဆို အခုကျကလေးတွေကိုရှင့်လက်တွေနဲ့သတ်ပစ်နေပြီ လူလိမ်ကြီး ရှင်..ရှင့်ကိုဘယ်လိုယုံပေးရမှာလဲ" အချို့စကားလုံးတွေက Systemရဲ့အကူအညီနဲ့ Mr Jordan၏ ဦးနှောက်ကို scan ဖတ်လိုက်သည့် ရလဒ်ဖြစ်သည်။သူ့အတွေးတွေထဲမှာရှိရှိသမျှက ထိုမိန်းကလေးအကြောင်း။ မိမိချစ်ကျွမ်းဝင်ရပါသော သူငယ်ချင်းမလေး။ သူမရဲ့နောက်ဆုံးထွက်သက်မတိုင်မီပြောသွားသောစကား "ဘယ်လိုယုံရမလဲတဲ့"။
ESTÁS LEYENDO
How to Flirt with the final boss
Fantasíaအပြာရောင် hydrangeasတွေရဲ့အဓိပ္ပါယ်ကခွင့်လွှတ်မှုကိုတောင်းခံခြင်းတဲ့ နောက်ကျမှမင်းဆီကိုရောက်လာနိုင်တဲ့အတွက် တောင်းပန်ပါတယ် ကောင်လေး