ဆူညံနေသော အသံများသည် Misaki ၏အာရုံကိုဖုံးလွှမ်းသွား၏။ ဒီလောက် နေရာတွေအများကြီးရှိရဲ့နဲ့ ဒီနားပဲရန်လာဖြစ်နေကြတယ်။
Misaki ၏အကြားအာရုံသည်အလွန်ကောင်းသောကြောင့်သာ ကြားနိုင်ခြင်းဖြစ်သည်။ နယ်နိမိတ်အလွန်တွင်ဖြစ်နေသောစစ်ပွဲအား သူမသက်တော်စောင့်ပင် သတိမထားမိပါ။ မိစ္ဆာနှင့်ကောင်းကင်ဘုံကြားက စစ်ပွဲသည် ပြင်းထန်လာ၏။ Misaki ကမူလဇာတ်ကြောင်းကို သတိရမိသွားသည်။ ကောင်းကင်ဘုံကိုဆန့်ကျင်လိုသော မူလကိုယ်သည် ထိုစစ်ပွဲတွင် ပူးပေါင်းခဲ့သည်။ မိစ္ဆာဘုရင်၏ဘက်တော်သားအဖြစ်နှင့် ကောင်းကင်ကိုတော်လှန်ခဲ့သည်။ အနိုင်ရပြီးနောက်မှာ သူတို့ဟာအတွဲညီတဲ့ပုန်ကန်သူနှစ်ယောက်ဖြစ်ခဲ့ကြသည်။ တစ်ရက်မှာတော့ မိစ္ဆာဘုရင်က သူ့လက်နှင့်ပင် မူလကိုယ်အား ဇာတ်လိုက်မဆီအညံ့ခံစေသည်။ ထပ်ပြီးတော့ ဒီဇာတ်လိုက်မကပဲ အနိုင်ရပြန်ပြီလား။ ယောက်ျားသားတို့၏အကူအညီနှင့် စွမ်းအားကြီးပြီး အမှီအခိုကင်းသည့်စစ်နတ်ဘုရားမဖြစ်သွားသည်ပေါ့။ ဒီကမ္ဘာရဲ့တာဝန်ရှိသူရေ ရှင်ပြောတဲ့အမှီအခိုကင်းတယ်ဆိုတာကြီးကလည်းနော် ယောက်ျားတကာကသူမအလှမှာကျရှုံးပြီး စိတ်အားထက်သန်စွာ ကူညီနေကြတာကြီးကို မမြင်ချင်ယောင်ဆောင်နေတာလားဟင်။
Misaki ထိုတိုက်ပွဲတွင် ပွဲ့ကြည့်ပရိသတ်သွားလုပ်ရန်ဆုံးဖြတ်လိုက်သည်။ ရှည်လျားလှသောဂါဝန်အနီသည် သူမအား သွယ်ကျကျော့ရှင်းစေ၏။ မျက်နှာထက်မှ ပန်းပွင့်သဏ္ဍာန်တက်တူးကတော့ ပုဝါဖြင့်ဖုံးအုပ်ခြင်းခံလိုက်ရပြီ။ ဂါဝန်ကရှည်လျားလွန်းသောကြောင့် သူမ၏ခြေထောက်များပင် မြင်ရရန်မဖြစ်နိုင်ပေ။ သို့သော် ဝင်းမွတ်သောပုခုံးသားများ ခါးသွယ်သွယ်အထက်မှ အပြစ်အနာအဆာကင်းသောကျောပြင်မှာတော့ အတိုင်းသားမြင်ရလေသည်။
သူမအဆင်သင့်ဖြစ်လောက်သည့်အချိန်တွင် လက်သေးသေးလေးများက သူမ၏အဝတ်စကိုလာဆွဲလေ၏။ မျက်မှောင်ကျုံထားသောကြောင့် တစ်စုံတစ်ရာကို အလိုမကျနေသည်မှာ အသိအသာပင်။ ဖြောင်းဖျ၍မရသည့်အဆုံး ထိုကလေးကိုပါ ခေါ်လာခဲ့ရသည်။ Misaki မန္တာန်တစ်ခုဖြင့် သူမတို့၏တည်ရှိနေမှုကို ဖုံးကွယ်ထားလိုက်သည်။ မြင်ကွင်းကောင်းသော ကျောက်ဆောင်တစ်နေရာထက်တွင် နေရာယူလိုက်ရင်း ထိုတိုက်ပွဲကို စောင့်ကြည့်နေလိုက်သည်။
YOU ARE READING
How to Flirt with the final boss
Fantasyအပြာရောင် hydrangeasတွေရဲ့အဓိပ္ပါယ်ကခွင့်လွှတ်မှုကိုတောင်းခံခြင်းတဲ့ နောက်ကျမှမင်းဆီကိုရောက်လာနိုင်တဲ့အတွက် တောင်းပန်ပါတယ် ကောင်လေး