Arc 6 part 18

149 17 0
                                    

    အချက်ပေး alarm သံဟာ ဆူညံစွာထွက်ပေါ်လာပြီးနောက် လူအဝင်အထွက်အား တင်းကြပ်စွာ ပိတ်ပင်ထားလိုက်တော့၏။ ဒါက ကျူးကျော်သူတွေ ဝင်လာပြီဆိုသည့် အဓိပ္ပါယ်ပင်။ ဒီအခန်းငယ်အတွင်းမှာ လုံခြုံသည်ဆိုပေမယ့် သူမတို့မှာ တာဝန်အသီးသီး ရှိနေလေရာ မဖြစ်မနေ ဖောက်ထွက်မှရမည်။

    Lucas နှင့် Emma တို့က ကျူးကျော်လာသူလူအုပ်အား ထိန်းချုပ်နိုင်ရန် တပ်ကူအဖြစ်သွားမည်ဖြစ်ပြီး သူမကတော့ Wnew ၏ပင်မရုံးချုပ်ဆီကို သွားကာ ခေါင်းဆောင်နှင့် တွေ့ရမည်။ မျှော်လင့်ထားသလိုပင် ရောက်လာတာ တစ်ပတ်မပြည့်သေးသည့် ဇာတ်လိုက် Henry မှာ သဲလွန်စမကျန်ဘဲ ပျောက်လို့နေသည်။

   ကိုယ့်အစီအစဉ်နှင့် ကိုယ်ထွက်ခွာရန် အသင့်ဖြစ်နေကာမှ misaki တစ်စုံတစ်ရာအား ဆက်စပ်တွေးတောမိသွားသည်။ မုန်းဖို့ကောင်းလောက်အောင် သူငယ်ပြန်နေသည့်ကလေးတစ်သိုက်နှင့် မူကြိုတက်ရစဉ်ကာလကိုဖြစ်သည်။ system ၏ပြောကြားချက်အရဆို သူတို့၏နေ့စဉ်ဘဝတွေ လုပ်ဆောင်ချက်တွေဟာ အရင်သက်တမ်းနှင့် လုံးဝတူညီနေရမှာဆိုပေမဲ့ သူမဘေးနားက အတန်းဖော်၏ရောင်စုံပန်းချီကားတွေမှတစ်ဆင့်ပြောပြနေသည်မှာ အနှီယူဆချက်မှာ မှားနေသည်ဟူ၍။ တစ်ခါအိပ်စက်ပြီးသွားတိုင်း သူတို့ရဲ့အသိဉာဏ်ကထုံထိုင်းလာပြီး မူမမှန်သည့်အတွေးတို့ စတင်လာသည်။ ပုံမှန်အတိုင်းလှုပ်ရှားနေသည်ဟု ထင်ရသော်လည်း နည်းနည်းချင်စီဖြင့် လမ်းကြောင်းကနေသွေဖယ်နေခဲ့တာဖြစ်သည်။

      နောက်ဆုံးလုံးလုံးလျားလျား ထိန်းချုပ်မှုအောက်မှ လွတ်မြောက်သွားချိန်တွင်တော့ ကမ္ဘာဟာ ပျက်စီးဖို့ အကြောင်းဖန်လာတော့သည်။ သူမက ကမ္ဘာကိုဖျက်ဆီးခဲ့တာမဟုတ်ဘဲ ကမ္ဘာက ပျက်စီးဖို့ဘယ်လောက်မှမဝေးတော့တဲ့အခြေအနေဖြစ်နေခဲ့တာပင်။ အရာအားလုံးဟာ သူမဦးနှောက်အတွင်း လျှင်လျှင်မြန်မြန်ဖြစ်ပျက်နေပြီး အခုမှအကုန်လုံးက အချိတ်အဆက်မိသွားပြီဖြစ်သည်။ Emma နှင့်အဆောင်ခန်းမျှသုံးဖူးသည့် အတွေ့အကြုံအရဆိုရသော် ထိုအရံကမ္ဘာတွင် နိုးထလာသော ဇာတ်လိုက်မဆိုသူမှာ Emma ဖြစ်ပုံမရချေ။ နှစ်ယောက်လုံးမှာ တူညီနေသည့်အချက်ဟူ၍ မျက်နှာနှင့် ပုံပန်းသွင်ပြင်သာ ရှိသည်။ အဆုံးစွန်အထိပြောရသော် စကားပြောသည့်လေယူလေသိမ်းပင် တူမနေခဲ့။

How to Flirt with the final bossTempat cerita menjadi hidup. Temukan sekarang