Unicode
ဆယ်မိုင်မြေသည် လေပြေညင်းများရဲ့တိုက်ခတ်မှုလေးကြောင့် ကြွေကျလာသော မက်မွန်ပန်းပွင့်ဖတ်များနှင့် တန်ဆာဆင်နေသည်။ နှစ်သိန်းချီကကဲ့သို့ပင် မက်မွန်ပင်များသည် ငြိမ်ချမ်းစွာတည်ရှိလျက်ရှိသည်။ မက်မွန်သစ်တောထဲမှနတ်ဘုရားနှစ်ပါးသည်လည်း မက်ပွန်ပွင့်လေးများကဲ့သို့ပင် အေးအေးချမ်းချမ်းနဲ့နေထိုင်နေကြသည်။
"ကျီရန် ငါ့ငါးမြားချိတ်ကလှုပ်လာပြီ။ တွေ့လား။ ဒီနေ့တော့ခင်ဗျားထက် အရင်ငါးမိပြီ။ "
"စိတ်မစောနဲ့ဦး။ ငါးပါလာလာ်းစောင့်ကြည့်ပါဦး"
နတ်ဘုရားပိုင်ကျန်းသည် ငါးမြှားတံကို ပင့်တင်လိုက်သည်။
.သို့သော်ငါးတကောင်မျှပါမလာပေ။"တွေ့လား။ ငါပြောသားဘဲ။ မလောပါနဲ့ဆို"
"ဒီတခါလဲမမိပြန်ဖူးလား"
ငါးမြှားချိတ်ပြန်ချနေသောကျန်းကျန်းကို ကျီရန်ကစကားစလိုက်သည်။ "ကျန်းကျန်း မြောက်ပင်လယ်ဖိတ်တဲ့ မွေးနေ့ပွဲကို သွားမှာလား"
"ရှောင်ရှင်းရဲ့သားမွေးနေ့မလား၊ ငါကဘယ်လိုသွားရမှာလဲ၊ ချင်ချုံနဲ့ကကောင်းမွန်တဲ့ဆက်ဆံရေးမှ မဟုတ်တာ"
"ဒါပေမဲ့ ဖြစ်ပြီးတာတွေက ကြာလှပြီ။ မေ့ထားလိုက်သင့်ပြီ။ ချန်ချန်လဲဒီကိစ္စကို မေ့နေလောက်ပါပြီ"
"ဟုတ်တော့ဟုတ်ပါတယ်။ ကိစ္စတွေက ကြာလှပြီ။ ပြီးတော့ လူကြီးတွေရဲ့ ကိစ္စဘဲ။ ကလေးနဲ့မှမဆိုင်တာ။ ငါသွားဖြစ်လောက်တယ်။ ဒါမှချင်ချုံရဲ့ သဘောထားကြီးကြီးနဲ့ ခွင်လွှတ်တတ်မှုကို ပြရာကျမယ်"
"ချင်းအာကိုခေါ်သွားပါ့လား။ သူလဲမြောက်ပင်လယ်ဘက်ရောက်ဖူးသွားတာပေါ့"
"သူ့ကိုခေါ်ရင်တော့သေချာပေါက်လိုက်မှာ။ ဒါပေမဲ့…" ပိုင်ကျန်းအနည်းငယ်စဉ်းစားနေမိသည်။
"ဒါပေမဲ့ ..ဘာလဲ။ မင်းရဲ့ညီမ(၆)ကို နတ်သားလေးတွေဝိုင်းကြည့်မှာစိုးလုိ့လား။"သဘောကျစွာပြုံးရင်း ကျီရန်ကမေးလိုက်၏။
"ဖီးနစ်အိုကြီး ။ ခင်ဗျားကတန်းသိသားဘဲ။ ဟုတ်တယ်။ ချင်းအာက ညီမငါးထက်တောင် ပိုလှတယ်။ ပြီးတော့ သူကအပြင်သိပ်ထွက်တာမဟုတ်ဖူး။ နတ်သားတွေက သူ့ကိုဝိုင်းသဘောကျနေရင် သူအနေရခက်နေမယ်။ သူမကကလေးဘဲရှိသေးတယ်"
"ကျန်းကျန်း ကျန်းကျန်း…။ မင်းတောင်တော်တော်သဝန်တိုတတ်လာပြီ။ မင်းညီမကို တော်တောစိတ်ပူနေတာဘဲ။ ချင်းအာအသက်က နှစ်သုံးထောင်ဘဲရှိသေးတယ်ဆိုပေမဲ့ သူကရင့်ကျက်တဲ့ကလေးတယောက်ဘဲ။ ပြီးတော့ မက်မွန်းပန်ပွင့်ထဲမှာ နှစ်သုံးသောင်းလောက်နေခဲ့တာဆိုတော့ တကယ်ဆိုရင် သူမအသက်က နှစ်သုံးသောင်းကျော်နေပြီ။ နတ်တန်းခိုးကြီးလွန်းလို့ မြန်မြန်အရွယ်ရောက်လာတယ်ဆိုပေမဲ့ သူမကတကယ်စိတ်ချရတဲ့ကလေးပါ။"
"မင်းပြောတာလဲဟုတ်တော့ဟူတ်ပါတယ်"သက်ပြင်းချရင်းနဲ့ ကျီရန်စကားကိုပြန်ဖြေလိုက်ပြီးနောက် နတ်ဘုရားပိုင်ကျန်းမှာ လေးလေးနက်နက်စဉ်းစားလျက်ရှိနေသေး၏။
ထိုစဉ်တွင် အလွန်ချောမောလှပသော နတ်သမီးတစ်ပါးသည် တိမ်တွေပေါ်မှ ခုန်းဆင်းလာ၏။ ပိုငိကျန်းစိတ်ပူမည်ဆိုလည်းစိတ်ပူစရာပင်။ သူမသည် အသားအရေသည် တ်ိမ်လွှာစများကဲ့သို့ ဖွေးဥ၍ နက်မှောင်လှသော ဆံပင်ရှည်က ပဝါစများနှင့် ရောထွေးနေသည်။ နဖူးပေါ်ကျနေသောဆံစလေးများကို သပ်လိုက်သောအခါ မြေခွေးမျက်လုံးလေးသည် ရွှန်းခနဲဖြစ်သွား၏။ မျက်နှာအချိုးအစားမှာ အပြစ်ဆိုဖွယ်ရာမရှိအောင် ပြည့်စုံလှပသည်။ ဝတ်ဆင်ထားသော.ပန်းနုရောင်ဝတ်စုံသည် ဆယ်မိုင်မြေနှင့် လိုက်ဖက်လှ၍ မက်မွန်ပန်းနတ်သမီးလေးနှင့်ပင်တူနေသည်။
"ကျီရန် ၊ အကိုလေး ငါးမိကြပြီလား" ဆံပင်လေးတွေကို လက်လေးနှင့်ရစ်ရင်းမေးလိုက်၏။။
"တစိကောင်မှ မမိသေးဖူး"
"ဟုတ်လား။ ချင်းအာက လာကတည်းက ငါးကင်လုပ်ဖို့့စဉ်းစားလာတာ။ ဒီလိုအချိန်မှာ ငါးကင်နဲ့ မက်မွန်ဝိုင်လေးနဲ့ဆို တော်တော်လိုက်မှာ"
"ဟူတ်ပါပြီ။ အဲ့တာဆိုလည်း.ငါးရအောင်ဖမ်းပေးပါ့မယ်မင်းသမီးလေးရယ်"ကျီရန်က စလိုက်သည်။
"ညီမလေး၊ သန်ဘက်ခါကျ မြောက်ပင်လယ်က ဖိတ်ထားတဲ့ မွေးနေ့ပွဲကို သွ့ားဖို့ရှိတယ်။ မင်းလိုက်မှာလား"
"မြောက်ပင်လယ်လား။ တခါမှမရောက်ဖူးသေးဖူး။ ညီမလေးလိုက်ခဲ့မယ်လေ"
"ကျီရန် ရှင်ရောလိုက်မှာလား" "ငါလား။ ဖိတ်တော့ထားပေမဲ့ သွားဖို့တော့ စိတ်မကူးထားဘူး။"
"လိုက်ခဲ့ပါကျီရန်။ ရှင်ပါမှဘဲ။ မဟုတ်ရင် အကိုလေးနားမှာ မြောက်ပင်လယ်ကနတ်သမီးလေးတွေ ဝိုင်းဝိုင်းလည်နေတဲ့အချိန် ချင်းအာတယောက်ထဲ ပျင်းနေမှာပေါ့"
"ဒီကောင်မလေး အကို့ကိုနောက်နေပြန်ပြီ"
"ဟီး ဟီး"ရွှင်ပြသောအပြုံလေးတပွင့်ဖြင့် အကိုဖြစ်သူအားတုံ့ပြန်လိုက်သည်။
"ကျီရန် လိုက်ခဲ့နော်""ကောင်းပြီ။ မင်းတို့နဲ့အတူတူ လိုက်ခဲ့ပါ့မယ်"
"ဟိုမှာ လှုပ်နေတယ်။ ငါးမိပြီထင်တယ်။ ငါးကင်လုပ်လို့ရတော့မယ်"
မက်မွန်တောအုပ်သည် ရီသံလေးများဖြင့် ဖုံးအုပ်သွားလေသည်~~~~~~~~~~~~~~~~
ထိုအချိန်ကောင်းကင်နန်းတော်တွင်ကား_
"ဖိုးဖိုးမနက်ဖန်မောင်လေးမွေးနေ့လေ။ ဖိုးဖိုးလာမှာလားဟင်"မျက်လုံးဝိုင်းဝိုင်း၊ ပါးဖောင်းဖောင်းလေးနှင့် ကျစ်ဆံမြီးနှစ်ဖက်ကျစ်ထားသော နတ်သမီးလေးသည် အဖိုးဖြစ်သူအား ပူဆာနေလေ၏။
"ဖိုးဖိုး.လာချင်တာပေါ့။ဒါပေမဲ့…."
"ဒါပေမဲ့ဘာဖြစ်လဲ။ကို့မြေးရဲ့မွေးနေ့ကိုလာတာဘဲ။ ပြီးတော့ ဘိုးဘိုးက ကောင်းကင်မင်းကြီးဘဲ။ ဘယ်သူ့ကိုဂရုစိုက်စရာလိုလို့လဲ။ "ဆူပုတ်ပုတ်လေးနှင့်အဖိုးဖြစ်သူကို ခွန်းတုံ့ပြန်နေ၏။
"ယုံရှင်း၊ ဘိုးဘိုးက ကောင်းကင်မင်းကြီးလေ။တကယ်လို့ မြောက်ပင်လယ်ကို လာခဲ့မယ်ဆိုရင် အခြားသူတွေက ဘိုးဘိုးကို ဘယ်လိုထင်မလဲ။ မပြတ်သားတဲ့မင်းကြီးလို့ ထင်ကုန်မှာပေါ့။မဟုတ်ဖူးလား။"
"ကောင်းပြီ။ ဘ်ုးဘိုးသဘာဘဲ။ ဒါပေမဲ့ နောက်ဘိုးဘိုးဆီလာမလည်တော့ဘူး…😒"
YOU ARE READING
ဆယ်မိုင်မြေမှချစ်ပုံပြင် [Completed]
FanfictionLove story from Ten Miles ပိုင်ချင်းဟာ ချင်ချုံပြည်ရဲ့အငယ်ဆုံးသမီးတော်ဖြစ်ပြီး ဆန်းကြယ်သောမက်မွန်ပန်းမှမွေးဖွားလာသူဖြစ်ပါတယ်။ သူမဟာ မက်မွန်ဆယ်မိုင်မြေမှာဘဲအနေများပြီး ဆယ်မိုင်မြေရဲ့ပိုင်ရှင်နတ်ဘုရားကျီရန်ကို တစ်ဖက်သတ်ချစ်နေမိခဲ့တယ်။ သူမမေ့နေခဲ့တာက...