21

27 4 0
                                    

Unicode

"ကျီရန် ကျီရန်"

"မရှိဖူးလား? အစောကြီးရှိသေးတယ်။ ချင်ချုံကိုသွားပြီထင်တယ်"

နတ်ဘုရားကျီရန်သည် အမှန်တကယ်ပင် မနက်မိုးမလင်းခင်ကထဲက ချင်ချုံကိုထွက်သွားနှင့်ပြီး ဖြစ်သည်။ ထိုသို့နေရာမျိုးတွင်တော့ ဇွဲကောင်းလွန်းနေသည်။

ကျီရန်သည် မြေခွေးဂူထဲသို့ရောက်သော်အခါ ပိုင်ချင်း၏ အရိပ်အယောင်ကိုမတွေ့မိပေ။ မီးကူတစ်ယောက်ကိုသာ တွေ့ရသည်။

"နတ်ဘုရားကျီရန် မင်းသမီးကိုလာရှာတာလား?"

"ဟုတ်တယ်။ သူဘယ်မှာလဲ?"

"မင်းသမီးလေးက မနေ့ကပြန်လာကထဲက မျက်နှာမကောင်းဘူး။ ပြီးတော့ ရေကန်စပ်မှာ တစ်ညလုံးဝိုင်ထိုင်သောက်နေပါတယ်"

"သူဘာပြောသေးလဲ?"

"ပြောတယ်။ သူက……ဆယ်မိုင်မြေကမက်မွန်ဝိုင်ကလွဲရင် ကျန်တဲ့ဝိုင်တွေအကုန်သောက်ပစ်မယ်လို့ပြောနေတာ"

"သူကအဲ့လိုဘဲပြောတယ်လား?"

"ဟုတ်ပါတယ်"

ချင်းအာ~~မင်းက ငါလုပ်တဲ့ဝိုင်ကိုတောင် မသောက်ချင်တော့ဘူးပေါ့~~~
  သူမတော်တော်လေးဝမ်နည်းသွားမှန်း ရိပ်မိလိုက်သည်။
သူမသည် ကန်ပေါင်အစွန်းတွင်ထိုင်ပြီး ဝိုင်တို့ကို မော့လျက်ရှိသည်။ ညဘက်တွင်မည်မျှသောက်ထားမှန်း သူမဘေးတွင်ရှိသော ဝိုင်အိုးများကိုကြည့်လျှင်ပင်သိနိုင်သည်။ သူမသည် ရီဝေနေသောမျက်လုံးများဖြင့် ခြေသံကြားရာသို့ လှည့်ကြည့်လိုက်သည်။ သူမအား နှင်ထုတ်ခဲ့သောသူပင်ဖြစ်သည်။

"နတ်ဘုရားကျီရန် ရောက်လာပြီလား?"
သူသည် သူမ၏နံဘေးတွင် ဝင်ထိုင်လိုက်သည်။

"မင်းက ငါ့ရဲ့လက်ရာကိုတောင် ငြင်းဆန်နေပြီပေါ့"

"ကျွန်မရဲ့ရှင့်ရဲ့ဝိုင်ကို မသောက်ဘူး"

"ဟုတ်လား? ငါကမင်းသောက်ဖို့အတွက် ယူလာသေးတယ်" ကျီရန်သည် လက်တစ်ဖက် ဝိုင်အိုးအနည်းငယ်ကို ဖန်ဆင်းလိုက်သည်။

"မသောက်ဘူး…လောင်ဖုန်းဟွာ...အကျင့်မကောင်းတဲ့ဖီးနစ်ကြီး" သူမ၏လက်ကျန်ဝိုင်ကို မော့၍ပြောလိုက်သည်။

ဆယ်မိုင်မြေမှချစ်ပုံပြင် [Completed]Onde histórias criam vida. Descubra agora