53

33 2 0
                                    

Unicode

"ကျီရန် ရှင်ဘာပြောတာလဲ?"

"ငါ့တို့လက်ထပ်ရအောင် ချင်းအာ"

ပိုင်ချင်းသည် သူ၏ရင်ခွင်ထဲမှရုန်းထွက်လိုက်ပြီး လက်များကိုဖယ်ရှားပစ်လိုက်သည်။ သူမသည် ကျီရန့်ကို လုံးဝနားမလည်နိုင်။ ယခင်ကသူမအားပစ်ပယ်ခဲ့သောသူသည် ယခုကျတော့လည်း လက်ထပ်ရန်တောင်းဆိုနေပြန်ပြီ။ ထိုသို့နားလည်ရခက်သောသူကို သူမကကြည့်လိုက်ပြီး-

"ကျီရန် ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ရှင်ဘာလို့ဒီလိုပြောင်းလဲသွားတာလဲ?"

"ချင်းအာ ငါမိုယွမ်ဆီကနေအကုန်ကြားပြီ။ မင်းရဲ့ပုံစံက ဘာလို့ဒီလိုဖြစ်နေတယ်ဆိုတာ…"

"ကျီရန် ရှင်ကျွန်မကို လက်ထပ်ချင်တဲ့အကြောင်းပြချက်က အဲ့တာဆိုရင် ကျွန်မငြင်းရလိမ့်မယ်"

"ချင်းအာ" ကျီရန်သည် သူမ၏လက်တစ်ဖက်ကိုလှမ်းဆွဲလိုက်သည်။ သို့သော် သူမကလက်မခံဘဲ နောက်သို့ ခြေတစ်လှမ်းဆုတ်သွားသည်။

"ကျီရန်… ရှင်ကျွန်မကို လက်ထပ်ချင်တယ်ဆိုတာ ရှင့်အသက်ကိုကယ်ခဲ့လို့ ကျေးဇူးဆပ်ချင်တဲ့စိတ်တစ်ခုခုသက်သက်နဲ့ဘဲလား။ အရင်တုံးက ကျွန်မ..ရှင့်ကြောင့် နာကျင်ရပြီးပြီ။ ရှင်အတွက် ကျွန်မရဲ့အစွမ်းတွေကိုသုံးခဲ့တယ်ဆိုပေမဲ့ ဒါက ကျွန်မရဲ့ရွေးချယ်မှူဖြစ်လို့ ကျွန်မကိုကျေးဇူးပြန်ဆပ်စရာမလိုဘူး"

"ပြီးတော့ ကျီရန်•••ကျွန်မက နောက်တစ်ခေါက်ရှင့်က်ို ဘယ်လိုများယုံကြည်ရမှာလဲ? တောင်းပန်ပါတယ် ကျွန်မရှင့်ကို လက်မထပ်နိုင်ပါဘူး ကျီရန်နတ်ဘုရား "

သူမသည် ထိုနေရာတွင် ကျီရန်အား ထားခဲ့ပြီး နောက်လှည့်မကြည့်ဘဲ ထွက်လာခဲ့မိသည်။ သူမ၏စိတ်ထဲ၌ အတော်လေးရှုပ်ထွေးနေမိသည်။ သူမအား နှစ်ကြိမ်တိုင်နာကျင်စေခဲ့သောထိုလူအား ယုံကြည်ပေးရန်ဝန်လေးနေမိသည်။ သူမအတွက် သုံးကြိမ်မြောက်ဆိုသည်မှာ ခဲယဉ်းနေလေပြီ••••။

သို့သော် ကျီရန်ဆိုသောဖီးနစ်အိုကြီးမှာ လွယ်လွယ်နှင့်လက်မလျှော့တတ်သူဖြစ်ရာ သူမငြင်းလိုက်သောစကားများလောက်ကိုမမှုပါ။ ပိုင်ချင်းကို ကျိန်းသေပေါက်လက်ထပ်မည်ဟု ဆုံးဖြတ်ထားသောကြောင့် သူ၏ပိုင်ချင်းအားလက်ထပ်နိုင်ရေးအတွက် စတင်ကြိုးစားလေတော့သည်။ ယခင်တစ်ခေါက်ကသူမ၏မေတ္တာကိုငြင်းဆိုခဲ့ပြီး နာကျင်စေခဲ့မိသောကြောင့် မိမိကိုလက်ခံရန်ခက်ခဲနေသည်ဆိုကို နားလည်ပေသည်။ မိမိ၏ခံစားချက်များကိုပွင့်ပွင့်လင်းလင်းပြောကာ သူမ၏စိတ်အစိုင်အခဲကို ပြေပျောက်အောင်ကြိုးစားရပေဦးမည်။ နှစ်သုံးသိန်းနေမှလက်ထပ်ချင်လာသည့်မိမိအတွက် စတင်ကြိုးစားသည့်ကိစ္စက ချင်ချုံဘုရင်နှင့်မိဖုရားအား သွား၍ကမ်းလှမ်းခြင်းဖြစ်သည်။ တွေးတောဆင်ခြင်နိုင်မြင့်မားသည့်အလျောက် အရင်ဦးစွာမိဘများကိုနားချထားခြင်းသည် အလုပ်သင့်ဆုံးကိစ္စဖြစ်သည်ကို သိနေလေ၏။ ထို့ကြောင့်ပင် ပိုင်ချင်းထွက်သွားပြီး နှစ်ပတ်မျှကြာမြင့်သည့်အချိန်တွင်တော့ ကျီရန်တစ်ယောက် ချင်ချုံသို့ လိုက်လာလေသည်။

ဆယ်မိုင်မြေမှချစ်ပုံပြင် [Completed]Donde viven las historias. Descúbrelo ahora