31

22 2 0
                                    

Unicode

ကျီရန်သည် ခွန်းလွန်းတောင်၏ဂ်ိတ်ဝသို့ အလောတကြီးရောက်လာလေသည်။ တစ်စုံတစ်ခုလုပ်ရန် ဆိုင်းပြင်နေသောသူ့အား ခွန်းလွန်းတောင်၏ နံပါတ်၁အကိုကြီးမှ အရိုအသေပေးကာ နှုတ်ဆက်လိုက်သည်။

"ကျီရန်နတ်ဘုရား ဆရာ့ဆီလာတာလား?"

"ဆိုပါတော့"

"ကျွန်တော်ဆရာ့ကို သွားပြော…"

"ရတယ်။ ငါ့ဘာသာဘဲ သွားတွေ့လိုက်မယ်".

ကျီရန်သည် ခွန်းလွန်းတောင်ထိပ်ပိုင်းသို့ အလောတကြီး ထွက်သွားလေသည်။

"ဆရာက တောင်ထိပ်မှာမှမဟုတ်တာ။ အရေးကြီးနေတဲ့ပုံဘဲ"

နံပါတ်၁တပြည့်သည် မိုယွမ်ဆီသွားကာ အကြောင်းစုံပြောပြလေသည်။

"တောင်ထိပ်ကိုတက်သွားတာလား?"

"ဟုတ်ပါတယ် "

ကျီရန်..သူမဝုတ်မှလွဲရော။ မိုယွမ်သည် တစ်ခုခုကို သိနေသည့်အလား တောင်ထိပ်သို့ လိုက်သွားသည်။ ခြေလှမ်းတို့သည် ကျောက်တံတားပေါ်တွင် လျှောက်လှမ်းနေရုံရှိသေးသည်။

"ဂျိန်း..!"
တ်ိတ်ဆိတ်နေသော ခွန်းလွန်းတောင်ကို ကျယ်လောင်လှသော မိုးခြိမ်းသံက ဖုံးလွှမ်းသွားသည်။ မိုယွမ်၏ခြေလှမ်းတို့သည် ရပ်တန့်သွားသည်။
"တစ္​"

မိုးခြိမ်းသံ နောက်တခါ ထပ်မံထွက်ပေါ်လာသည်။
"နှစ်.."

မိုးခြိမ်းသံများသည် တစ်ချက်ပြီးတစ်ချက် အဆက်မပြတ်ထွက်ပေါ်လာပြီး တောင်ရိပ်တွင် နားနေသော ကြိုးကြာတို့ပင်လျှင် လန့်ကာ ထွက်ပြေးပျံသန်းသွားကြသည်။

"သုံး..လေး…ငါး..ခြောက်…ခုနှစ်…ရှစ်..ကိုး..တစ်ဆယ်"

နံပါတ်ရေတွက်ပြီးသည်နှင့် မိုယွမ်သည် လျင်မြန်စွာ တောင်ထိပ်သို့ ရောက်ရှိသွားသည်။ တောင်ထိပ်သို့ ရောက်သည့်အခါ မြင်လိုက်ရသည်က နှုတ်ခမ်းတွင် သွေးစများ ပေကျံကာ ဒူးထောက်လဲကျလျက်ရှိသော ကျီရန်။

"ကျီရန်!!"

မိုယွမ်သည် ညီဖြစ်သူအား ဆွဲထူလိုက်ပြီး-

ဆယ်မိုင်မြေမှချစ်ပုံပြင် [Completed]Where stories live. Discover now