7

49 4 0
                                    

Unicode

"အကိုလေး၊ ကျီရန် ပြန်လာပြီလား။ ချင်းအာကိုတောင်မခေါ်ဖူး”

”မင်းက အိပ်ပျော်နေတာလေ။ သက်ကောသက်သာပြီလား”

”သက်သာပါပြီ။ ဖုန်းကျိုးတို့တောင် ခုနမှ ပြန်သွားတာ။”

ကျီရန်က မိုယွမ်ပြောလိုက်သည့် သူမနှင့် မက်မွန်ပန်းအကြောင်းကို အလုံးစုံပြန်ရှင်းပြသည်။ သို့သော် လက်ထက်ရန် ကိစ္စကိုကား နဲနဲလေးမျှမဟ။ အခုပြောပြလိုက်လျှင်လဲ သူမကသေချာပေါက်ငြင်းဆန်လိမ့်မည်။

”ချင်းအာနားလည်ပါတယ်။ ဒါကချင်ချုံရော ပင်လယ်လေးခုအတွက်ပါ အရေးကြီးတဲ့ကိစ္စဖြစ်လို သေချာပေါက်လုပ်ရလိမ့်မယ်”

”ညီမလေး။ နတ်ဘုရားကျင့်စဉ်က မလွယ်ဖူးနော်။ သေချာစိတ်ရော ကိုယ်ပါအားထုတ်မှရလိမ့်မယ်။”

”ချင်းအာ အကောင်းဆုံး ကြိုးစားမှာပါ ”

”အကိုလေးပြန်တော့မယ်။ ကျီရန် ကျွန်တော့်ညီမလေးကို သေချာသင်ကြားပြသပေးပါ”
နှုတ်ဆက်ပြီးသည်နှင့် ပိုင်ကျန်းသည် ပျောက်ကွယ်သွားသည်။

”ဆရာ့ကို အရိုအသေပေးပါတယ်”
ဂါရဝပြုဖို့ ဟန်ပြင်လိုက်သည်နှင့်…
”မလုပ်ပါနဲ့။ ရပါတယ်။ မင်းရဲ့ဂါရဝပြုတာကိုကြောက်ပါတယ်။ ငါ့က်ု ဆရာလို့လဲမခေါ်ပါနဲ့”

”ချင်းအာက တကယ်လေးလေးစားစားနဲ့ ဂါရဂပြုတာပါ”

”ကျေးဇူးတင်ပါတယ်။ ငါပြောတဲ့အတိုင်းလုပ်ရင်ဘဲ ကျေနပ်ပါတယ်”
ချင်းအာသည် ရီကျဲကျဲဖြင့် မျက်စောင်းထိုး လိုက်မိသည်။

”နတ်ဘုရားကျင့်စဉ်မှာ ကျင့်စဉ်ဆယ်ပါးရှိတယ်။ ကျင့်စဉ်ဆယ်ပါးကို အောင်မြင်ပြီးရင် လျှပ်စီးခုနှစ်ချက်ခံယူရမယ်။ ပြီးရင် ကောင်းကင်ရဲ့စမ်းသပ်မှုကု ဖြတ်ကျော်ရမယ်။
ကောင်းကင်ရဲ့စမ်းသပ်မှုကို ခံယူရမယ်။ မင်းအမတုံးက ကောင်းကင်ရဲ့ စမ်းသပ်မှုကိုဖြတ်ကျော်ပြီးရဲဟွာနဲ့ တွေ့လာတာဘဲ။ တယောက်နဲ့တယောက်က စမ်းသပ်မှုက မတူနိုင်ဘူး”

”ကျီရန် ၊ ရှင်ရော ဘယ်လိုစမ်းသပ်မှုကို ဖြတ်ကျော်ခဲ့ရလား”

ဆယ်မိုင်မြေမှချစ်ပုံပြင် [Completed]Where stories live. Discover now