15

30 2 0
                                    

Unicode

လူသူအရောက်အပေါက်နည်းလှသောတောထဲတွင် လူနှစ်ယောက်သည် ငြိမ်သက်စွာ ရပ်နေကြသည်။

"ချင်းအာ..ဒီနေရာကငါတို့နေဖို့ အသင့်တော်ဆုံးဘဲ..လူလဲအရောက်အပေါက်နည်းတယ်…အေးအေးချမ်းချမ်းလဲရှိတယ်"

"ကောင်းပြီ"

ကျီရန်သည် လက်တစ်ဖက်ဝှေ့ယမ်းလိုက်သည်နှင့် ထိုနေရာတွင် အိမ်လေးတစ်လူံးပေါ်လာသည်။ မက်မွန်ပန်းပင်ပါသော အေးချမ်းလှသည့်ခြံ၀န်းလေးနှင့် ထိုအိမ်လေးမှာ နေချင်စဖွယ်ပင်ဖြစ်သည်။

"ချစ်စရာလေး"

ပိုင်ချင်းသည် ပြောပြောဆိုဆိုနှင့် အိမ်ထဲသို့ ပြေး၀င်သွားသည်။

"လောင်ဖုန်းဟွာ ဒီမှာရော ချင်းအာက ကျင့်စဉ်ကျင့်ရဦးမှာလား?"

"ကျင့်ရမှာပေါ့"

"ချင်းအာက နေကောင်းသေးတာမဟုတ်ဘူး"
သူမသည် လေသံဖျော့ဖျော့လေးဖြင့် ပြောလိုက်ပြီး-

"ကောင်းပြီ။ ဒီလိုလုပ်ရအောင်။ မင်းကျင့်စဉ်ကျင့်တဲ့အတောအတွင်း မင်းစိတ်ထဲစားချင်တာ ငါချက်ကျွေးမယ်"

"တကယ်လား?"

"ငါကတိပေးတယ်"

"ကောင်းပြီ။ အဲ့တာဆို သဘောတူတယ်"
ကျီရန်သည် သာမန်အချိန်များတွင် ထမင်းဟင်းချက်သည်မှာ ရှားပါးလွန်းလှ၍ ယခုအခိုက်အတန့်သည် သူမအတွက်  လက်လွှတ်မခံနိုင်သော အခွင့်အရေးပင်ဖြစ်သည်။

အချိန်များသည် ရပ်တန့်နေခြင်းမရှိဘဲ လျင်မြန်စွာ ကုန်ဆုံးနေပြီး ရက်လနာရီတို့သည် ပြောင်းလဲနေကြသည်။ ကျီရန်နှင့်ပိုင်ချင်းမှာလည်း ထိုတောထဲအိမ်လေးထဲတွင် နေကြသည်မှာ နှစ်တော်တော်ကြာလေပြီ။ သိူ့သော် ဘုံကိုးဘုံ၏အချိန်အပိုင်းအခြားနှင့်ဆိုလျှင်တော့ တစ်နှစ်ပင်မပြည့်သေးပါ။

  သူမသည် မက်မွန်ပင်အောက်တွင် အပင်ကိုမှီလျက်အိပ်နေသောကျီရန်အား ထိုင်၍ကြည့်ေ့နသည်။ ဒီနှစ်များအတောအတွင်းတွင် သူမနှင့်ကျီရန်မှာ အချိန်အတော်ကြာအတူရှိနေကြသည်ဖြစ်၍ ပိုမိုပျော်ရွှင်ရသည်။ တစ်နေကုန်ချစ်ရသောသူနှင့် တစ်မိုးအောက်တွင်အတူရှိနေ၍ အချိန်ကုန်သည်မှာမြန်ဆန်လွန်းလှသည်ဟုထင်သည်။

ဆယ်မိုင်မြေမှချစ်ပုံပြင် [Completed]Where stories live. Discover now