58

33 3 0
                                    

Unicode

" ချင်းအာ...သတို့သားရောသတို့သမီးပါ အပြင်ထွက်အိပ်လို့ မသင့်တော်ဘူးလေ။ အစဥ်အလာအရ ကိုယ်တို့နှစ်ယောက်လုံးက ဒီအိမ် ဒီအခန်းထဲက ဒီအိပ်ရာပေါ်မှာ တစ်မိုးအောက်ထဲ အတူတူအိပ်ရမှာလေ"
ထိုစကားကိုကြားတော့ သူမရှက်သလိုခံစားလိုက်ရပြီး ပါးမို့မို့များနီမြန်းသွားသည်ဟုပင် ကိုယ့်ဘာသာထင်နေမိသည်။ သူမက ကျီရန်ကိုတွန်းထုတ်လိုက်ပြီး ဦးစွာကုတင်ပေါ်သို့တက်လိုက်သည်။ အနီရောင်မင်္ဂလာခန်းဝင်စောင်ကို သူမတစ်ကိုယ်လုံးလုံအောင် လွှမ်းခြုံကာ

"လောင်ဖုန်းဟွာ...ရှင်...မအိပ်တော့ဘူးလား?"

သတို့သားက ပိုင်ချင်း၏ကလေးဆန်စွာချစ်စရာကောင်းမှုကိုကြည့်ပြီး ပြုံးလိုက်ရင်း သူမ၏ဘေးတွင် လှဲလျောင်းလိုက်သည်။ သူတို့၏နှစ်ဦးကြားတွင် တိတ်ဆိတ်မှုအတိလွှမ်းသွား၍ အိမ်ပြင်ဘက်မှခေါင်းလောင်းသံများကိုပင်ကြားရနေ၏။ သို့သော် ထိုခေါင်းလောင်းသံထက်ကျယ်သောမိုးရေစက်သံများက ပေါ်ထွက်လာသည်။
မင်္ဂလာဦးညတွင် မိုးရွာလာလေပြီ...။
မိုးသံနှင့်အတူ ပုံမှန်ထက်ကျယ်လောင်သောမိုးခြိမ်းသံများက အနောက်ကလိုက်လာသည်။ ပိုင်ချင်းအတွက်တော့ တကယ်ရူးချင်စရာပင်။ မိုးခြိမ်းသံတစ်ချက်ကြားလိုက်တိုင်း စောင်စကိုလက်နှစ်ဖက်ဖြင့်တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ပြီး မျက်လုံးကိုသာတွင်တွင်မှိတ်ထား၏။ သို့သော် တစ်စုံတစ်ယောက်ကမူ မိမိဖန်ဆင်းထားသောမိုကြိုးမုန်တိုင်းအတွက် စိတ်ထဲမှကြိတ်၍သဘောကျနေသည်။ နှစ်သုံးသိန်းသက်တမ်းရှိသောနတ်ဘုရားက အကြံကြီးလေ၏။

"ချင်းအာ...မိုးကရွာလာတော့အေးလာသလိုဘဲ။ စောင်အတူတူခြုံရအောင်.."

"ကောင်းပြီ..ရှင်အေးတယ်ဆိုရင် တစ်ယောက်ထဲဘဲခြုံလိုက်ပါ။ ကျွန်မကရပါတယ်"
ပိုင်ချင်းသည် ကိုယ်ပေါ်မှစောင်ကို ကျီရန်ဆီပေးလိုက်သည်။ သို့သော် ဒီလောက်မျှဖြင့် လောင်ဖုန်းဟွာဆီမှရှောင်၍မရနိုင်။

"ချင်းအာ...ပုံမှန်အချိန်မှာတောင် မင်းလက်တွေကအေးနေတတ်တာ။ ခုဆိုပိုအေးနေမယ်။ စောင်ကိုတစ်ဝက်ဆီခြုံကြမယ်"
သူမ,မငြင်းခင်ပင် ကျီရန်ကသူမ၏ကိုယ်ပေါ်သို့ စောင်ကိုလွှမ်းခြုံပေးလိုက်သည်။ သတို့သားနှင့်သတို့သမီး စောင်တစ်ထည်အောက်တွင် အတူတူရှိသွားလေပြီ။
ပိုင်ချင်းသည် ကုတင်၏အစွန်းဘက်သို့ တစ်ဖြည်းဖြည်းတိုးသွားသည်။ သတို့သားသည်လည်း သူမရှိရာသို့ ဖြည်းဖြည်းချင်းကပ်လာသည်။ ထိုအချိန်တွင် မိုးကြိုးပစ်သကဲ့သို့ ကျယ်လောင်သည့်မိုးခြိမ်းသံက ထွက်ပေါ်လာသည်။ ပိုင်ချင်းလည်းလန့်၍ ကျီရန်ကိုဖက်ကာ သူ၏ရင်ခွင်ထဲတွင်မျက်နှာအပ်လိုက်မိသည်။ လက်တစ်ဖက်က သူ၏ရင်ဘတ်ကအင်္ကျီစကို ဆုပ်ကိုင်ထား၏။ စက္ကန့်ပိုင်းမျှကြာသော်အခါ ကို့ဘာသာသတိပြန်ထားမိသောသူမက ကျီရန်ကိုမော့ကြည့်လိုက်သည်။
ကျီရန်က သူမကို ကြောက်ရွံ့နေသောကလေးအား နှစ်သိမ့်ပေးသောအပြုံးမျိုးဖြင့် ပြုံးပြလိုက်သည်။

ဆယ်မိုင်မြေမှချစ်ပုံပြင် [Completed]Donde viven las historias. Descúbrelo ahora