Unicode
လီနိုင်ငံတွင် မင်္ဂလာပွဲ အခမ်းအနားဖြင့် အထူးစည်ကားနေသည်။ ယနေ့သည် မင်းသမီးယွင်နှင့် စစ်သူကြီးလီရှန်းတို့ ၏ လက်ထက်ပွဲနေ့ ဖြစ်သည်။
"မိုးနှင့်မြေကိုကန်တော့ပါ"
သတို့သားနှင့် သတို့သမီးတို့သည် သုံးကြိမ်ဦးခိုက်လိုက်သည်။"သေအတူ"
"ရှင်မကွာ"
"သက်ဆုံးတိုင်"
"ထာဝရ"
"ပေါင်းဖက်သွားကြပါ့မယ်"
"သတို့သာနဲ့သတို့သမီး အပြန်အလှန် ဦးညွှတ်ပါ"
အပြန်အလည် အရိုအသေပေးပြီးသည့်နောက် သူမနှင့် လီရှန်းသည် တရားဝင် ဇနီးမောင်နှံများဖြစ်သွားကြသည်။
ညချမ်းအချိန်အခါတွင် မင်္ဂလာအိပ်ခန်းက တိတ်ဆိတ်နေသည်။ လီရှန်းသည် ပဝါအနီစကိုဖယ်ပြီး သူမ၏မျက်နှာလေးကို ကြည့်လိုက်သည်။ သူမသည် အရင်နေ့တွေထက် ထူးထူးခြားခြား လှပနေပြီး အနီရောင်နှင့် လိုက်ဖက်လွန်းလှသည်။
"လီရှန်း…ကျွန်မရှင့်ကို မေးစရာရှိတယ်""ဘာလဲ"
"ကျွန်မကိုချစ်လား"
"ယွင် ငါတို့ဇနီးမောင်နှံဖြစ်သွားကြပြီ။ ချစ်တယ်ဆိုတဲ့စကားဟာ မေးဖို့တောင်မလိုအပ်ဘူး"
"မရဘူး။ ဖြေ!"
"ကောင်းပြီ။ ငါ မင်းကို ချစ်တယ်"
"ကျွန်မသေချာမှတ်ထားတယ်နော်"
"မင်းမှတိထားစရာတောင်မလိုပါဘူး။ မင်းမှတ်မိနေအောင် ကိုက တစ်နေ့တစ်ခါပြောမှာ"
"ရှင့်ကို စစ်တိုက်တတ်တယ်ဘဲမှတ်နေတာ။ ဒီိလိုမျိူးတွေလဲ ပြောတတ်သေးသား"
"ကို့ရဲ့လှပတဲ့စကားလုံးတွေက မင်းတစ်ယောက်ထဲအတွက်လဲပြောပြမှာ"
"လီရှန်း ၊ ရှင်ကတော့တကယ်ဘဲ"
သူသည် သူမ၏ ခန္ဓာကိုယ်သေးသေးလေးအား ဆွဲဖက်လိုက်သည်။
"မင်းကို့ကို ဘယ်ချိန်ထဲက စချစ်တာလဲ?"
"စတွေ့ကထဲက"
"အဲ့တာဆို ငယ်ငယ်လေးကထဲပေါ့"
"မဟုတ်ဘူး။ အဲ့ထက်တောင်စောသေးတယ်"
YOU ARE READING
ဆယ်မိုင်မြေမှချစ်ပုံပြင် [Completed]
FanfictionLove story from Ten Miles ပိုင်ချင်းဟာ ချင်ချုံပြည်ရဲ့အငယ်ဆုံးသမီးတော်ဖြစ်ပြီး ဆန်းကြယ်သောမက်မွန်ပန်းမှမွေးဖွားလာသူဖြစ်ပါတယ်။ သူမဟာ မက်မွန်ဆယ်မိုင်မြေမှာဘဲအနေများပြီး ဆယ်မိုင်မြေရဲ့ပိုင်ရှင်နတ်ဘုရားကျီရန်ကို တစ်ဖက်သတ်ချစ်နေမိခဲ့တယ်။ သူမမေ့နေခဲ့တာက...