23

30 3 0
                                    

Unicode

ကျီရန်သည် လက်တစ်ဖက်ဝှေ့ယမ်းပြီး ဖူရှီစောင်းအား ရေကန်ထဲမှ ထုတ်ယူလိုက်သည်။

"ငါဒီစောင်းကိုပြင်ဖို့ တော်တော်လေးလုပ်လိုက်ရတယ်။ငါတီးပြမယ်"

သူ၏လက်များသည် ကျွမ်းကျင်စွာဖြင့် စောင်းကြိုးများပေါ်တွင် ငြင်သာစွာ ရွေ့လျားနေပြီး တီးခတ်နေသည်။ ထိုအချိန်တွင် ပိုင်ချင်းသည် မက်မွန်ပင်များအလယ်သို့ ဝဲပျံသွားသည်။ သူမသည် ကျီရန်၏ ဂီတသံစဉ်များကိုလိုက်၍ လှပစွာ ကခုန်နေသည်။  ပဝါစများနှင့် မက်မွန်ပွင့်များသည် ရောယှက်ပြီး မက်မွန်ပန်းလေးတစ်ပွင့်လေထဲတွင် ကြွေဆင်းနေသကဲ့သို့ လှပလွန်းသည်။ ကျီရန်သည် သူမအား တစ်ချက်လှမ်းကြည့်လိုက်သည်။ သူမ၏ကကွက်များကို မမှိတ်မသုန်ကြည့်နေသည်။ သူမ၏လှပကျော့ရှင်းမှု ကမ္ဘာသုံးခုတိုင်အောင် မမေ့နိုင်လောက်အောင် မျက်လုံးထဲစွဲနေသည်။

"ကျီရန် ကျွန်မကတာလှလား?"

"လှတယ်"

"ကျွန်မကဘယ်သူကို့မှကပြတာမဟုတ်ဘူး။ ကျွန်မတာကတာ ရှင်တစ်ယောက်ထဲဘဲ မြင်ဖူးတာ"

"ဟုတ်လား? အဲ့တာဆိုရင်တော့ ငါကတော်တော်ကံကောင်းတဲ့နတ်ဘုရားဘဲ"

"ဟီးဟီး…"

"ဘယ်လိုနေလဲ။ ငါ့ရဲ့စောင်းသံကရော"

"ချင်းအာနားထောင်ဖူးသမျှထဲမှာအကောင်းဆုံး"

"ငါ့ကိုမြှောက်နေပြန်ပြီ"

သူမသည် စားပွဲပေါ်တွင် တင်ထားသောမက်မွန်ဝိုင်းပုလင်းကိုယူပြီး မော့သောက်လိုက်သည်။

"ကျီရန် ရှင့်မွေးနေ့ကနီးနေပြီ"

"ဟုတ်တယ်"

"ဒီနှစ်ကော ကျွန်မဘာပေးရင်ကောင်းမလဲ?"

"မင်းမစဉ်းစားရသေးဖူးလား?"

"မစဉ်းစားရသေးဖူး။ ဒါပေမဲ့စိတ်ချပါ။ ကျွန်မပေးဖြစ်အောင်ပေးမှာပါ"

"ငါတစ်နေရာကိုသွားစရာရှိတယ်။ မင်းရောလိုက်ခဲ့ပါ"

"ဘယ်သွားမှာလဲ?"

"နတ်သူငယ်တွေနေတဲ့ရွာလေးတစ်ရွာကို။ ကျန်းကျန်းလဲရောက်ဖူးတယ်"

ဆယ်မိုင်မြေမှချစ်ပုံပြင် [Completed]Où les histoires vivent. Découvrez maintenant