Unicode
"ချင်းအာ ဆယ်မိုင်မြေကို ပြန်ရအောင်"
"ပြန်တော့မှာလား?"
"ပြန်ရအောင်လေ။ မင်းရဲ့အကိုလေးက ကလေးတွေနဲ့အသက်တောင် တော်တော်ကြီးနေပြီ။ ဘယ်သူမှမနှောင့်ယှက်တော့လောက်ပါဘူးလေ။"
"ဟုတ်လောက်တယ်။ အကိုလေးနဲ့ယဲ့ရှင်းက ရေစက်ပါတဲ့ပုံဘဲ။ ကံကြမ္မာမှတ်တမ်းထဲကအတိုင်းမဖြစ်တာတောင် သူတို့က ပေါင်းဖက်ရသေးတာဘဲ"
"ဖြစ်နိုင်ပါတယ်။ ဒါနဲ့ ပီဖန်းက ငါ့ဆီကို စာပို့ထားတယ်။ ချန်ချန်နဲ့ဖုန်းကျိုးက ချင်ချုံမှာရောက်နေတယ်တဲ့။ ရဲဟွာနဲ့သီကျွင်းလဲ ပါတယ်တဲ့"
"ဟုတ်လား? ဒါဆို ချင်ချုံကို သွားရအောင်"
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ချင်ချုံ၏မြေခွေးဂူထဲတွင် သီကျွင်းနှင့်ရဲဟွာမှာ ရေနွေးကြမ်းသောက်ရင်းဖြင့် စကားစမြည်ပြောနေကြသည်။ ပိုင်ချန်သည် မရောက်တာကြာပြီဖြစ်သော ချင်ချုံတွင် ခေတ္တမျှအနားယူနေလေသည်။ ကောင်းကင်နန်းတော်တွင် အိမ်ရှေ့စံမိဖုရားဖြစ်သည့်အလျောက် အနီးအနားတွင် ဂါရဝြပုသူများ၊ စည်းမျည်းစည်းကမ်းများဖြင့် ရှုပ်ယှက်ခက်နေ၍ စိတ်ကျဉ်းကျပ်ရသည်။ ချင်ချုံတွင်တော့ သူမ၏နဂိုလွပ်လွပ်လပ်လပ်ပုံစံဖြင့် နေနိုင်လေသည်။ အနားယူနေသောသူမ၏အနားသို့ ဖုန်းကျိူးရောက်လာပြီး-"ကူးကူး။ ဖုန်းကျိူးမေးစရာရှိလို့။ ရှီဟွမ့်ထဲကို ဘာတွေထည့်ရသေးလဲ"
"ရှီဟွမ့်? ရှီဟွမ့်က လူကိုမိန်းမောပြီး အမှန်အတိုင်းပြောစေတဲ့ဆေးမလား? ချင်ချုံကိုလာပြီး.ရှီဟွမ့်က ဘာလုပ်ဖို့တုံး?"
"သီကျွင်းကိုတိုက်ဖို့။ သူရဲ့လစဉ်စာမေးပွဲအတွက် ဘာမှမပြင်ဆင်ရသေးဘူး။ ရှီဟွမ့့်လေးနည်းနည်းတိုက်ပြီး စာမေးပွဲမှာ ဘာတွေပါမှာလဲ မေးမလို့"
ပိုင်ချန်သည် သီကျွင်းအားတစ်ချက်လှမ်းကြည့်ပြီး ပြုံးလိုက်မိသည်။
"ရှီဟွမ့်မှာ ပင်လယ်ဆားရယ်၊ အဝါရောင်နတ်ဇီးပန်းရယ်၊ နှင်းစက်ရယ်ထည့်ရတယ်"
"ကျွန်မအဝါရောင်နတ်ဇီးပန်းထည့်ဖ်ု့မေ့နေတာ"
"နှစ်ပွင့်ဘဲထည့်ရမှာနော်။ ပိုထည့်မိရင် စကားတွေအများကြီးပြောလိမ့်မယ်"
VOUS LISEZ
ဆယ်မိုင်မြေမှချစ်ပုံပြင် [Completed]
FanfictionLove story from Ten Miles ပိုင်ချင်းဟာ ချင်ချုံပြည်ရဲ့အငယ်ဆုံးသမီးတော်ဖြစ်ပြီး ဆန်းကြယ်သောမက်မွန်ပန်းမှမွေးဖွားလာသူဖြစ်ပါတယ်။ သူမဟာ မက်မွန်ဆယ်မိုင်မြေမှာဘဲအနေများပြီး ဆယ်မိုင်မြေရဲ့ပိုင်ရှင်နတ်ဘုရားကျီရန်ကို တစ်ဖက်သတ်ချစ်နေမိခဲ့တယ်။ သူမမေ့နေခဲ့တာက...