40

43 2 0
                                    

Unicode

တစ်ခုသောညနေခင်းတွင် ကျီရန်သည် မိုယွမ်နေထိုင်ရာ ခွန်းလွန်းတောင်ဆီသို့ ထွက်လာခဲ့လေသည်။ ခွန်းလွန်းတောင်ထိပ်တွင် လေပြေနုနုလေးကဖြတ်ကနဲတ်ိုက်လိုက်၍ အင်္ကျီလက်စတို့က လှုပ်ခတ်သွားသည်။ မိုယွမ်သည် ခန်းမဆောင်ထဲတွင်ထိုင်ကာ အေးအေးလူလူဖြင့် ပေလွှာချပ်များကို ဖတ်နေသည်။ ကျီရန်ရောက်လာသည်ကို တွေ့သော်အခါ ဖတ်လက်စများကို ချထားလိုက်သည်။

"နောက်ဆုံးတော့ မက်မွန်တောအုပ်ထဲက ထွက်လာပြီဘဲ"

"လပြည့်ညတစ်ညတုံးကတောင် လာခဲ့သေးတယ်"

"လွန်ခဲ့တဲ့နှစ်တစ်ရာလောက်က လပြည့်ညကလား? မမှတ်မိတော့ဘူး"

ကျီရန်သည် သဘောကျ၍ပြုံးလိုက်ပြီး-
"မိုယွမ် ငါကအသက်ကြီးပြီဆိုပေမဲ့ အဲ့လောက်တော့မှတ်မိပါသေးတယ်။ နှစ်တစ်ရာမကြာသေးပါဘူး"

"ဒီတစ်ခါရော ဘာက်ိစ္စရှိလို့လဲ? "

"မင်းကခန့်မှန်းထားတာဘဲ။ ကျန်းကျန်းက သူ့ရဲ့မင်္ဂလာပွဲက်ို မင်းကိုဖိတ်ခိုင်းလိုက်တယ်။ ငါကဖိတ်စာလာပို့တာ။ ပြီးတော့ ငါတို့အတူတူမသောက်တာကြာပြီ။ မက်မွန်ဝိုင်နည်းနည်းလည်း ယူလာတယ်"

လက်ဝှေ့ယမ်းလိုက်ပြီး မိုယွမ်အရှေ့ရှိစားပွဲပေါ်တွင် မက်မွန်ဝိုင်အိုး ပေါ်လာသည်။

"မင်းမငြင်းဘူးမလား? မိုယွမ်နတ်ဘုရား"

"ငါကဘယ်လိုလုပ်ငြင်းရက်မှာလဲ? နှစ်တစ်ရာမှတစ်ခါပေါ်လာတတ်တဲ့ငါ့ရဲ့ညီလေးရဲ့ ကမ်းလှမ်းမှုဘဲ"
ပြောပြောဆိုဆိုနှင့် ဝိုင်အိုးအားဖွင့်ကာ ခွက်ထဲသို့ထည့်၍ သောက်လိုက်သည်။ ကျီရန်ကတော့ ခွက်နှင့်မဟုတ်ဘဲ ဝိုင်အိုးကိုမော့၍သောက်လိုက်သည်။ အတန်ငယ်မျှ စကားမပြောဘဲနေကြ၍ တိတ်ဆိတ်သွားသည်။ ထိုတိတ်ဆိတ်မှုက်ို ကျီရန်ကစ၍ ဖြိုခွင်းလိုက်သည်။

"မေ့နိုင်ပြီလို့ထင်ပေမဲ့ ဒီနှစ်တွေမှာ ပိုပြီးသတိရမိတယ်"

သနားသောအကြည့်တစ်ခုဖြင့် မိုယွမ်ကလှမ်းကြည့်လိုက်သည်။

"ပိုင်ကျန်းက ဘယ်ချိန်လက်ထပ်မှာလဲ?"

ဆယ်မိုင်မြေမှချစ်ပုံပြင် [Completed]Where stories live. Discover now