26

26 4 0
                                    

Unicode

"ဒါကနောက်ဆုံးကျင့်စဉ်!"

"အိပ်မက်ကျင့်စဉ်လို့ခေါ်တယ်။ မင်းအိပ်မက်မက်လိမ့်မယ်။ မင်းစိတ်ရဲ့အနက်ဆုံးမှာရှိတဲ့အရာတစ်ခုကို အိပ်မက်မက်လိမ့်မယ်"

"စိတ်ရဲ့အနက်ဆုံးမှာရှိတာ။ ဘယ်လိုမျိုးလဲ?"

"မင်းရဲ့စိတ်ပေါ်မှာမူတည်တယ်။ စိတ်ထဲမှာ အကြာကြီးစွဲထင်နေတဲ့အရာ…မင်းသိတဲ့အကြောင်းအရာလည်း ဖြစ်နိုင်တယ်။ မသိတဲ့အကြောင်းအရာလည်း ဖြစ်နိုင်တယ်"

"အဲ့လိုလား?"

"အင်း။ မင်းအဆင်သင့်ဖြစ်ပြီလား?"

"အင်း"

"မင်းမှတ်ထားပါ။ မင်းကိုယ်တိုင်အဲ့ထဲကို ရောက်သွားသလို ခံစားရလိမ့်မယ်။ ဒါပေမဲ့ သေချာမှတ်ထား။ အဲ့ထဲကသေချာပေါက်ရုန်းထွက်နိုင်ရမယ်။ နောက်ဆုံးကျင့်စဉ်ဖြစ်လို့ လွယ်ကူမှာမဟုတ်ဘူး"

"ချင်းအာသဘောပေါက်ပါပြီ"

သူမသည် နောက်ဆုံးကျင့်စဉ်ကို စတင့်ကျင့်လေသည်။ ကျီရန်သည် သူမအားဘေးနားမှထိုင်ကာ စောင့်ကြည့်နေသည်။ အချိန်ကာလတစ်ခုသည် နှစ်ယောက်အတူတူရှိသည်များကို ပြန်စဉ်းစားကြည့်နေမိသည်။ ကျင့်စဉ်စကထဲနေ နောက်ဆုံးရောက်သည်အထိ အချိန်အတော်ကြာသွားပြီ။ ယခုကျင့်စဉ်ပြီး၍ မိုးကြိုးဒဏ်ခံယူပြီးလျှင် သူမကိုသည် လက်ထက်ရပေတော့မည်။ ထိုသို့ဆိုလျှင် ပိုင်ချင်းသည် သူ၏ဘေးနားတွင် ဆက်၍မရှိနိုင်တော့။ ထိုအကြောင်းကို စဉ်းစားမိလျှင် သူ၏စိတ်ထဲ၌ လေးလံလာသည်။ မခွဲခွချင်သလိုလို…၊ ထိုမိန်းကလေးသူ၏ဘေးနားမှာ မရှိတော့မည်ကို စိုးရိမ်သလိုလို...။ ကျီရန်သည် သူ၏ မသင့်တော်သောအတွေးစများကို ဖျက်စီးပစ်လိုက်သည်။ သူလုပ်ရမည်မှာ သူမမိုးကြိုးဒဏ်ခံယူလျှင် ကြံ့ကြံ့ခိုင်နိုင်အောင် လုပ်ပေးရန်သာဖြစ်သည်။ ထိုစဉ် ကလေးငယ်တစ်ယောက်သည် ခြံဝန်းထဲသို့ ပြေးဝင်လာသည်။

"နတ်သမီးမမ နတ်သမီးမမ!"

"ကလေး..မင်းကချင်းအာဆီလာတာလား?"

"ဟုတ်"

ကလေးငယ်သည် ချင်းအာအား လှမ်းကြည့်လိုက်ပြီး-

ဆယ်မိုင်မြေမှချစ်ပုံပြင် [Completed]Wo Geschichten leben. Entdecke jetzt