Unicode
ယဲ့ရှင်းသည် ကောင်းကင်နန်းတော်သို့ရောက်သည်နှင့် နေရာအနှံလျှောက်သွားနေလေသည်။ ရောက်ဖူးသည့်နေရာများဖြစ်သော်လည်း နတ်ဘုရားပိုင်ကျန်းအား နှိပ်စက်ရန် လျှောက်သွားနေခြင်းဖြစ်သည်။ နောက်ကလိုက်နေရသူအဖို့မှာတော့ မောလှပြီ..။
"မင်းဘယ်တွေသွားဦးမှာလဲ?"
"ဒီလိုပါဘဲ…အပျင်းပြေလမ်းလျှောက်နေတာပေါ့"
ပိုင်ကျန်းမှာ ဘာမှပြန်မပြောနိုင်ဘဲ အနောက်မှသာ လိုက်မြဲလိုက်နေရသည်။
သူမသည် နတ်များမသွားရန် တားမြစ်ထားသည့် ရှုကျန်တွင်းပေါက်နားသို့ရောက်သွားသည်။ တွင်းဝမှနေ၍ အထဲသို့ ငုံ့ကြည့်နေစဉ်.လက်တစ်စုံသည် သူမ၏ခါးသေးသေးလေးကို လှမ်းဆွဲလိုက်သည်။
"မင်းဘာလုပ်နေတာလဲ?" တစ်ခါမျှမတွေ့ဖူးသော ပိုင်ကျန်း၏ မျက်နှာအမူအရာကိုတွေ့ရ၍ အံသြသွားသည်။"နတ်ဘုရားမပိုင်ချန်က ဒီထဲကို ခုန်ချဖူးတယ်လို့ ရှင်ပြောလို့ ကျွန်မကဒီတိုင်းကြည့်ကြည့်တာ"
"ဒါကို ကစားစရာများမှတ်နေလား?"
သူမသည် သူမ၏ခါးအား ဖက်ထားသည်ကို သတိရသွားကာ လက်က်ုဖယ်လိုက်ပြီး နောက်သို့ဆုတ်လိုက်သည်။ ထိုအခါမှ ပိုင်ကျန်းလဲ သူ၏အပြုအမူအား သတိထားမိသည်။ ရုတ်တရက် ထိုမိန်းကလေးတစ်ခုခုဖြစ်သွားမှာ စိုးရိမ်နေသည်ကို ကို့ဘာသာအံ့သြနေသည်။
"ကျွန်မက ဒီတိုငိးကြည့်လိုက်တာပါ...ကျွန်မချင်းအာနဲ့တွေ့ချင်ပြီ..သွားရအောင်"
ချင်းအာသည် ပိုင်ချန်နဲ့ဖုန်းကျိုးအား ယဲ့ရှင်းနဲ့မိတ်ဆက်ပေးရန်စောင့်နေသည်။
"ဟိုမှာ..ယဲ့ရှင်းကသူဘဲ…ယဲ့ရှင်း!"
သူမ၏ခေါ်သံကြောင့် ယဲ့ရှင်းနှင့်ပိုင်ကျန်းမှာ ထိုနေရာသို့ရောက်လာသည်။
"ယဲ့ရှင်း..ဒါကငါ့မမ နတ်ဘုရားမပိုင်ချန်..ဒါက ချင်ချုံရဲ့မြေးတော်ပိုင်ဖုန်းကျိုး..""တွေ့ရတာ၀မ်းသာပါတယ်..ကျွန်မက မြောက်ပင်လယ်ဘုရင်ရဲ့သမီးတော် ယဲ့ရှင်းပါ"
"မင်းက ရှောင်ရှင်းရဲ့သမီးလား?"
"ဟုတ်ပါတယ်"
YOU ARE READING
ဆယ်မိုင်မြေမှချစ်ပုံပြင် [Completed]
FanfictionLove story from Ten Miles ပိုင်ချင်းဟာ ချင်ချုံပြည်ရဲ့အငယ်ဆုံးသမီးတော်ဖြစ်ပြီး ဆန်းကြယ်သောမက်မွန်ပန်းမှမွေးဖွားလာသူဖြစ်ပါတယ်။ သူမဟာ မက်မွန်ဆယ်မိုင်မြေမှာဘဲအနေများပြီး ဆယ်မိုင်မြေရဲ့ပိုင်ရှင်နတ်ဘုရားကျီရန်ကို တစ်ဖက်သတ်ချစ်နေမိခဲ့တယ်။ သူမမေ့နေခဲ့တာက...