Unicode
ယဲ့ရှင်းသည် ကျန်းရှောင်အား တွေ့ရန်အပြင်သို့ ထွက်လာလေ၏။ အပြင်ဘက်တွင်တော့ ဝတ်ရုံအနက်ကိုဝတ်ဆင်ထားသော မျက်နှာကိုအမှောင်ကွယ်နေသောလူတစ်ယောက်ရပ်နေသည်။
"ကျန်းရှောင်.."
သူမကနာမည်ခေါ်လိုက်သော်အခါ ထိုသူက သူမရှိရာဘက်သို့ မျက်နှာလှည့်လာသည်။ အမှောင်ရိပ်ထဲတွင်ဖြစ်သော်လည်း မျက်နှာကိုတော့ ပတ်ဝန်းကျင်အလင်းရောင်ဖြင့် မြင်ရသည်။ ထိုသူက ခပ်စိုက်စိုက်ဆောင်းထားသော၀တ်ရုံမှခေါင်းဆောင်းအား ဖယ်လိုက်သည်။ သူ၏မျက်နှာကိုတွေ့လိုက်ရသော်အခါ ယဲ့ရှင်း၏မျက်နှာက လွန်စွာအံ့သြမှင်သင်သွား၏။
"ကျန်း…ကျန်းရှောင်…ရှင်တကယ်ဘဲ ကျန်းရှောင်လား?""ဟုတ်တယ်။ ငါကျန်းရှောင်ဘဲ"
သူ၏မျက်နှာတစ်ခြမ်းက မီးလောင်ဒဏ်ရာများဖြင့် စုတ်ပြတ်သတ်နေသည်။ ဟိုးအရင်က ချောမောသောသူ၏မျက်နှာသည် ယခုတော့အိမ်ရှေ့စံတစ်ယောက်၏သွင်ပြင်ပင် ကွယ်ပျောက်နေလေပြီ။"ယဲ့ရှင်း…"
"ကျန်းရှောင်.."ဘာမှမပြောနိုင်လောက်အောင် အံ့အားသင့်နေမိသည်။
"ယဲ့ရှင်း…ငါမင်းကိုတွေ့ဖို့တော်တော်လေးကြိုးစားခဲ့ရတာ"
"ကျန်းရှောင် ရှင်တကယ်မသေသေးဖူးပေါ့"
"ဟုတ်တယ်။ ငါမသေသေးဘူး။ ငါမသေသေးဘဲ အသက်ရှင်ဖို့အတွက် ဆုပ်ကိုင်ထားခဲ့တဲ့တစ်ခုထဲသောမျှော်လင့်ချက်ကမင်းဘဲယဲ့ရှင်း.."
"လွန်ခဲ့တဲ့နှစ်သုံးရာ တိုက်ပွဲဖြစ်ပြီးတော့ ငါ့ရဲ့စစ်တပ်ပျက်စီးသွားတယ်။ အားကျစ်လဲမီးလောင်ပြီးသေသွားခဲ့ရပြီး ငါ့ရဲ့ပုံစံလဲဒီလိုဖြစ်သွားရတယ်။ အဆိုးဆုံးကတော့ မင်းနဲ့လက်ထပ်နိုင်မဲ့အစီအစဉ်ပျက်သွားခဲ့ရတယ်"
"ကျန်းရှောင် ကျွန်မကြားနေရတဲ့ကောလဟာသတွေကအမှန်ဘဲလား? လူတေသတ်နေတယ်ဆိုတာ"
"အဲ့ဒါကအမှန်ဘဲ။ ငါတို့နီးစပ်ဖို့အတွက်လေ။ ငါ့ရဲစွမ်းအားတစ်ဝက်ကဆုံးရှုံးသွားပြီ။ ကျီရန်ကို ရင်ဆိုင်နိုင်ဖို့ဆိုရင် စွမ်းအားတွေအများကြီးစုဆောင်းမိဖို့လိုတယ်"
YOU ARE READING
ဆယ်မိုင်မြေမှချစ်ပုံပြင် [Completed]
FanfictionLove story from Ten Miles ပိုင်ချင်းဟာ ချင်ချုံပြည်ရဲ့အငယ်ဆုံးသမီးတော်ဖြစ်ပြီး ဆန်းကြယ်သောမက်မွန်ပန်းမှမွေးဖွားလာသူဖြစ်ပါတယ်။ သူမဟာ မက်မွန်ဆယ်မိုင်မြေမှာဘဲအနေများပြီး ဆယ်မိုင်မြေရဲ့ပိုင်ရှင်နတ်ဘုရားကျီရန်ကို တစ်ဖက်သတ်ချစ်နေမိခဲ့တယ်။ သူမမေ့နေခဲ့တာက...